ပါဝင်ပစ္စည်းများ
- ဆန်မှုန့်ပန်းကန်လုံးတစ်လုံး ၁ လုံး
- နှမ်းစေ့လှော် ထမင်းစားဇွန်း ၄ ဇွန်း
- ငါးနီတူခြောက်မှုန့် ထမင်းစားဇွန်း ၄ ဇွန်း
- ခြစ်ထားသော အုန်းသီး ထမင်းစားဇွန်း ၄ ဇွန်း
- သောက်ရေ ဖန်ခွက် ၃/၄ ခွက်
- အိုင်အိုဒင်းဆား လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ချက်ပြုတ်ခြင်း/ပြင်ဆင်ခြင်းအဆင့်များ
အဆင့် (၁) ဆန်မှုန့်၊ ရေနှင့် ဆားတို့ကို ရောမွှေ၍ မုန့်နှစ်သား ဖြစ်အောင်နယ်ပါ။
အဆင့် (၂) မုန့်နှစ်သားရပြီဆိုပါက သေးငယ်သော (၃ မီလီမီတာအချင်း) နှင့် အရှည် ၁ လက်မအရွယ် အပိုင်းအစလေးများပြုလုပ်ရန် လက်ဖဝါးနှစ်ဖက်ကို လှိမ့်ပါ။
အဆင့် (၃) ပေါင်းအိုးထဲထည့်ကာ မုန့်အပိုင်းအစလေးများ အားလုံးကို ကျက်အောင်ပေါင်းပါ။ (ခန့်မှန်းချိန် ၁၀ - ၁၅ မိနစ်ခန့်ကြာအောင် ပေါင်းပါ။)
အဆင့် (၄) နှမ်းစေ့ကို ထောင်းပြီး ငါးနီတူခြောက်မှုန့်နှင့် ရောမွှေပါ။
အဆင့် (၅) ခြစ်ထားသောအုန်းသီးဖြင့် အပေါ်မှဖြူး၍ သုံးဆောင်နိုင်ပါပြီ။ ချက်ချက်စားသုံးပါက ပိုမိုကောင်းမွန်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️
❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော်
✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more
WorldFish