ငရုတ်ကောင်းပင်တွင်ကျရောက်သော ရောဂါပိုးမွှားများအကြောင်း

18/09/2019 15:00 PM တွင် စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

 ငရုတ်ကောင်းပင်တွင်ကျရောက်သော ရောဂါပိုးမွှားများအကြောင်း

(က) ပိုးမွှား

ငရုတ်ကောင်းပင်တွင် ဆိုးရွားသောပိုးမွှားများ ကျရောက်ခြင်းမရှိဘကျိုင်းကောင်နှင့် ရွက်လိပ်ပိုးများသာ ကျရောက်တတ်ပါသည်။ အညွန့်များကိုမူခူကောင်များ ကျရောက်ဖျက်ဆီးတတ်ပါသည်။ ယင်းပိုးမွှားများကို ကာကွယ်ရန်အတွက် ဒိုင်မီခရွန်ဆေးရည်ကို (၁၅) ရက်လျှင်() ကြိမ်ကျ ပက်ဖျန်းပေးနိုင်ပါသည်။

ငရုတ်ကောင်းအသီးများကို ဖောက်ထွင်းစားသောက်သော နှာတံရှည်ကျိုင်း(pupper weevil) Lophobarts serratipers ကျရောက်ဖျက်ဆီးတတ်သည်။ အသီးများကို စုပ်စား၍ ဖျက်ဆီးသော ကြမ်းပိုးအုပ်စုဝင် Dasynus piperis နှင့် Meloidogyne javanica တို့ကျရောက်ဖျက်ဆီးတတ်သည်။

() ရောဂ

() ပင်ခြေပုပ်၍ရောဂါ (Foot Rot)

မိုးများလွန်းသဖြင့် အလွန်စိုထိုင်းသည့်အချိန်များတွင် ယင်းရောဂါကျရောက် ဖြစ်ပွားတတ်ပါသည်။ သီရိလကင်္ာနိုင်ငံတွင် ပင်ခြေပုပ်မှို(Pytopathora palmivora var- piperis) ကြောင့် ပင်ခြေပုပ်ကာ အရွက်များခြောက်၍ ကြွေကျပါသည်။ အိန္ဒိယနှင့် မလေးရှားနိုင်ငံတွင် ရောဂါကျရောက်မှုမှာ ဆိုးရွားသည်ကိုတွေ့ရပါသည်။ မိုးရေချိန်တစ်ကြိမ်တည်း ဆက်တိုက် (- ၁၂) လက်မ အထက်ရွာသွန်းပါက ရောဂါကျရောက် ကူးစက်မှု လျင်မြန်စေနိုင်သည်။ ပင်ခြေညိုပုပ်ပြီးအရွက်များဖျော့၍ ကြွေကျသွားစေကာ (၁၀-၂၀) ရက်ကြာလျှင် အပင်သေသွားတတ်ပါသည်။

(ဂ) ရောဂါဖြစ်စေသော မှို

Phytophthora palmivora

ရောဂါပင်ပြလက္ခဏာ

ဤပင်ခြေပုပ် အမြစ်ဆွေးရောဂါ ကျရောက်ပါက ငရုတ်ကောင်းပင် တစ်ခုလုံးသည်ညို၍ အရွက်များဝါလာသည်။ (-၁၄) ရက်အတွင်းအရွက်များ ကြွေကျ၍ အကိုင်းချည်းသာ ကျန်ခဲ့ပါသည်။ ထို့နောက်အကိုင်းခြောက်၍ အပင်ပါ သေစေသည်။ ရာသီဥတု စွတ်စိုချိန်တွင်အရွက်ကို တိုက်ရိုက် တိုက်ခိုက်နိုင်ပြီး ညိုသော အဝိုင်းပြောက်များသည်အနာရစ်များနှင့်အတူ စတင်ဖြစ်ပေါ်သည်။ ထို့နောက် အရွက်များကြွေကျသွားပါသည်။ အမြစ်တွင် ရောဂါကျရောက်ပါက မည်းနက်၍ ပုပ်ဆွေးနေသည်ကို တွေ့ရပါသည်။ မြစ်မွှေးများ၊ အမြစ်ငယ်လေးများတွင် စတင်ဖြစ်ပေါ်ပြီး ၄င်းမှတစ်ဆင့် ရေသောက်မြစ်မှသည် ပင်စည်သို့ ပျံ့နှံ့သွားပါသည်။ ပင်စည်သို့ ရောဂါပျံ့နှံ့ခြင်းသည် ငရုတ်ကောင်းပင် ညှိုးပြီးနောက်ရက် (၅၀) မှ (၆၀) အတွင်း ဖြစ်ပေါ်သည်။

