ရေကြီးနစ်မြုပ်လယ်မြေများ စပါး ပြန်လည်စိုက်ပျိုးရေး

08/08/2018 15:30 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

လယ်မြေများ ရေလွှမ်းခံရသည်။ နိုင်ငံတစ်ဝှမ်းတွင်ဖြစ်သည်။ အောက်ပိုင်းဒေသများတွင် အဆိုးဆုံးဖြစ်သည်။

စိုက်ပြီးသား ရေဖုံးလွှမ်းခံရတော့ ကောက်ပင်များ ရေမျက်နှာပြင်အောက်ရောက်သွားတော့သည်။ စပါးပင်က အတန်အသင့်တော့ ရေမြုပ်ခံနိုင်သည်။ ရေနစ်မြုပ်တာ ဘယ်လောက်ကြာမှာလဲ၊ မခန့်မှန်းနိုင်။ ရေကျလို့မြေသားပေါ်လျှင်ကော စပါးခင်းကောင်းပါဦးမည်လား။ ဒါလည်း အတပ်မပြောနိုင်။

တစ်ချို့ကတော့ စိုက်ခါနီး လယ်ကွက်အတွင်းရှိ ပျိုးလက်ပျိုးစည်းများ အင်အားပြင်းသည့် စီးရေတွင် မျောပါသွားသည်။ ပျက်စီးကုန်သည်။ ရေကျလျှင် စိုက်စရာ ပျိုးမရှိတော့။

ဘယ်လိုလုပ်မလဲ။ စိုက်ပျိုးရာသီတစ်ခုလုံး အဆုံးရှုံးမခံနိုင်ပါ။ စပါးခင်းပျက်စီးတော့ လယ်မြေဖြစ်လို့ စပါးကိုသာ ပြန်စိုက်လိုကြသည်။ အချိန်ကလည်းရှိသေးသည်။ ပုံမှန် ရေကြီးလေ့ရှိသည့်ဒေသများတွင် သြဂုတ်လနောက်ပိုင်းမှသာ စပါးစိုက်တာ အလေ့အထလို့သိရသည်။

ရေကြီးနစ်မြုပ်မှု အတွေ့အကြုံရှိသည့်ဒေသတွေမှာ ရေကျသည့်အချိန်ကို မှန်းဆပြီး ပြန်စိုက်ဖို့ ကုန်းမြင့်လယ်မြေတွင် ပျိုးထောင်ထားသည့် အလေ့အထရှိပြီးဖြစ်သည်။ ရေကျချိန်တွင် ပျိုးနှုတ်ကာ စိုက်လိုက်ရုံသာဖြစ်သည်။

အတွေ့အကြုံမရှိ၊ မိုးကြီးရွာ ချောင်းရေမြစ်ရေကြီး မမျှော်လင့်ဘဲ ရေကြီးရေလွှမ်းသည့် ဒေသများမှာတော့ အခက်တွေ့နိုင် သည်။ ပျိုးကို ကြိုတင်မထောင်ထားမိ၊ ရေကြီးမယ်မထင်လို့ဖြစ်သည်။

ရေကြီးနစ်မြုပ်လယ်မြေများ ရေကျချိန် ပြန်လည်စပါးစိုက်ပျိုးရေး နည်းလမ်းရှာဖွေရပေတော့မည်။

ပျိုးပို ရှာဖွေရယူစိုက်သည့်နည်းလမ်း

စပါးပျိုးထောင်ရာတွင် တစ်ဧက စပါးမျိုးစေ့ ၁၀ ပြည်၊ ၁၂ ပြည်၊ ၁ တင်း၊ ၁ တင်းခွဲ ဆိုသော်လည်း လယ်သမားအများစုက သေချာအောင် ပျိုးကို လိုသည်ထက်ပိုထောင်သည့် သဘာဝရှိသည်။ ရေလွတ်ရာအရပ်ရှိ ထွန်တုံးပိတ်သည့် လယ်သမားထံမှ ပျိုးပိုကို ရှာဖွေရယူ စိုက်ပျိုးရန်မှာ နည်းလမ်းတစ်ခုဖြစ် သည်။ 

သတိမူစရာပြောလိုသည်။ ပျိုးသက် နှစ်လသားကျော်လျှင်တော့ အထွက်ကောင်းစပါးဖြစ်စေ၊ ရာသီစပါးဖြစ်စေ၊ အသုံးမပြုသင့်ပါ။ 

