လွယ်ကူသက်သာတဲ့ သဘာဝပိုးသတ်ဆေး လုပ်နည်း ၅ နည်း

24/02/2022 12:30 PM တွင် ဆုမြတ်နိုး ဆုမြတ်နိုး မှ ရေးသား

ဓာတုပိုးသတ်ဆေးတွေက ပတ်ဝန်းကျင်ကို ထိခိုက်ရုံသာမက လူနဲ့တိရစ္ဆာန်တွေကိုပါ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာစေနိုင်ပါတယ်။ သဘာဝပိုးသတ်ဆေးတွေပြုလုပ်သုံးစွဲတဲ့အခါမှာတော့ ကုန်ကျ စရိတ်သက်သာတဲ့အပြင် ကိုယ်နဲ့လက်လှမ်းမီရာ မီးဖိုချောင်သုံး ပစ္စည်းတွေ၊ အလွယ်တကူရနိုင်တဲ့ အပွင့် အသီးတွေနဲ့ပဲဆိုတော့ မိသားစုနဲ့ ပတ်ဝန်းကျင်ကို ကာကွယ်ပြီးသား ဖြစ်စေမှာပါ။

 

ကဲ ဒီတော့ လွယ်ကူသက်သာတဲ့နည်းလေးတွေနဲ့ သဘာဝပိုးသတ်ဆေးတွေ လုပ်ကြည့်ရအောင်..။

 

နည်းလမ်း(၁) တမာရွက်

တမာရွက်က ရှေးနှစ်ပေါင်းများစွာတည်းက ဆေးဖက်ဝင်အဖြစ် အသုံးပြုလာခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ခါးတဲ့အရသာရယ် ပြင်းထန်တဲ့ အနံ့ရယ်ကြောင့် ဖျက်ပိုးတွေကိုဖယ်ရှားဖို့ အသုံးပြုတဲ့နေရာမှာ နာမည်ကြီးတဲ့ အရွက်တစ်မျိုးလည်းဖြစ်ပါတယ်။ တိရစ္ဆာန်တွေ၊ ငှက်တွေအပြင် အပင်နဲ့ လူကိုပါ အဆိပ် မဖြစ်စေတဲ့အတွက် တမာပိုးသတ်ဆေးက ဆေးဖျန်းဖို့ အကောင်းဆုံးပိုးသတ်ဆေးလို့ပဲ ဆိုရမှာပါ။ တမာ ဆီထဲကို ဆပ်ပြာရည်နဲ့ ရေနွေးနွေးကိုရောထည့်ပြီး ဖြည်းညင်းစွာ မွှေပေးပြီး စပရေးဖျန်းဘူးထဲကို ထည့်ကာ ချက်ချင်းဖျန်းနိုင်ပါတယ်။ အပင်ငယ်တွေမှာ ဖျန်းပေးရင် အာနိသင်အကောင်းဆုံးဖြစ်ပြီး ဆေး အာနိသင်က ၂၂ ရက်လောက်ကြာတဲ့အထိ ခံတယ်လို့ ဆိုပါတယ်..။ 

 

နည်းလမ်း(၂) ဆားရည် 

အိမ်မှာပဲ အလွယ်ပြုလုပ်နိုင်တဲ့ ဆားရည်ကတော့ အကောင်းဆုံးနဲ့ အလွယ်ဆုံးပြုလုပ်နိုင်တဲ့ သဘာဝ ပိုးသတ်ဆေးလို့ပဲ ဆိုရပါမယ်။ ဆားရည်ရဲ့ ထူးခြားချက်ကတော့ ဖျက်ပိုးတွေကို သေစေနိုင်တာ တင်မကဘဲ အပင်တွေကို မက်ဂနီဆီယမ်ဓာတ်စုပ်ယူမှု အားကောင်းဖို့ကို ကူညီလုပ်ဆောင်ပါတယ်။ ဒါ့ အပြင် အပင်တွေကိုအကျိုးပြုတဲ့ ဖော့စဖောရပ်နဲ့ ဆာလဖာတွေကို ယူဆောင်လာပေးပါတယ်။ ပြုလုပ်နည်းကလည်း အလွယ်လေးရယ်ပါ။ ဆားကိုရေထဲပျော်ဝင်အောင် ဖျော်ထည့်ပြီး ရလာတဲ့ ဖျော်ရည်ကို အပင်တွေကိုဖျန်းပေးရပါမယ်။ အပင်ခြေကိုလည်း တစ်ပတ်တစ်ခါလောက် ဖျန်းပေးနိုင် ပါတယ်။

 

 

နည်းလမ်း(၃)ကြက်သွန်နီနဲ့ကြက်သွန်ဖြူဖျော်ရည်

ကြက်သွန်ဖြူတစ်မွှာနဲ့ ကြက်သွန်နီအလယ်အလတ်အရွယ်တစ်လုံးကိုလှီးပြီး ရေအနည်းငယ် ထဲမှာ အရင်စိမ်ထားရပါမယ်။ ပြီးရင် ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပါမယ်။ ပြီးရင်တော့ ဆပ်ပြာရည်နဲ့ အတူရောမွှေလိုက်ပြီး အပင်တွေကို ဂျပိုးကျနေပြီထင်ပါက ဖျန်းပေးနိုင်ပါတယ်။ သူ့ရဲ့ ပြင်းထန်တဲ့ အနံ့တွေက ဂျပိုးတွေကို အဝေးပြေးစေမှာပါ။

 

နည်းလမ်း(၄) ယူကလစ်ဆီ

ယူကလစ်ဆီက အင်းဆက်နဲ့ ဂျပိုးတွေကို အဝေးကိုပြေးစေနိုင်တဲ့ လက်နက်ကောင်း တစ်ခုပါ။ အပင်ကို တစ်ခုခုဖျန်းဖို့ လိုအပ်လာပြီဆိုရင် ယူကလစ်ဆီကို မမေ့သင့်ပါဘူး။ မှန်မှန်အသုံးပြုပေးဖို့တော့ လိုပါတယ်။

 

နည်းလမ်း(၅)

ဂန္ဓာမာပန်းပွင့်က ဓာတုနဲ့လုပ်ထားတဲ့ pyrethrum(အင်းဆက်ပိုးသတ်ဆေး) လိုဘဲ အင်းဆက်နဲ့ ဖျက်ပိုးတွေရဲ့ အာရုံကြောတွေကို ထိခိုက်ပျက်စီးစေတဲ့ အစွမ်းရှိပါတယ်။ ပြုလုပ်နည်းကတော့ ပန်းပွင့်ခြောက်နဲ့ အိုးအပြည့်ထည့်ထားတဲ့ ရေကိုဆူပွက်အောက်တည်ရပါမယ်။ ပြီးရင် အအေးခံပြီး ဖျန်းမယ့် စပရေးဗူးထဲမှာ ၂ လကြာအောင်သိမ်းဆည်းနိုင်ပါတယ်။ ပိုပြီးအာနိသင်ထိရောက်ချင်ရင်တော့ တမာဆီရောထည့်ပေးနိုင်ပါတယ်။ သိုလှောင်တဲ့အချိန်မှာ ကျရောက်တတ်တဲ့ ပိုးတွေနဲ့ ဩဂဲနစ်သီးနှံ တွေမှာ ဖျန်းပေးနိုင်ပါတယ်။

 

Reference: https://food.ndtv.com/food-drinks/5-natural-pesticides-you-could-use-to-grow-your-own-kitchen-garden-1877271

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်