ကြက်သွန်နီတွင် လိုအပ်သော အာဟာရဓာတ်များ

16/10/2020 11:45 AM တွင် မောင်ချမ်းသာဦး မောင်ချမ်းသာဦး မှ ရေးသား

ဦးကြီးတို့အားလုံး မင်္ဂလာပါဗျ။

      သစ်ပင်တိုင်း လိုအပ်သောအာဟာရဓာတ်များတွင် အများလိုအာဟာရဓာတ်များ နှင့် အနည်းလိုအာဟာရဓာတ်များဟူ၍ ရှိပါသည်။ ကြက်သွန်နီတွင််လည်း အထွက်နှုန်း ကောင်းရန်နှင့် ကြက်သွန်အရည်အသွေးကောင်းရန်အတွက် အများလိုနှင့် အနည်းလို အာဟာရဓာတ်များ မျှတညီမျှစွာရရှိရန် လိုအပ်ပါသည်။ 

ကြက်သွန်နီတွင် လိုအပ်သော အများလိုအာဟာရဓာတ်များမှာ-

နိုက်ထရိုဂျင် (N)

     နိုက်ထရိုဂျင်ကို ကြက်သွန်နီတွင် စိုက်ပျိုးပြီးနောက်ပိုင်းအရွက်များ ထွက်ရှိရန်ပို လိုအပ်ပါသည်။ နိုက်ထရိုဂျင်သည် အပင်ပိုင်းကြီးထွားမှုကို အားပေးသော အာဟာရဓာတ်ဖြစ် သောကြောင့် အမိတ်စားကြက်သွန်များတွင် နိုက်ထရိုဂျင်ကို ပိုလိုအပ်ပါသည်။ သို့သော်လည်း နိုက်ထရိုဂျင်ကို အလွန်အကျွံမကျွေးသင့်ပါ။ အလွန်အကျွံကျွေးခဲ့လျှင် ကြက်သွန်ရင့်မှည့်မှု နောက်ကျတက်ပါသည်။ ထို့အပြင် ကြက်သွန်ဥများ ပျော့သွားခြင်းနှင် ဥပုတ်ခြင်းများ ဖြစ်ပေါ်စေပါသည်။ 

ဖော့စ်ဖောရပ်စ် (P)

      ဖော့စ်ဖောရပ်စ်သည် အထွက်နှုန်းနှင့် ဥ အရည်အသွေးပေါ်ကို တိုက်ရိုက်သက်ရောက် နေပါသည်။ ဖော့စ်ဖောရပ်စ်သည်  ကြက်သွန်အမြစ်များ ကြီးထွားရန်အတွက် လိုအပ်ပါသည်။ ကြက်သွန်အမြစ်များမှ စုပ်ယူလိုက်သော ဖော့စ်ဖောရပ်စ် ၇၀ ရာခိုင်နှုန်းကျော်ကို ဥများ ကြီးထွားရန်အတွက် အသုံးပြုပါသည်။ ဖော့စ်ဖောရပ်စ် ပါဝင်သော မြေသြဇာများသည် ပျော်ဝင်မှုနှေးသောကြောင့် ဖော့စ်ဖောရပ်စ်ကို မြေခံမှာကတည်းက ကျွေးသင့်ပါသည်။

ပိုတက်စီယမ် (K)

     ပိုတက်စီယမ်ကို ကြက်သွန်ပင်၏ နောက်ပိုင်းအဆင့်များတွင် ပိုလိုအပ်ပါသည်။ စုပ်ယူလိုက်သော ပိုတက်စီယမ်များကို အရွက်များအတွက် အသုံးပြုပါသည်။ ပိုတက်စီယမ် သည် ကြက်သွန်ပင်ကို တောင့်တင်းခိုင်မာစေပြီး ပိုးမွှားရောဂါများဒဏ်ကို ခံနိုင်ရည် ရှိစေပါသည်။

ကယ်လ်စီယမ် (Ca)