ပျိုးသက်ကြီးလွန်းလျှင် အပင်ပွားစည်းချိန် မကျန်နိုင်တော့ပါ။ အထွက်ကောင်းစပါးဆိုလျှင် သက်တမ်းအလိုက် သီးပွင့်တာ ဖြစ်သည်။ ရာသီစပါးဆိုလျှင်လည်း ပန်းပွင့်ရက်က ပုံသေဖြစ်သည်။ အချိန်တန်လျှင် အနှံထွက်မည်။ အပင်ရှင်သန် အနှံ ထွက်သော်လည်း စပါးအထွက် လွန်စွာလျော့နည်းနိုင်ပါသည်။

ကောက်ပင်ခွဲယူ စိုက်သည့်နည်းလမ်း

ပြန်လည်စိုက်ပျိုးရန် ပျိုးရရှိရေး တစ်ခြားနည်းလမ်းကို စဉ်းစားသင့်သည်။ ၎င်းမှာမိမိ၏ ရေကြီးနစ် မြုပ်မှု မခံရသည့် လယ်ကွက်မှ ကောက်ပင်များကို ခွဲယူစိုက်ပျိုးသည့် နည်းလမ်းဖြစ်သည်။ သို့သော် ပျိုးရယူမည့် လယ်ကွက်အတွင်းရှိ ကောက် ပင်များသည်လည်း စိုက်ပြီးတစ်လသားခန့်သာ ဖြစ်သင့်သည်။ 

အဆိုပါ ကောက်ပင်များသည် အပင်ပွားနေဆဲဖြစ်ရာ ဆက်လက်ပွားနေဦးမည်ဖြစ်သည်။ ရေကြီးနစ်မြုပ်ပြီး ပြန်စိုက်သည့် လယ်ကွက်အတွင်းသို့ ရောက်ရှိသွားသည့် ကောက်ပင်များသည်လည်း အမြစ်စွဲသည်နှင့် အပင်ပွားစည်းချိန် ရရှိနေဦးမည် ဖြစ်ပါသည်။ 

ပျိုးထောင်နည်းသစ်

အခြားလယ်သမားထံမှ ပျိုးပိုမရရှိနိုင်၊ မိမိစိုက်ပြီးသား လယ်ကွက်မရှိလို့ ကောက်ပင်ခွဲယူစိုက်ဖို့လည်း အခြေအနေမပေးလျှင်တော့ ကိုယ့်အားကိုယ်ကိုးပြီး ဒုတိယအကြိမ် ပျိုးထောင်ဖို့ကိုသာ စဉ်းစားသင့်တော့သည်။

အရေးပေါ်ပြန်လည်ပျိုးထောင်ရာတွင် ပုံမှန်ပျိုးထောင်သကဲ့သို့ ဆောင်ရွက်ရန်မလိုချေ။ ရေကြီးရေနစ်မြုပ်လျှင်သော်လည်းကောင်း၊ မိုးခေါင်လျှင်သော်လည်းကောင်း၊ ပိုးမွှားရောဂါကြောင့် ပျက်စီးလျှင်သော်လည်းကောင်း အရေးပေါ်ပျိုး ထောင်နည်းကို အသုံးပြုသင့်သည်။ မြန်မြန်ဆန်ဆန် ပျိုးရရှိစေသည်။

ပျိုးခင်းနေရာ - ကုန်းမြင့်ရေလွတ်ရာ လယ်စောင့်တဲအနီးဖြစ်စေ၊ မိမိအိမ်ခြံဝင်းအတွင်းဖြစ်စေ၊ မြေသားအမာပေါ်တွင် ပြု လုပ်နိုင်သည်။ ထယ်ထိုးထွန်မွှေ တမန်းပြင်ရန်မလိုပါ။ သို့သော် နေရောင်ခြည်ကောင်းစွာရရှိသော နေရာဖြစ်ရမည်။ အရိပ်ကျသောနေရာ မဖြစ်စေရပါ။ ရေလောင်းပေးရန် ရေတွင်း၊ ရေကန်၊ အင်းအိုင်၊ မြစ်ချောင်းစသည့် ရေရရှိနိုင်သည့်နေရာနှင့် မလှမ်းမကမ်းဖြစ်ရပါမည်။

စပါးမျိုး - သက်လျင်အထွက်ကောင်းမျိုး ဖြစ်ရပါမည်။ ရာသီအလိုက် သီးပွင့်ရည့်မှည့်သော ဒေသစပါးမျိုးမဖြစ်စေရပါ။ အပင်ပေါက်ကောင်းပြီး မျိုးကောင်းမျိုးသန့်အင်္ဂါရပ်များနှင့် ညီညွတ်ရပါမည်။

