ကြက်သွန်နီစိုက်ပျိုးရေးနှင့် အသုံးဝင်ပုံ

05/05/2020 15:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 ကြက်သွန်နီပင်

ကြက်သွန်နီမှာ အပင်ပျော့ အပင်ငယ်မျိုးဖြစ်ပြီး အမြင့်()ပေခန့်ထိ ရှိကြသည်။ ပင်စည်မှာဥ၏ အောက်ခြေတွင်ရှိပြီး အနည်းငယ်မာကျော၍ အဝိုင်းငယ်ပုံသဏ္ဍာန်ရှိသည်။ ရွက်ထိပ်ချွန်သည်။ ရွက်ရင်းဖြူသည်။ ပြာသို၊ တပို့တွဲတွင် ပွင့်သည်။ ဥ နီညိုရောင်ရှိပြီး လုံးဝိုင်းသည်။ ကြက်သွန်နီဥ အပေါ်ယံကို ပါးလွှာသော အဖတ်များဖြင့် အထပ်ထပ်ဖုံးအုပ်နေသည်။ အတွင်း၌ အရည်ရွှမ်းသော အသားဖတ်များရှိ၏။ ကြက်သွန်နီမှာ ကြက်သွန်ဖြူနှင့် မျိုးစိတ်ချင်းလည်း နီးစပ်ပါသည်။

ကြက်သွန်နီအသုံးပြုပုံ

ကြက်သွန်နီကို ကမ္ဘာပေါ်တွင် ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးများကြပါသည်။ ဥရောပတိုင်းသားများမှာ ကြက်သွန်နီကို ဟင်းချက်ရာ၌သာ အသုံးပြုကြသော်လည်း အရှေ့တိုင်းသားများမှာမူ ကြက်သွန်နီကို ဟင်းချက်ရာတွင်သာမက ကြက်သွန်နီကို ပါးပါးလှီး၍ လတ်လတ်ဆတ်ဆတ် အစိမ်းစားကြသည့်အပြင် ကြက်သွန်နီကို ရှာလကာရည်နှင့်နယ်၍ သနပ်ပြုလုပ်၍လည်း စားသုးကြပါသေးသည်။

ကြက်သွန်နီကို လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာကတည်းကပင် လူသားတို့ စတင်စားသုံးခဲ့ကြသည်ဟု သိရပါသည်။ အီဂျစ်ပြည်တွင် ကြက်သွန်နီကို လွန်ခဲ့သောနှစ်ပေါင်း(၂၀၀၀)ကျော်ကစပြီး စိုက်ပျိုးခဲ့ကြောင်း အထောက်အထားများအရ သိရှိရပါသည်။ ကြက်သွန်နီမှာ ပျံ့နှံ့ပေါက်ရောက်ရန် လွယ်ကူသော အပင်အမျိုးအစားဖြစ်ပြီး ရောင်းဝယ်ဖောက်ကားမှုလည်း ကျယ်ပြန့်ကာ လူသုံးများသော ဟင်းခတ်အမွှေးအကြိုင်တွင် ပါဝင်ပါသည်။

ကြက်သွန်နီစိုက်ပျိုးနည်း

ကြက်သွန်နီသည် လွယ်ကူစွာ ပေါက်ရောက်လွယ်ပြီး ပူနွေးစွတ်စိုသော ရာသီဥတုကို နစ်ခြိုက်သည်။ စိုက်ပျိုးရာတွင် မြေအောက်()လက်မမြုပ်၊ တစ်ပင်နှင့်တစ်ပင် (၁၀)လက်မခြား စိုက်ပျိုးရမည်ဖြစ်သည်။ အပွင့်ပွင့်ခဲသည်။ ပျိုးပွားခြင်းသည် အပင်ကို ပွားခွဲခြင်းသာဖြစ်သည်။

ပျိုးထောင်ခြင်း

အကျယ်()ပေ၊ အမြင့် ()လက်မ အရှည်သင့်တော်သလို ဘောင်များပြုလုပ်ပြီး နောက်မျိုးစေ့ကို လက်ဖြင့်ညီညာစွာချ၍ ထွန်ခြစ်ဖြင့် မြေဆွဲကာ ဖုံးအုပ်ရမည်။ () ရက်လောက်မှ ကောက်ရိးဖယ်ရသည်။ ရေကိုလိုသလေက်လောင်းခြင်းနှင့် လက်ဖြင့်ပေါင်းလိုက်ခြင်း ပြုလုပ်ပြီးပါက ပျိုးသက် ၄၅ ရက်ရှိပါက ပြောင်းရွှေ့စိုက်နိင်ပါသည်။

ပြောင်းရွှေ့စိုက်ပျိုးခြင်း

အကျယ် ၄ပေ၊ အလျား ၆ပေရှိ စိုက်ကွင်းများတွင် ၁လက်မခန့်နက်သော မြောင်းကလေးများ ၆ လက်မအကွာ ဖော်သွားပြီး ယင်းမြောင်းများ၌ တစ်ပင် ၄ လက်မခြား၍ စိုက်ရပါမည်။