     ကယ်လ်စီယမ်ကို ကြက်သွန်နီတွင် အစောပိုင်းကြီးထွားမှုကာလနှင့် ဥဖြစ်ပေါ်ချိန်တွင် အများဆုံးလိုအပ်ပါသည်။ ကယ်စီယမ်သည် ကြက်သွန်ဥများကျစ်လစ်မှုနှင့် သိုလှောင်ချိန် တွင် ဥ၏အရည်အသွေးကို လွှမ်းမိုးထားပါသည်။  ထို့အပြင် ကယ်လ်စီယမ်သည် ကြက်သွန်ဥ ၏ အလေးချိန်ကို တိုးစေပြီး အခွံအရည်အသွေးကို ကောင်းစေပါသည်။

ဆာလဖာ (S)

     ဆာလဖာသည် ကြက်သွန်နီတွင် နောက်ပိုင်းအဆင့် ဥများရင့်မှည့်ချိန်တွင် အများဆုံး လိုအပ်ပါသည်။ ကြက်သွန်တွင် အနံ့စူးရှမှု၊ အစပ်အရသာဖြစ်ပေါ်မှုတို့သည် ဆာလဖာ ပါဝင်မှုကြောင့်ဖြစ်ပါသည်။ 

ကြက်သွန်နီတွင် လိုအပ်သော အနည်းလိုအာဟာရဓာတ်များမှာ-

အိုင်းရွန်း (Fe)

      အနည်းလိုအာရဓာတ်များတွင် အိုင်းရွန်းသည် အများဆုံးလိုအပ်သော အာဟာရဓာတ် ဖြစ်ပါသည်။ အိုင်းရွန်းသည် အစာချက်လုပ်ခြင်းလုပ်ငန်းအတွက် အရေးကြီးပါသည်။ ထို့အပြင် အထွက်နှုန်းနှင့် အရည်အသွေးအပေါ်တွင် လွှမ််းမိုးမှုရှိပါသည်။ 

ဘိုရွန် (B)

     ဘိုရွန်သည် ပရိုတိန်းထုတ်လုပ်မှုအတွက် အရေးကြီးသော အာဟာဓာတ်တစ်ခုဖြစ် ပါသည်။ ဘိုရွန်သည် ကြက်သွန်နီအတွက်အရေးကြီးသော ကယ်လ်စီယမ်ကို အပင်မှစုပ်ယူရာ တွင် ကူညီပေးပါသည်။

ကော့ပါး (Cu)

      ကြက်သွန်နီတွင် ကော့ပါးသည်လည်း အစာချက်လုပ်ခြင်းလုပ်ငန်းတွင် အရေးကြီး သော အာဟာရဓာတ်တစ်ခုဖြစ်ပါသည်။ ထို့အပြင် ကြက်သွန်ဥ အရည်အသွေးနှင့် ကြက်သွန် အခွံအရောင်ကို လွှမ််းမိုးထားပါသည်။ 

ဇင့် (Zn)

      ဇင့်သည် ကြက်သွန်အစေ့ထုတ်ယူရာတွင် အရေးကြီးပါသည်။ အစေ့အညှောင့်ပေါက်ခြင်းကို ကူညီပေးပြီး အစေ့အထွက်နှုန်းကိုလည်း တိုးစေပါသည်။ ဇင့်သည် အစာချက်လုပ် ခြင်းလုပ်ငန်းတွင် အရေးကြီးပြီး အထွက်နှုန်းကိုလည်း ကောင်းမွန်စေပါသည်။

       ထို့ကြောင့် ကြက်သွန်နီစိုက်ပျိုးရာတွင် လိုအပ်သောအာဟာရဓာတ်များကို ကြက်သွန် နီ၏ သက်တမ်းအလိုက်အရေးပါပုံများကို သိရှိသွားပြီဖြစ်သောကြောင့် အရည်အသွေး ကောင်းပြီး စျေးကွက်ဝင်သော ကြက်သွန်နီများထုတ်လုပ်နိုင်ရန် သက်တမ်းအလိုက် လိုအပ်သောအာဟာရဓာတ်များကို စနစ်တကျအသုံးပြုကြရပါမည်။


ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်