အပင်ရှိအာဟာရများကို စုပ်ယူကာ သေစေသည်အထိဖြစ်စေနိုင်သည့် ကပ်ပါးပင်များ

09/12/2025 12:00 PM တွင် ဒေါက်တာ အိဖြူဝင်း ဒေါက်တာ အိဖြူဝင်း မှ ရေးသား

ကပ်ပါးအပင်များသည် ကမ္ဘာပေါ်ရှိ အဆိုးရွားဆုံးသော အပင်ပိုးမွှားများထဲမှ တစ်ခုဖြစ်သည်။ အထူးအင်္ဂါများ၏ အကူအညီဖြင့် ဤအပင်များသည် လက်ခံပင် တစ်ခုတွင် အခြေစိုက်ပြီး ၎င်း၏ သွေးကြောစနစ်ကို အားကိုးပြီး အသက်ရှင်သန်သည်။ ကပ်ပါးပင်များသည် ၎င်းတို့၏ "သားကောင်" ကို အားနည်းစေရုံသာ လုပ်ဆောင်သော်လည်း၊ အချို့ကပ်ပါးအပင်များသည် လက်ခံပင်ကို သေစေနိုင်ပြီး စိုက်ပျိုးရေးအတွက် ပြင်းထန်သော စီးပွားရေးခြိမ်းခြောက်မှုတစ်ရပ်ပင် ဖြစ်စေနိုင်သည်။ မျိုးစိတ်ပေါ်မူတည်၍ ကပ်ပါးအပင်များသည် အပင်မျိုးစိတ် တစ်မျိုးမှ ဒါဇင်ချီသည်အထိ ကပ်တွယ်နိုင်စွမ်းရှိကြသည်။

အဖြစ်များသော ကပ်ပါးအပင်များ

ယနေ့ခေတ်တွင် ကပ်ပါးအပင်မျိုးစိတ်ပေါင်း ၄၀၀ ခန့်ရှိပြီး ၎င်းတို့သည် သက်ရှိစနစ်ပေါ်တွင် များစွာသက်ရောက်မှုရှိကြသည်။ အဖြစ်များသော ကပ်ပါးပင်အချို့မှာ -

Mistletoe (ကျီးပေါင်းပင်) 

ဤအပင်သည် ကမ္ဘာအနှံ့တွင် တွေ့ရှိရသော ကပ်ပါးတစ်ပိုင်းအပင်မျိုးဖြစ်ပြီး အမြဲစိမ်းအပင် အမျိုးအစားဖြစ်သည်။ ကပ်ပါးပင်အနေဖြင့် ကျီးပေါင်းပင်သည် များပြားလှသော အပင်မျိုးစိတ်ပေါင်း၏ ကိုယ်ထည်ပေါ်တွင် ရှင်သန်နိုင်သည်။ ၎င်းတို့သည် ငှက်များသို့ ကပ်ညိနိုင်သော ထူးခြားမျိုးစေ့ပုံစံဖြင့် သယ်ဆောင်ခြင်းခံရကာ အခြားအပင်များဆီသို့ ပျံ့နှံ့ပါသည်။ ထိုမျိုးစေ့များသည် လက်ခံအပင်၏ အခေါက်မှတစ်ဆင့် အညှောက်ပေါက်ပြီး ၎င်း၏ အာဟာရစနစ်နှင့် ချိတ်ဆက်သွားကာ အာဟာရများကို စုပ်ယူပါသည်။

Cuscuta spp. (ကောက်ရိုးနွယ်ပင်) 

Cuscuta spp. သည် အပင်မျိုးစုံအတွက် အလွန်အန္တရာယ်ကြီးသော ကပ်ပါးနွယ်ပင် တစ်မျိုး ဖြစ်သည်။ ၎င်းသည် ပျံ့နှံ့မှုအားကောင်းပြီး လက်ခံပင်များ၏ ဇီဝကမ္မဖြစ်စဉ်ကို နှောင့်ယှက်ကာ စိုက်ပျိုးထုတ်လုပ်မှုကို လျော့ကျစေပြီး မကြာခဏ အပင်များ သေဆုံးသည်အထိ ဖြစ်စေနိုင်သည်။ ထို့အပြင် Cuscuta spp. သည် အပင်နှင့် တိရစ္ဆာန်ရောဂါပိုးများ သယ်ဆောင်ပျံနှံ့စေနိုင်ပါသည်။ ဤအချက်များကြောင့် ဤပေါင်းပင်သည် အထူးကြိုတင်ကာကွယ်ရေးနည်းလမ်းများချမှတ်ကာ လုပ်ဆောင်ပေးရမည့် အရာတစ်ခု ဖြစ်ပါသည်။ 

Orobanche spp. (ရွှေဆောင်ပင်) 