ပြုစုခြင်း

စိုက်ပြီးရေလောင်းပြီးနောက် ()လအကြာတွင် ()ကြိမ်ရေသွင်းပေးရန်လိုပါသည်။ ၎င်းနောက် (- )ရက်အကြာတွင် ()ကြိမ်၊ ()ကြိမ်အထိ လိုအပ်သလို ရေပေးရပါမည်။

မျိုးပွားပျံ့နှံ့ခြင်း

ကြက်သွန်နီသည် စေ့မှလည်းကောင်း၊ အပင်ပေါက်ငယ်များဖြင့်လည်းကောင်း မျိုးပွားပြီး စိုက်ပျိုးကြပါသည်။

ကျန်းမာရေးအတွက် ကြက်သွန်နီဆေးဖက်ဝင်ပုံ

မြန့်မာဆေးကျမ်းအလိုအရ ကြက်သွန်နီသည် ချို၏ ။ စပ်၏ ။ အနည်းငယ်ပူ၏ ။ လေသလိပ်၊ အဖျား၊ ချောင်းဆိုးနာတို့ကို နိုင်၏ ။ ဆီးရွှင်စေ၏ ။ နှုတ်မမြိန်ခြင်းနှင့် အော့အန်ရောဂါတို့ကိုပျောက်၏ ။

ကြက်သွန်နီ ဥကို အစိမ်းစားခြင်းဖြင့် ဆီးချုပ်ရောဂါပျောက်ကင်း၍ ဆီးရွှင်စေ၏ ။

ကြက်သွန်နီ စေ့ကို ထောင်းစားပါက အားတိုးစေ၏ ။

ကြက်သွန်နီ မီးဖုတ်အရည်နွေးနွေးကို နားထဲထည့်သော် နားကိုက်ရောဂါပျောက်၏ ။

ကြက်သွန်နီကို အရည်ညှစ်၍ နားထဲ တစ်နေ့()ကြိမ် ထည့်သော် နားပြည်ယိုရောဂါပျောက်၏ ။

သွားကိုက်ဝေဒနာခံစားရသူများ ကြက်သွန်နီကို ကိုက်သောသွားပေါက်နေရာတွင်ဖိထား၊ ကိုက်ထားပေးပါက သက်သာစေ၏ ။

မီးဖုတ်ထားသော ကြက်သွန်နီကို ခွဲပြီး ဆီးအိမ်ပေါ်၌ ပူပူနွေးနွေးကပ်ပေးသော် ကလေးဆီးချုပ်ရောဂါပျောက်၏ ။

ကြက်သွန်နီ အရည် အနည်းငယ်ကို တိုက်ကျွေးလျှင် ကလေးများ၏ ဝမ်းဗိုက်နာရောဂါ ပျောက်၏ ။

ကြက်သွန်နီ လတ်လတ်ဆတ်ဆတ်ကို အရည်ညှစ်၍ ကြွေဇွန်းထက်ဝက်၊ သကြားအနည်းငယ်ထည့်ပြီး တစ်နေ့တစ်ကြိမ် သောက်ပါက သွေးပါသော လိပ်ခေါင်းရောဂါသက်သာစေ၏ ။

ကြက်မျက်သင့်ရောဂါအတွက် ကြက်သွန်နီအရည်တွင် ဆားအနည်းငယ်ထည့်၍ မျက်စဥ်းခတ်ပေးသော် ပျောက်၏ ။

သကြားနှင့် ကြက်သွန်နီအရည်ညှစ်၍ ရှာလပတ်ရည်လုပ်သောက်သော် ဆီးပူရောဂါ၊ ဝမ်းရောဂါပျောက်၏ ။

ကြက်သွန်နီကို ဓားနှင့် လှီး၍ အစေးထွက်လာလျှင် ထိပ်ဝကို ကွမ်းစားထုံးသုတ်၍ ကင်းမြီးကောက်စေသော အဆိပ်ရှိ သတ္တဝါကိုက်သည့် နေရာ၌ ကြက်သွန်နီထိပ်ဝဖြင့် ပွတ်ခြင်း၊ အရည်ညှစ်၍ သုတ်လိမ်းခြင့်းဖြင့် အဆိပ်မတက်နိုင်တော့ချေ။

ထိုသာမက ကြက်သွန်နီကို သာမန်အအေးမိရောဂါ၊ နှလုံးရောဂါ၊ လေးဘက်နာရောဂါ၊ အရိုးကြွက်ဆတ်သောရောဂါနှင့် အခြားရောဂါများကုသရာတွင်လည်း အသုံးပြုကြပါသည်။ ဒူလာ၊ မီးယပ်၊ လေနာရောဂါများအတွက် ဆေးဖေါ်စပ်ရာတွင်လည်း သုံးကြသည်။ ထိခိုက်ဒဏ်ရာကြောင့် ညိုမဲရောင်ရမ်းနာကျင်ခြင်းကိုလည်း သက်သာစေပါသည်။ ကမ္ဘာ့ဒေသအတော်များများတွင် ကြက်သွန်နီကို အပူလောင်ခြင်းအတွက် ကုသရာတွင် အသုံးပြုကြပါသည်။

ပင်လယ်ပြာ (ငါးဦးစီးဌာန)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်