စပါးမျိုးစေ့များကို စနစ်တကျ ရေဖြင့်စိမ်ပြီး ရေပေါ်တွင်ပေါ်သော အဖျင်းအမှော် လုံးပိန်လုံးညှပ်များကို သုံးကြိမ် ဖယ်ရှားပြီး ရေအောက်ရှိ အောင်မြင်ပြည့်ဖြိုးသော မျိုးစေ့များကို ရွေးချယ်ရယူရမည်။ ထို့နောက် မျိုးစေ့ရေစိမ် မျိုးအုပ် အညှောင့်ဖေါက်ရန် ဖြစ်ပါသည်။

ပျိုးထောင်နည်း- ပျိုးထောင်မည့်မြေသားအမာပေါ်တွင် ပလပ်စတစ် သို့မဟုတ် ငှက်ပျောရွက် ခင်းရပါမည်။  ဝါးခြမ်းပြားများဖြင့် အလျားလိုက်နှင့် အနံလိုက် အကန့်များ အကွက်လိုက်ဖြစ်ပေါ်အောင် ပြုလုပ်ရပါမည်။

အဆိုပါ အကန့်များအတွင်းသို့ မြေသားရာခိုင်နှုန်း ၇၀ မှ ၈၀၊ ကောင်းစွာဆွေးမြေ့ပြီးဖြစ်သော အော်ဂဲနစ်မြေဆွေး ၁၅ မှ ၂၀ ရာခိုင်နှုန်းနှင့် စပါးခွံဖွဲပြာ ၅ မှ ၁၀ ရာခိုင်နှုန်း ရောစပ်ထားသော မြေမှုန့်များကို အထူတစ်လက်မခန့် ထည့်သွင်းရပါ မည်။ ထို့နောက် မြေမှုန့်များစိုစွတ်အောင် သင့်တော်သလို ရေ လောင်းထားရပါမည်။

ထို့နောက် မျိုးညှောင့်ဖောက်ပြီးသား စပါးစေ့များကို မြေသားဖြည့်သွင်းထားသော အကန့်များအတွင်းသို့ ညီညာစွာဖြန့်ကြဲ၍ မြေမှုန့် သင့်တော်ရုံဖုံးပေးကာ ပျိုးထောင်ရန်ဖြစ်ပါသည်။

ဆက်လက်၍ ပျိုးပင်များကို ပြောင်းရွှေ့စိုက်ရန် မရယူမီအထိ လိုအပ်သလို ရေလောင်းခြင်း၊ မြေသြဇာရည် ပက်ဖျန်းခြင်း၊ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်း၊ ပြုစုဂရုစိုက်ခြင်းတို့ကို ဆောင်ရွက်ရန် ဖြစ်ပါသည်။

ပျိုးခင်းကို ဝါးခြမ်းဘောင်များဖြင့် အကန့်များပြုလုပ်၍ ပျိုးထောင်ခဲ့သောကြောင့် ပျိုးပင်များ ပေါက် ရောက်လာသည့်အခါ ဖျာငယ်များကဲ့သို့ ပျိုးဖျာများကို ရရှိလာမည်ဖြစ်ပါသည်။ ထို့ကြောင့် ပျိုးသက် ၁၅ ရက်မှ ၂၀ ရက်သားတွင် ရေကြီးနစ် မြုပ်ပြီး ရေပြန်ကျသည့် တမန်းပြုပြင်ပြီးသည့် လယ်မြေများသို့ အလွယ်တကူသယ်ယူကာ စိုက်ပျိုးနိုင်ပါသည်။

ရေကြီးနစ်မြုပ်ရေလွှမ်းခြင်းသည် မြစ်၊ ချောင်း၊ အင်း၊ အိုင်အနီးပတ်ဝန်းကျင်ရှိ လယ်မြေများတွင် ကြုံတွေ့နေကျ သဘာဝဖြစ်ပါသည်။ ထိုသဘာဝကို ကျော်လွှားရန် ကြိုတင်ပြင်ဆင်မှုများအဖြစ်  ဥပမာ၊ ပျိုးအပို ထောင်ခြင်း၊ မျိုးလက်ကျန် ထားရှိ ခြင်း၊ ပျိုးထပ်မံထောင်ရန် ပြင်ဆင်ထားခြင်း-စသည်တို့ ရှိသင့်ပါသည်။ ရာသီဥတု ဖေါက်ပြန်ပြောင်းလဲသော ယခုအခြေအ နေတွင် ပုံမှန်ထက် သတိဝိရိယထား၍ နည်းလမ်းမျိုးစုံကို အသုံးပြုကာ ကျော်လွှားနိုင်ရေး အစွမ်းကုန် ကြိုးစားသင့်လှပါ သည်။

 ဆင်းသီဟ

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်