၎င်းသည် အစိမ်းရောင်အရွက်များ မရှိသဖြင့် အလင်းမှအစာချက်လုပ်ခြင်း မပြုနိုင်ပဲ လက်ခံပင်အပေါ်တွင် လုံးဝမှီခိုနေရသော အန္တရာယ်ကြီးမားသည့် အမြစ်ကပ်ပါးပင်တစ်မျိုးဖြစ် သည်။ Orobanche spp. ၏ မျိုးစေ့အညှောက်ပေါက်ရန်အတွက် မြေတွင်း၌ သင့်လျော်သော လက်ခံပင်တစ်ခု ရှိနေရမည်။ ထိုအခါ ဤပေါင်းပင်သည် လက်ခံပင်၏ အမြစ်များသို့ ကပ်တွယ်ကာ ပြင်ဆင်ပြီးသား အာဟာရများကို ရယူစားသုံးမည်ဖြစ်သည်။ ဤကပ်ပါးပင်သည် မျိုးစေ့ပေါင်း

၁၀၀,၀၀၀ အထိ ထုတ်လုပ်နိုင်ပြီး ၎င်းမျိုးစေ့များသည် လက်ခံပင်ကို စောင့်မျှော်ရင်း မြေကြီးထဲတွင် နှစ်ပေါင်း ၁၀ ကျော်ကြာအောင် အသက်ရှင်နိုင်စွမ်းရှိကြသည်။ ထို့ကြောင့် Orobanche spp. အား အန္တရာယ်ရှိသော ပိုးမွှားအဖြစ် ရှုမြင်သတ်မှတ်ကြခြင်း ဖြစ်သည်။

Striga spp.     

             

ဤအုပ်စုသည် အဓိကအားဖြင့် အပူပိုင်းနှင့် သမပိုင်းဒေသများတွင် တွေ့ရှိရပြီး သီးနှံပင်များ၏ ၁၀၀ ရာခိုင်နှုန်းအထိ ဖျက်ဆီးနိုင်ပြီး ပြန်လည်ကုစားမရနိုင်သော စီးပွားရေးဆိုင်ရာ ပျက်စီးမှုများကို ဖြစ်ပေါ်စေနိုင်သောကြောင့် အာဖရိကနိုင်ငံများတွင် ၎င်းတို့အား ကပ်ရောဂါအဆင့် သတ်မှတ်ထား သည်။ ဤပေါင်းပင်သည် အဓိကအားဖြင့် ကောက်ပဲသီးနှံများတွင် ကျရောက်သော်လည်း အခြားအပင်များကိုလည်း ကပ်ပါးပြုနိုင်သည်။ လက်ခံပင်များ၏ အမြစ်စနစ်နှင့်အတူကြီးထွားပြီး ရင့်မှည့်သည်နှင့်တစ်ပြိုင်နက် မျိုးစေ့များမှ ပျံ့နှံ့သွားသည်။  လက်ခံပင်များမှ ရေနှင့် အာဟာရများကို စုပ်ယူခြင်းဖြင့် သီးနှံအထွက်နှုန်းကို သိသိသာသာ လျော့ကျစေသည်။ ဤကပ်ပါးပင်များသည် အလွန်အသက်ရှည်ကြပြီး ယခင်ကူးစက်ခံခဲ့ရသော မြေနေရာတွင် ပြန်လည်စိုက်ပျိုးနိုင်ရန် ကိုးနှစ်ကြာမှ ဖြစ်နိုင်သည်။ ထိန်းချုပ်ရန် အတော်လေး ခက်ခဲပြီး သီးလှည့်စိုက်ခြင်း၊ ဆွဲဆောင်အပင်များ အသုံးပြုခြင်းနှင့် ပေါင်းသတ်ဆေးများ ဖျန်းခြင်းတို့ဖြင့် ကိုင်တွယ်ဖြေရှင်းလေ့ ရှိသော်လည်း စိုက်ပျိုးရေးအပေါ် မှီတင်းနေရသော ဒေသများတွင် Striga spp. သည်လူဦးရေ ရွှေ့ပြောင်းနေထိုင်မှုကိုပင် ဖြစ်ပေါ်စေနိုင်သည်။

ကပ်ပါးအပင်များကြောင့်ဖြစ်သော သီးနှံရောဂါများ ထိန်းချုပ်နည်းများ 

ကပ်ပါးပင်ကို ထိန်းချုပ်သော နည်းလမ်းများထဲမှ သီးနှံမစိုက်ခင် ကပ်ပါးပင်များကို အညှောင့်ပေါက်လာအောင် မြေပြုပြင်ပေးပြီး အညှောက်ပေါက်လာသော ကပ်ပါးမျိုးစေ့များသည် လက်ခံပင်မရှိ၍ သေစေခြင်းနည်းလမ်းဖြင့် နှိမ်နင်းပေးနိုင်သည်။ ထို့ပြင် လက်ဖြင့် ပေါင်းပင်သုတ်သင်ခြင်းနှင့် လက်ခံပင်မဟုတ်သော သီးနှံများ လှည့်လည်စိုက်ပျိုးခြင်း၊ ပေါင်းသတ်ဆေးများ ဖျန်းခြင်းတို့ကို လုပ်ဆောင်ရန် လိုအပ်သည်။ အထိရောက်ဆုံးနည်းလမ်းမှာ သဘာဝအတိုင်း ရောဂါဒဏ်ခံနိုင်သော အပင်များကို အသုံးပြုခြင်းပင် ဖြစ်သည်။

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်