“တစ်နိုင်တပိုင်(သို့)စီးပွားဖြစ် ကြက်မွေးမြူချင်လို့ ကူညီပါ”

14/07/2020 12:30 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    “ကြက်မွေးမြူရေး”ဆိုတာ ကမ္ဘာတစ်ဝန်း ထွန်းကားနေတဲ့ လုပ်ငန်းတစ်ခုပါ။ ကမ္ဘာ့ ကြက်သားစားသုံးမှု နှစ်စဉ်ကြီးထွားနေသလို ကြက်မွေးမြူရေးဈေးကွက်လည်း ပိုမိုခိုင်မာလာပါတယ်။ ကမ္ဘာအရပ်ရပ်က ကြက်မွေးမြူရေးကုမ္ပဏီတွေ၊ တစ်နိုင်တပိုင် မွေးမြူသူတွေဟာ ခေတ်ရေစီးကြောင်းနဲ့အညီ အရှိန်အဟုန်တိုးမြှင့်နေကြပါပြီ။

    မွေးမြူရေးကြက်တစ်ကောင်ဟာ ပျမ်းမျှ (၄၂)ရက် သက်တမ်းရှိပြီး အချိန်တိုတိုနဲ့ ဈေးကွက်ဝင်သလို ဈေးနှုန်းသင့်တင့်လို့ စားသုံးမှုများပါတယ်။ 

    ဒေသကြက်တွေဟာ နှစ်နဲ့ချီ အသက်ရှင်သန်နိုင်တဲ့အပြင် ရောဂါနဲ့ ရာသီဥတုဒဏ် ခံနိုင်ရည်ရှိလို့ ကြီးပြင်းလာတာနဲ့အမျှ ကြက်သားဈေးနှုန်းလည်း မြင့်မြင့်ရစေပါတယ်။ မြန်မာ့ရိုးရာထုံစံအရ “အားရှိအောင် ဗမာကြက်ပြုတ်ရည်လေး သောက်ပါလား” “တောကြက်ဥလေးစားမှ အားရှိသွားတာ”စတဲ့ အယူအဆလေးတွေဟာ ဒေသကြက် ဈေးကွက်ကို မြင်သာစေတဲ့ အချက်တွေပါ။

    ကြက်ဥဟာ ပိုတက်စီယမ်ဓာတ် ကြွယ်ဝတာကြောင့် TB(အဆုတ်)ရောဂါ ဖြစ်ပွားသူတွေနဲ့ အင်မတန်သင့်တော်တဲ့ အာဟာရပါ။ အခုလို Covid-19 ကာကွယ်တဲ့ ကာလမှာ ကြက်ဥ ဈေးကွက် တိုးတက်လာတာကိုတော့ အားလုံးအသိပါပဲ။ 

    ၂၀၂၀ခုနှစ်၊ ဇူလိုင် (၁၃)ရက်မှာ ကြက်ဥ ဝယ်‌စျေး(တစ်ပိဿာ) ၂၄၂၀ ကျပ်မှ ၂၄၅၀ ကျပ်၊ CP ကြက်ဥဝယ်‌ဈေး (တစ်လုံး) ၉၄ ကျပ်၊ အသားတိုးကြက် ခြံဖမ်းစျေး တစ်ပိဿာ (၃၆၀၀-၃၇၀၀)ကျပ်၊ မွေးကြက်ထီး ခြံဖမ်းစျေး တစ်ပိဿာ (၇၅၀၀-၈၀၀၀)ကျပ်၊ မွေးကြက်မ ခြံဖမ်းစျေး တစ်ပိဿာ (၄၂၀၀)ကျပ်၊ ဒေသကြက်/တိုင်းရင်းကြက် ခြံဖမ်းစျေး တစ်ပိဿာ (၆၈၀၀)ကျပ် ပျမ်းမျှဈေးနှုန်းတွေနဲ့ ရောင်းဝယ်နေပါတယ်။

    ကြက်သား၀ယ်လိုအားဟာလည်း ၁၉၉၆ ကနေ ၂၀၁၆ ခုနှစ်တွေကတည်းက ဥရောပသမဂ္ဂ အနေနဲ့ ၄၀ %, အိမ်နီးချင်း တရုတ်နိုင်ငံမှာ ၈၉ %, အိန္ဒိယနိုင်ငံမှာ ၁၈၃ % အထိ မြင့်တက်နေတာကို ကြားသိနေရပေမယ့် ပြည်တွင်းမှာ ကြက်ဥ၊ ကြက်သားတွေ ကိုယ်တိုင်ထုတ်လုပ်နိုင်ဖို့ ဘယ်ကစရမလဲ... အားလုံးမှာ မွေးချင်စိတ်သာရှိပြီး၊ လက်တွေ့ မလွယ်ဘူးဖြစ်နေကြပါတယ်။

(၁) မျိုးကောင်းမျိုးသန့် ရရှိဖို့ ခက်ခဲတယ်။ 

(၂) မွေးမြူပုံ မွေးမြူနည်းကို မကျွမ်းကျင်ဘူး။

(၃) ခြံအဆောက်အဦ တည်ဆောက်ဖို့ရာ အရင်းအနှီးမရှိဘူး စတဲ့ပြဿနာတွေရှိသလို ကြက်မျိုးအဝယ်မှားလို့ အရှုံးပေါ်သူလည်းပေါ် ၊ အလိမ်ခံရသူလည်းခံရနဲ့ သတင်းမျိုးစုံလည်း ကြက်လောကတခွင် နေ့စဉ်လိုလိုပါ။

    ပြည်ပ(နယ်စပ်ဝင်ပေါက်)ကနေ အေးခဲကြက်သားတွေ ဝင်ရောက်ခဲ့တာကရော ဘယ်လိုကြောင့်လဲ။ မွေးမြူရေးကို စိတ်ပါဝင်စားသူများရက်နဲ့  ကြက်ဥ/ကြက်သားထုတ်လုပ်မှုနည်းပညာအားနည်းနေသေးတာ ဘာကြောင့်လဲ။ စိုက်ပျိုးရေးနည်းပညာတွေ ဖြန့်ဝေနေကြသလို ကျေးရွာအရောက် မွေးမြူရေးနည်းပညာပေးတာမျိုးတွေ လိုအပ်နေလို့များလား ဆိုတာလေးတွေ ပေါင်းစပ်အဖြေရှာကြည့်စေချင်ပါတယ်။ 

    ပံ့ပိုးကူညီပေးနိုင်မယ့် အဖွဲ့အစည်းတွေ၊ တာဝန်ရှိသူတွေကို အားကိုးယုံကြည်စွာနဲ့ တစ်နိုင်တပိုင်/စီးပွားဖြစ် ကြက်မွေးမြူရေးလုပ်ငန်းအားလုံး တိုးတက်လာစေရန် ရည်ရွယ်ရေးသားလိုက်ရပါတယ်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်