“တစ်နိုင်တပိုင်(သို့)စီးပွားဖြစ် ကြက်မွေးမြူချင်လို့ ကူညီပါ”

14/07/2020 12:30 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    “ကြက်မွေးမြူရေး”ဆိုတာ ကမ္ဘာတစ်ဝန်း ထွန်းကားနေတဲ့ လုပ်ငန်းတစ်ခုပါ။ ကမ္ဘာ့ ကြက်သားစားသုံးမှု နှစ်စဉ်ကြီးထွားနေသလို ကြက်မွေးမြူရေးဈေးကွက်လည်း ပိုမိုခိုင်မာလာပါတယ်။ ကမ္ဘာအရပ်ရပ်က ကြက်မွေးမြူရေးကုမ္ပဏီတွေ၊ တစ်နိုင်တပိုင် မွေးမြူသူတွေဟာ ခေတ်ရေစီးကြောင်းနဲ့အညီ အရှိန်အဟုန်တိုးမြှင့်နေကြပါပြီ။

    မွေးမြူရေးကြက်တစ်ကောင်ဟာ ပျမ်းမျှ (၄၂)ရက် သက်တမ်းရှိပြီး အချိန်တိုတိုနဲ့ ဈေးကွက်ဝင်သလို ဈေးနှုန်းသင့်တင့်လို့ စားသုံးမှုများပါတယ်။ 

    ဒေသကြက်တွေဟာ နှစ်နဲ့ချီ အသက်ရှင်သန်နိုင်တဲ့အပြင် ရောဂါနဲ့ ရာသီဥတုဒဏ် ခံနိုင်ရည်ရှိလို့ ကြီးပြင်းလာတာနဲ့အမျှ ကြက်သားဈေးနှုန်းလည်း မြင့်မြင့်ရစေပါတယ်။ မြန်မာ့ရိုးရာထုံစံအရ “အားရှိအောင် ဗမာကြက်ပြုတ်ရည်လေး သောက်ပါလား” “တောကြက်ဥလေးစားမှ အားရှိသွားတာ”စတဲ့ အယူအဆလေးတွေဟာ ဒေသကြက် ဈေးကွက်ကို မြင်သာစေတဲ့ အချက်တွေပါ။

    ကြက်ဥဟာ ပိုတက်စီယမ်ဓာတ် ကြွယ်ဝတာကြောင့် TB(အဆုတ်)ရောဂါ ဖြစ်ပွားသူတွေနဲ့ အင်မတန်သင့်တော်တဲ့ အာဟာရပါ။ အခုလို Covid-19 ကာကွယ်တဲ့ ကာလမှာ ကြက်ဥ ဈေးကွက် တိုးတက်လာတာကိုတော့ အားလုံးအသိပါပဲ။ 

    ၂၀၂၀ခုနှစ်၊ ဇူလိုင် (၁၃)ရက်မှာ ကြက်ဥ ဝယ်‌စျေး(တစ်ပိဿာ) ၂၄၂၀ ကျပ်မှ ၂၄၅၀ ကျပ်၊ CP ကြက်ဥဝယ်‌ဈေး (တစ်လုံး) ၉၄ ကျပ်၊ အသားတိုးကြက် ခြံဖမ်းစျေး တစ်ပိဿာ (၃၆၀၀-၃၇၀၀)ကျပ်၊ မွေးကြက်ထီး ခြံဖမ်းစျေး တစ်ပိဿာ (၇၅၀၀-၈၀၀၀)ကျပ်၊ မွေးကြက်မ ခြံဖမ်းစျေး တစ်ပိဿာ (၄၂၀၀)ကျပ်၊ ဒေသကြက်/တိုင်းရင်းကြက် ခြံဖမ်းစျေး တစ်ပိဿာ (၆၈၀၀)ကျပ် ပျမ်းမျှဈေးနှုန်းတွေနဲ့ ရောင်းဝယ်နေပါတယ်။

    ကြက်သား၀ယ်လိုအားဟာလည်း ၁၉၉၆ ကနေ ၂၀၁၆ ခုနှစ်တွေကတည်းက ဥရောပသမဂ္ဂ အနေနဲ့ ၄၀ %, အိမ်နီးချင်း တရုတ်နိုင်ငံမှာ ၈၉ %, အိန္ဒိယနိုင်ငံမှာ ၁၈၃ % အထိ မြင့်တက်နေတာကို ကြားသိနေရပေမယ့် ပြည်တွင်းမှာ ကြက်ဥ၊ ကြက်သားတွေ ကိုယ်တိုင်ထုတ်လုပ်နိုင်ဖို့ ဘယ်ကစရမလဲ... အားလုံးမှာ မွေးချင်စိတ်သာရှိပြီး၊ လက်တွေ့ မလွယ်ဘူးဖြစ်နေကြပါတယ်။

(၁) မျိုးကောင်းမျိုးသန့် ရရှိဖို့ ခက်ခဲတယ်။ 

(၂) မွေးမြူပုံ မွေးမြူနည်းကို မကျွမ်းကျင်ဘူး။

(၃) ခြံအဆောက်အဦ တည်ဆောက်ဖို့ရာ အရင်းအနှီးမရှိဘူး စတဲ့ပြဿနာတွေရှိသလို ကြက်မျိုးအဝယ်မှားလို့ အရှုံးပေါ်သူလည်းပေါ် ၊ အလိမ်ခံရသူလည်းခံရနဲ့ သတင်းမျိုးစုံလည်း ကြက်လောကတခွင် နေ့စဉ်လိုလိုပါ။

    ပြည်ပ(နယ်စပ်ဝင်ပေါက်)ကနေ အေးခဲကြက်သားတွေ ဝင်ရောက်ခဲ့တာကရော ဘယ်လိုကြောင့်လဲ။ မွေးမြူရေးကို စိတ်ပါဝင်စားသူများရက်နဲ့  ကြက်ဥ/ကြက်သားထုတ်လုပ်မှုနည်းပညာအားနည်းနေသေးတာ ဘာကြောင့်လဲ။ စိုက်ပျိုးရေးနည်းပညာတွေ ဖြန့်ဝေနေကြသလို ကျေးရွာအရောက် မွေးမြူရေးနည်းပညာပေးတာမျိုးတွေ လိုအပ်နေလို့များလား ဆိုတာလေးတွေ ပေါင်းစပ်အဖြေရှာကြည့်စေချင်ပါတယ်။ 

    ပံ့ပိုးကူညီပေးနိုင်မယ့် အဖွဲ့အစည်းတွေ၊ တာဝန်ရှိသူတွေကို အားကိုးယုံကြည်စွာနဲ့ တစ်နိုင်တပိုင်/စီးပွားဖြစ် ကြက်မွေးမြူရေးလုပ်ငန်းအားလုံး တိုးတက်လာစေရန် ရည်ရွယ်ရေးသားလိုက်ရပါတယ်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်