ရောဂါကျရောက် ဖြစ်ပေါ်မှုသည် မိုးရွာသွန်းမှု များသည့် အချိန်တွင် ပိုမိုဆိုးရွားပါသည်။ ထို့ပြင် ရောဂါခံနိုင်ရည်မရှိသောမျိုး စိုက်ပျိုးခြင်းနှင့် ပုလဲမြေဩဇာ တစ်မျိုးတည်းကိုသာ အလွန်အကျွံ သုံးစွဲပါကလည်းဖြစ်ပေါ်နိုင်ပါသည်။ အထူးသဖြင့် ဤရောဂါသည် မြေကြီးမှတစ်ဆင့်လည်းကောင်း၊ ရေဖြင့်လည်းကောင်း ကူးစက်ပျံ့နှံ့နိုင်သည်။

ကာကွယ်နှိမ်နင်းနည်း

() မြေကြီးနှင့် ထိစပ်နေသော အောက်ခြေအကိုင်းများကို မြေနှင့်မထိစေရန် အကိုင်းများကို ဖြတ်ခြင်း (သို့မဟုတ်) ကောင်း စွာချည်နှောင်၍ထောင်ပေးပါ။

() ရေဝပ်ခြင်း မရှိစေရပါ။

) အရှေ့တောင်အာရှရှိ ငရုတ်ကောင်းမျိုးများသည် ဤ ပင်ခြေပုပ်ရောဂါကို ခံနိုင်ရည်နည်းပါး ပါသည်။ များသောအားဖြင့် အမေရိကမှ ငရုတ်ကောင်းမျိုးများသည် ဤပင်ခြေပုပ်ရောဂါဒဏ်ကို ပိုမိုခံနိုင်ရည် ရှိသည်။ မျိုးကိုင်း ရွေးချယ်ရာတွင် ရောဂါမကျရောက်သော စိုက်ခင်းမှ ရောဂါကင်း ကိုင်းပြတ်များကိုမျိုးယူရမည် ဖြစ်ပါသည်။ ၄င်းကိုင်းဖြတ်ကို တစ် ရာခိုင်နှုန်း ဘော်ဒို ဆေးရည်တွင် () မိနစ် () မိနစ်ခန့် နှစ်ပြီး စိုက်ပါ။

() ရောဂါဖြစ်သောမြေတွင် မျိုးကိုင်းဖြတ်ကို မြေမချမီ ဘော်ဒိုဆေးရည် (သို့မဟုတ်) ပယ်ရီနော ဆေးရည်ကို အပင်ခြေတွင် စိုက်ချိန်နှင့် မုတ်သုန်ရာသီမစမီ လောင်းထည့်ပေးရန် လိုအပ်ပါသည်။

() ရောဂါကျရောက်ပါက ရောဂါရပင်ကြွင်း၊ ပင်ကျန်၊ အမြစ်၊အရွက် စသည်အားလုံးကို မီးရှို့ဖျက်ဆီးပ

() မိုးတွင်း၌တွယ်ကပ်ပင်ကို နေရောင်ခြည်ရရှိရန်နှင့် လေဝင်လေထွက်ကောင်းရန် ပြုလုပ်ပေးရပါမည်။ မိုးများသော ဒေသ များတွင် ငရုတ်ကောင်းအပင်ကြီးများ၏ အောက်ခြေတွင် ()လက်စခန့် ဘော်ဒိုဆေးရည်အပျစ် (Bordeaux Paste) ကို သုတ်လိမ်းထားရန် လိုအပ်ပါသည်။

() ဘော်ဒိုဆေးရည်အစား မှိုသတ်ဆေးများဖြစ်သော ရီဒိုမေးလ်၊ဖော်တာဇက်၊ နီချီမီဇိုင်း စသည့်ဆေးများကိုလည်း အပင်ကို

ဖျန်းခြင်း၊ ပျိုးပင်စိမ်ခြင်း၊ မြေကြီးတွင် လောင်းခြင်း၊ ပင်ခြေတွင်သုတ်လိမ်းခြင်းတို့ ပြုလုပ်နိုင်ပါသည်။

() ပင်ခြေတွင် ဘော်ဒိုဆေးရည်နှင့် မှိုသတ်ဆေးများ မလောင်းထည့်မီ ပင်ခြေရှိပေါင်းများကို ရှင်းလင်းရန် လိုအပ်ပါသည်။

ပင်ခြေတွင် ပေါင်းမြက်များရှိခြင်းသည် ပင်ခြေပုပ်ရောဂါကို ဖြစ်ပွားစေနိင်ပါသည်။

စိုက်ပျိုးရေးဦးစီးဌာန