ငါးချဉ်နှင့် ငါးအသားချဉ်ပြုလုပ်နည်း

30/05/2024 15:00 PM တွင် ကမ္ဘာ့ငါးအဖွဲ့ ကမ္ဘာ့ငါးအဖွဲ့ မှ ရေးသား ပြီး WorldFish WorldFish မှ ပေးပို့ထားပါသည်။

ငါးချဉ်နှင့် ငါးအသားချဉ်ပြုလုပ်နိုင်သော နည်းလမ်းများမှာ အောက်ပါအဆင့်အတိုင်းဖြစ်သည်။

၁။ လတ်ဆတ်သောငါးအသေးကောင်များ ရွေးချယ်လက်ခံခြင်း။

၂။ သန့်ရှင်းသောရေဖြင့်ဆေးခြင်း။

၃။ ခေါင်းဖြတ်ခြင်း၊ အကြေးခွံချွတ်၊ အူထုတ်သန့်စင်ခြင်းနှင့် ရေဆေးခြင်း။

၄။ ငါးသေးလျှင် အကောင်လိုက်ငါးချဉ်ပြုလုပ်ခြင်း သို့မဟုတ် ငါးကြီးပါက အသားလွှာခြင်းနှင့် အရိုးထွင်ခြင်း။

၅။ အသားကြိတ်စက်ဖြင့် ကြိတ်ခြင်းနှင့် အလေးဖိ၍ ၃ နာရီခန့်ရေစစ်ခြင်း။

၆။ ထမင်း ၂၅% ဆား ၅% နှင့်ရောခြင်း (ငါးချဉ်အဟောင်းထည့်လုပ်လျှင် ပိုမြန်သည်)

၇။ အသားကြိတ်စက်ဖြင့် နောက်တစ်ကြိတ်ခြင်း သို့မဟုတ် လက်ဖြင့်စေးပိုင်နေအောင် နာနာနှယ်ခြင်း။

၈။ အထုပ်သေးကလေးများအတွက် အလေးချိန်ချိန်ခြင်းနှင့် တောင်စွန်ဖက်၊ ငှက်ပျောဖက်တို့ဖြင့် ထုပ်ပိုးခြင်း။

၉။ အပူကာ ငါးထည့်ပုံးအတွင်းထည့်၍ ၂ ရက်၊ ၃ ရက်ခန့် အသားချဉ်လာအောင်ထားခြင်း။

၁၀။ အေး၍ယင်လုံသောနေရာ သို့မဟုတ် အပူကာငါးထည့်ပုံးအတွင်း ထည့်၍သိမ်းထားခြင်းတို့ဖြစ်သည်။

ငါးအသားချဉ်ပြုလုပ်နည်း(ကုန်ချောထွက်ရာခိုင်နှုန်းမှာ ၅၀%ဖြစ်သည်)

၁။ လတ်ဆတ်သောငါးအကောင်များ ရွေးချယ်လက်ခံခြင်း။

၂။ သန့်ရှင်းသောရေဖြင့်‌ဆေးခြင်း။

၃။ ခေါင်းဖြတ်ခြင်း၊ အကြေးခွံချွတ်ခြင်း၊ အူထုတ်သန့်စင်ခြင်းနှင့် ရေဆေးခြင်း။

၄။ အသားလွှာခြင်း သို့မဟုတ် ငါးအသားပြုလုပ်ခြင်း၊ အရိုးထွင်ခြင်းနှင့် အသားကြိတ်စက်ဖြင့် ကြိတ်ခြင်း။

၅။ ထမင်း ၁၀% မှ ၂၅%၊ ဆား ၅%၊ သကြားအနည်းငယ်၊ ငရုတ်သီးအနည်းငယ်နှင့်ရောနှောခြင်း (ငါးချဉ်အဟောင်းထည့်လုပ်လျှင် ပိုမြန်သည်)

၆။ လက်ဖြင့်စေးပိုင်နေအောင် နာနာနှယ်ခြင်း။

၇။ အထုပ်သေးကလေးများအတွက် အလေးချိန်ချိန်ခြင်းနှင့် တောင်စွန်ဖက်၊ ငှက်ပျောဖက်တို့ဖြင့် ထုပ်ပိုးခြင်း။

၈။ အေး၍ယင်လုံသောနေရာ သို့မဟုတ် အပူကာငါးထည့်ပုံးအတွင်း ထည့်၍သိမ်းထားခြင်းတို့ဖြစ်သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်