ပဲတောင့်ရှည်တွင်ကျရောက်တတ်သော ပိုးမွှားများ (၃)

12/10/2020 19:00 PM တွင် ဒေါက်တာကိုကို ဒေါက်တာကိုကို မှ ရေးသား

ပဲပင်စည်ထိုးယင်

ဖျက်ဆီးပုံလက္ခဏာများ

  • နူးညံ့သည့်အရွက်များ တွဲလျောင်းကျနေကာ အဝါရောင်ပြောင်းသွားကြသည်။ ပဲပင်ငယ်များ ဆိုးဝါးစွာဖျက်ဆီးခံရသည်။ 
  • ယင်လောက်ကောင်နှင့် ရုပ်ဖုံးရှိသောပင်စည်များ ပွယောင်းလာပြီး အရိုးသာကျန်တော့သည်။
  • အပင်အိုများ ပုလာသော်လည်း မသေပါ။

ဖျက်ပိုး၏ဝိသေသလက္ခဏာများ

  • ဥဘဝမှာ ၃ ရက်ခန့်ကြာသည်။
  • လောက်ကောင်ဘဝမှာ ၅-၆ ရက်ကြာသည်။ ရုပ်ဖုံးကာလ ၈-၉ ရက်ကြာသည်။ 
  • အရွယ်ရောက်ကောင်သည် သေးငယ်သော ယင်နက်နှင့်တူသည်။ အမသည် ဥ ၃၈-၇၉ ခန့် ကို ပဲသီးများ သို့မဟုတ် ပန်းဖူးများပေါ်တွင် တစ်လုံးချင်းအုသည်။ 

ကာကွယ်နှိမ်နင်းခြင်း

    မျိုးစေ့တစ်ကီလိုဂရမ်ကို ကလိုပိုင်ရီဖော့စ် (Chlorpyriphos) ကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း လူးနယ် စိုက်ပျိုးပါ။ အောက်ပါဆေးတစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း အသုံးပြုပါ။

  • ကာဘာရိုင်းလ် (Carbaryl) ကို 
  • အင်မီဒါကလိုပရစ်ဒ် (Imidacloprid) 
  • တမာစေ့ခွံစစ်ကျရည် (Neem Seed Kernel Extract) 

ယင်ဖြူ

ဖျက်ဆီးပုံလက္ခဏာများ

  • အသီးများတွင် အနက်စက်များတွေ့ရသည်။
  • အသီးစိမ်းများကြွေကျသည်။
  • တွန့်ရှုံ့သော ပဲစေ့များနှင့်အတူ အဆံမအောင်သောအသီးများကို တွေ့ရသည်။

ဖျက်ပိုး၏ဝိသေသလက္ခဏာများ

  • ညိုနက်ရောင်ရှိကာ စက်ဝိုင်းခြမ်းပုံရှိသည်။
  • အကောင်ငယ်များသည် ညိုနက်ရောင်ပုရွက်ဆိတ်များနှင့် တူသည်။

ကာကွယ်နှိမ်နင်းခြင်း

    အောက်ပါပိုးသတ်ဆေးတစ်မျိုးမျိုးကို ပိုးသတ်ဆေးဘူး/အိတ်ပါ အညွှန်းစာပါအတိုင်းသုံးပါ။ 

  • ဒိုင်မီသိုအိတ် (Dimethoate)
  • အင်မီဒါကလိုပရစ်ဒ် (Imidacloprid)
  • သိုင်ယာမက်သိုဇင် (Thiamethoxam)

ဒေါက်တာကိုကို (စိုက်ပျိုးရေး) 

ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်