မြန်မာ့ရိုးရာ ထမင်းမြိန်စရာ ငါးပိနှင့်တို့စရာ

13/02/2019 17:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

နိုင်ငံတိုင်း ဒေသတိုင်းတွင် ဒေသထွက်ကုန် တစ်မျိုးစီရှိကြသည်။ ထိုပစ္စည်းများကို ဒေသထွက်ကုန်ကြမ်းကိုသာ အသုံးပြုကြပြီး ကျေးရွာများတွင်သာ အများဆုံး အသုံးပြုလေ့ရှိကြသည်။

များသောအားဖြင့် ကျေးလက်ဒေသတစ်ခုတွင် နေထိုင်သူများ၏ စိတ်ကူးဉာဏ်ရှိသလောက်သာ ထုတ်လုပ်ကြပြီး ဒေသအလိုက် ထုတ်ကုန်တိုင်းတွင် ထိုဒေသ၏ လူနေမှုဘဝကို ထင်ဟပ်စေမယ့် ပုံသဏ္ဍာန် မျိုးစုံပုံဖော်ထားကြသည်။ အကြောင်းအမျိုးမျိုးကြောင့် ပြည်တွင်း ပြည်ပ စျေးကွက်တွင် ကျယ်ကျယ်ပြန့်ပြန့် ရောင်းချနိုင်ရန် အချို့ထုတ်ကုန်များတွင် နည်းပညာပံ့ပိုးမှုများ လိုအပ်လျက် ရှိနေသေးသည်။

မြန်မာ့ထမင်းဝိုင်းများတွင် မပါမဖြစ် ထမင်းမြိန်စရာမှာ ငါးပိရည် (သို့မဟုတ်) ငါးပိထောင်းနှင့် တို့စရာအစုံဖြစ် သည်။

မြန်မာစကားပုံတွင် "ခင်ရာဆွေမျိုး၊ မြိန်ရာဟင်းကောင်း" ဆိုရိုးရှိသည်။ ငါးပိနှင့်တို့စရာနှင့် ထမင်မြိန်မြိန်စားကောင်းလျှင် ဟင်းကောင်းတစ်ခွက်ပင်ဖြစ်သည်။

ဖျာပုံမြို့နယ် နောက်မီးကျေးရွာတွင် ငါးပိလုပ်ငန်းကို အဓိက အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်ကြသည်။ ငါးပိပြုလုပ်ပုံအဆင့်ဆင့်ကို နောက်မီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးရင်စိန်က "မျှင်ကောင် (ရခိုင်ဒေသ အခေါ်အဝေါ်မှာ ကွေးမျှဉ်) လေးများကို သင့်တင့်သည့် ဆားဖြင့်နယ်၍ လက်ဆုံနှင့်ထောင်ရပြီး ပီနံအိတ်သန့်သန့်ဖြင့် တစ်ည (သို့မဟုတ်) နှစ်ည သိပ်ရပါတယ်။ နှစ်ညလောက် သိပ်ပြီးရင် သန့်ပြန့်သည့်အခင်းဖြင့် တစ်နေ့နေလှန်းရပါတယ်။ နေလှန်းပြီး လက်ဆုံနှင့်ပြန်ထောင်းရပါတယ်။ ဒါကို ဆုံပြန်တယ်လို့ ခေါ်ပါတယ်။ ပြီးမှ သုံးရက် (သို့မဟုတ်) လေးရက်ကို ပီနံအိတ် သန့်သန့်နဲ့ ပြန်နှပ်ရပါတယ်။ နှပ်တဲ့အချိန်မှ စီးကျလာတဲ့အရည်က ငံပြာရည်ချိုချိုမွှေးမွှေးကို ရရှိပါတယ်။ သုံးရက် (သို့မဟုတ်) လေးရက်ကြာတဲ့အခါ အခင်းသန့်သန့်နဲ့ ထပ်မံ နေလှန်းရပါတယ်။ ဒီလိုထောင်းတာကို အညက်ထောင်းတာကို ခေါ်ပါတယ်။ အညက်ထောင်းပြီကာမှ စိမ်းစားငါးပိကို ရရှိတယ်" ဟု ဆိုပါသည်။

အနည်းဆုံး ၁၀ ရက် နီးပါးကြာမှ ရရှိနိုင်သည့် မြန်မာ့ရိုးရာထမင်းမြိန်စရာ ငါးပိစိမ်းစားလုပ်ငန်းကို ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် နောက်မီးကျေးရွာမှ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေသော်လည်း နည်းပညာများရရှိပါက ပြည်ပပို့ကုန်အဖြစ် တင်ပို့ရောင်းချနိုင်မည်ဖြစ်ပါကြောင်း ဒေသခံများထံမှလည်း ဆန်းသစ်တီထွင် စွန့်စားလုပ်ကိုင်လိုစိတ်များကြားသိခဲ့ရသဖြင့် ဒေသခံပြည်သူ၊ နည်းပညာ အရင်းအနှီးများဖြင့် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်မည်ဆိုပါက သေးငယ်သော လုပ်ငန်းပင်ဖြစ်လင့်ကစား ပြည်ပစျေးကွက်ကို ထိုးဖောက်နိုင်ပြီး တစ်ဦးချင်းဝင်ငွေလည်း ပိုမိုတိုးတက်လာနိုင်ပါကြောင်း စာရေးသူ၏ အတွေးတစ်စကို မျှဝေလိုက်ရပါသည်။

အေးအေးကြူ (ကျေးလက်ဦးစီး)

လယ်ယာစီးပွားဂျာနယ်မှ ကူးယူဖော်ပြပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်