တိရစ္ဆာန်မွေးမြူရေးတွင်အရေးပါသော ကောက်ပဲသီးနှံဘေးထွက်ပစ္စည်းများရဲ့ အာဟာရဓါတ်

27/08/2021 15:30 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

    ကောက်ပဲသီးနှံ ဘေးထွက်ပစ္စည်းများတွင် ကောက်ရိုး၊ ပြောင်းရိုး၊ မြေပဲရိုး၊ နှံစားရိုး၊ ပဲမျိုးစုံအခွံ စသည်တို့ပါဝင်သည်။ 

ကောက်ရိုး

    ကောက်ရိုးသည် အသားဓါတ်ပါဝင်မှုနည်းပြီး အရည်အသွေးညံ့သော အစာဖြစ်သည်။ ပိုတက်ဆီယမ်၊ သတ္တုဓါတ် ပါဝင်မှုများပြီး ဖော့စ‌ဖောရပ်ပါဝင်မှု အလွန်နည်းပါးပါသည်။

စပါးကောက်ရိုး

    စပါးကောက်ရိုးသည် မြန်မာနိုင်ငံအတွင်း အများဆုံးထွက်ရှိပြီး နွားများအတွက် အရေးပါသော အစာကြမ်းဖြစ်သည်။ အသားဓါတ်အကြမ်းပါဝင်မှု (၃-၅)%အထိသာ ပါဝင်သည်။ ကယ်လ်ဆီယမ်၊ ဖော့စ်ဖရပ် ပါဝင်မှု အလွန်နည်းပြီး ပိုတက်စီယမ်နှင့် အစာချေဖျက်ရန်ခက်ခဲသော လစ်ဂနင်နှင့် ဆီလီကာ၊ အမျှင်ဓါတ်များ ပါဝင်သည်။ တိရစ္ဆာန်များကိုကျွေးသောအခါ ကောက်ရိုးကို ရိုးရိုးကျွေးသည်ထက် ကောက်ရိုး၏ အာဟာရတန်ဖိုးကို မြင့်တက်အောင် ပုလဲဓါတ်မြေဩဇာ (urea)၊ အယ်လ်ကာလီ(NaOH and Ca(OH)2) တို့ဖြင့် ပြုပြင်ကျွေးမွေးပါက ပိုမိုကောင်းမွန်ပါသည်။

ဂျုံကောက်ရိုး

    စပါးကောက်ရိုး ကဲ့သို့ပင် အသားဓါတ်အကြမ်းနှင့် ကယ်လဆီယမ်ပါဝင်မှုနည်းပါးသည်။ စပါးကောက်ရိုးကျွေးသည့်နည်းအတိုင်းပင် ကျွေးနိုင်သည်။

မြေပဲရိုး၊ နှမ်းရိုး

    မြေပဲရိုး၊ နှမ်းရိုးသည် မြန်မာနိုင်ငံတွင် ကျွေးလေ့ကျွေးထရှိသော အစာကြမ်းဖြစ်ပါသည်။ ၎င်းတွင် အသားဓါတ်အကြမ်း ၉.၁၂%အထိ ပါဝင်ပြီး အမျှင်ဓါတ်ပါဝင်မှုလည်းများပါသည်။

ပဲမျိုးစုံအခွံ

    မြန်မာနိုင်ငံတွင် ပဲကြီးခွံနှင့် ကုလားပဲခွံကို နွားများတွင် အဓိကကျွေးမွေးကြသည်။ အဓိကအားဖြင့် ချေဖျက်လွယ်သော အမျှင်ဓါတ်အနေနှင့် ကျွေးကြသည်။ ၎င်းပဲခွံများကို ဖြည့်စွက်ကျွေးမွေးခြင်းဖြင့် ကောက်ရိုးစားသုံးမှု ပိုကောင်းစေပါသည်။

ပဲကြီးခွံ

    ပဲကြီးခွံတွင် အသားဓါတ်ကြမ်း- (၉-၉.၃)%၊ ဒြပ်ခြောက်- (၉၁-၉၂)%၊ ပြာဓါတ်- (၂.၈၅-၂.၉)%၊ ချေဖျက်လွယ်သောအမျှင်ဓါတ်- ၂၂.၂% ၊ အဆီဓါတ် -၀.၃၉% တို့ ပါဝင်သည်။

ကုလားပဲခွံ

    ကုလားပဲအခွံတွင် အသားဓါတ်အကြမ်း- ၅.၇%၊ ဒြပ်ခြောက် -၉၁.၄%၊ ပြာဓါတ် -၉.၅%၊ ချေဖျက်လွယ်သောအမျှင်ဓါတ်- ၆၄.၄၃% နှင့် အဆီဓါတ်- ၁.၅%တို့ ပါဝင်သည်။

မြေပဲရိုး

    မြေပဲရိုးသည် ဒုတိယအရေးပါသော ဆီထွက်သီးနှံအစာကြမ်းဖြစ်သည်။ ၎င်းတွင် အသားဓါတ်အကြမ်း- ၁၂. ၀၆%၊ ဒြပ်ခြောက်- ၉၁. ၇၈%၊ ပြာဓါတ် -၁၀. ၂%၊ ချေဖျက်လွယ်သော အမျှင်ဓါတ်- ၅၉.၅% နှင့် အဆီဓါတ်- ၁.၆၁%တို့ ပါဝင်သည်။

မတ်ပဲမှော်

    အသားဓါတ်အကြမ်း- ၉.၃၂%၊ ဒြပ်ခြောက်- ၉၁.၂၈%၊ ပြာဓါတ်- ၉.၀%၊ ချေဖျက်လွယ်သော အမျှင်ဓါတ် - ၆၄.၄၃%နှင့် အဆီဓါတ်- ၁.၂၄% တို့ ပါဝင်သည်။

ပဲတီစိမ်းမှော်

    အသားဓါတ်အကြမ်း- ၁၁.၃၃%၊ ဒြပ်ခြောက်- ၉၂.၅%၊ ပြာဓါတ်-၉.၀% ၊ ချေဖျက်လွယ်သော အမျှင်ဓါတ်-၆၉.၃၉% နှင့် အဆီဓါတ်- ၁.၄၃%တို့ ပါဝင်သည်။

Ref: Dip  LPA သင်ရိုးမှ ကူးယူဖော်ပြသည်။

ကျွဲ၊ နွားများအတွက်ဆေးဘက်ဝင်သဘာဝသစ်ပင်များ á€€á€­á€Żá€œá€Šá€şá€¸ ပြန်လည်ဖော်ပြလိုက်ပါတယ်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်