ရာသီဥတုနှင့်လျော်ညီ အညာဒေသ၏ပဒေသာပင်

16/01/2018 14:26 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

အညာဒေသတွင် ရာသီဥတုနှင့်လျော်ညီစွာ ပေါများစွာပေါက်ရောက်သော အပင်မှာထန်းပင်များပင်ဖြစ်သည်။ ထန်းပင်များကို အညာဒေသတွင် ပဒေသာပင်ဟုတင်စား ခေါ်ဝေါ်ကြသည်။ ထန်းပင်တစ်ပင်လုံးမှ လူတို့အတွက် အသုံးမဝင်သော အစိတ်အပိုင်းဟူ၍ မရှိချေ။

ထန်းဖိုပင်နှင့်ထန်းမပင်မှ ထွက်ရှိသော ထန်းဖိုခိုင်နှင့် ထန်းသီးကိုလှီး၍ ထန်းလျက်ချက်သည်။ ထန်းရွက်ကိုနေအိမ် အဆောက်အအုံများတွင် အမိုးအကာအဖြစ် သုံးသည်။ ထန်းလက်ကို လျှော်ဆုတ်၍ တောင်း၊ ဆွဲခြင်းစသည့် လူ့အသုံးအဆောင်များ ရက်လုပ်ကြသည်။ ထို့အပြင် လျှော်ကို အဆောက်အအုံများ ဆောက်ရာတွင်သွပ်ကြိုး၊ ပလက်စတစ်ကြိုးများအစား ချည်နှောင်ရန် သုံးသည်။

ထန်းပင်မှထွက်ရှိသော ထန်းဆစ်ကို မီးမွေးရာတွင် လည်းကောင်း၊ တံမြက်စည်း စည်း၍လည်းကောင်း၊ အသုံးပြုနိုင်သည်။ ထို့အပြင် လျှော်မဆုတ်ရသေးသော ထန်းလက်ခြောက်ကို နေအိမ်များတွင် စားပွဲ၊ကုလားထိုင်၊ ထိုင်ခုံပြုလုပ် သုံးစွဲနိုင်သည်။ ထန်းပင်၏ ကိုယ်ထည်ပိုင်း (ပင်စည်) ကို ခွဲခြမ်းစိတ်ဖြာ၍ အညာဒေသရှိ နေအိမ်အဆောက်အအုံများတွင် ထုတ် ၊လျှောက် ၊ဒိုင်း ၊မြား အဖြစ် အသုံးပြုကြသည်။

အပင်ခြေ အမြစ်ဆုံကို နွားကျွေးရန် နွားစာကျင်း (နွားစာခွက်) သို့မဟုတ် ရေထည့်ရန် ကွင်း၍ အသုံးပြုနိုင်သည်။ ထန်းသီး အစေ့ကို မြေကျင်းတွင် စုပုံထည့်၍ ထန်းမြစ်အဖြစ် ပြုလုပ်စားသုံးနိုင်သည်။ ထန်းတစ်ပင်လုံး အသုံးမဝင်သည့် အစိတ်အပိုင်းဟူ၍ မရှိပေ။ ထန်းပင်တစ်ပင်လုံး အသုံးဝင်သော်လည်း ထန်းတစ်ပင်ဖြစ်ရန် မလွယ်ကူချေ။ အနှစ်၄၀၊ ၅၀ခန့် ကြာသည်ဟု ဒေသခံ လူကြီးများက ပြောပြသည်။
ယခင်ကထန်းပင်မှ ထန်းရည်ချိုနှင့်ထန်းလျက် ချက်သည့်လုပ်ငန်းကိုအဓိကထား လုပ်ကိုင်ကြသည်။ တောင်သူလုပ်ငန်းနှင့် ထန်းတက်သည့် အလုပ်ကို တွဲဖက်လုပ်ကိုင်ခဲ့ကြပြီး ထန်းတောင်သူဟူသော စကားအခေါ်အသုံးတွင်ကျယ်ခဲ့သည်။

ယခုအခါထန်းလှီးမည့် ထန်းလုပ်သားများ ရှားပါးလာခြင်း၊ ထန်းလျက်စျေးမကောင်းခြင်း တို့ကြောင့်ထန်းလှီးမည့်သူ နည်းပါးပြီး ထန်းပိုင်ရှင်များ ထန်းရွက်ချိုင် ရောင်းချနေကြရသည်။ ထို့ထက်ဆိုးဝါးစွာ ထန်းအပင်လိုက်ရောင်းချပြီး ထန်းသားအဖြစ် သစ်အစားထိုး ရောင်းချနေသည်မှာ စိတ်မကောင်းဖွယ်ရာပင်ဖြစ်သည်။

ယခင်က ညို့မှိုင်းနေသော ထန်းတောများမှာ ယခုအခါအပင်တို့ကျဲ လာသည်။ ယခုအတိုင်းကာလ ကြာရှည်လာပါက ပဒေသာပင်ဟုတင်စားပြီး တန်ဖိုးထားခဲ့ကြသည့် အညာထန်းပင်များ ရှားပါးလာမည်ကို ဒေသခံများ စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)

REF: ေၾကးမံႈ
 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်