ဝက်ကလေးများ မွေးဖွားချိန်သတိထားရမယ့်အချက်များ

25/03/2022 12:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

 

ဝက်မကြီးမွေးဖွားခါနီးလာရင် (၃၊ ၄) ရက်အလိုက စပြီး ပြင်ပမျိုးပွားအင်္ဂါက ရောင်ရမ်းလာပါတယ်။ ဝက်မလေးစချတာနဲ့ နို့အုံလည်းရောင်ရမ်းလာပြီး နို့အုံရောင်ရမ်းလာပြီး နို့ဦးရည်လည်း ထွက်လာပါတယ်။

ဝက်တွေက နံနက်ပိုင်းမှာ မွေးလေ့မရှိပဲ နေ့ခင်း၊ ညနေ နဲ့ ညပိုင်းမှာ အများဆုံးမွေးလေ့ရှိပါတယ်။ ဝက်မကြီးတွေက လဲလျောင်းလျက် ဘေးတိုက်မွေးလေ့ရှိပြီး မွေးဖွားချိန်မှာ အံကြိတ်သံတွေနဲ့အတူ အသက်ရှုနှုန်းပါ မြင့်တက်လာပါတယ်။ တစ်ကောင်ချင်းစီမမွေးဖွားမီ အသက်မရှုပဲ တဆက်ဆက်တုန်ပြီး ညှစ်နေတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ တစ်ကောင်နဲ့ တစ်ကောင် မွေးဖွားပြီးတိုင်း ၁၅မိနစ်ခန့် ရေမွှာပေါက်ကာ အရည်တွေဆင်းလာပြီးတော့ ကလေးမွေးချိန် စုစုပေါင်း ၂ နာရီကနေ ၈နာရီထိကြာနိုင်ပါတယ်။ ဝက်ငယ်နို့မစို့ခင်အထိ ဝက်မကြီးက ဝက်ကလေးကို အာရုံထားလေ့မရှိပေ။ မွေးဖွားနေစဉ်မှာ ဝက်မကြီးက ဘက်ပြောင်းမှုတွေပြုလုပ်နိုင်သဖြင့် ဝက်ငယ်နို့သီးလိုက်ရှာနေချိန်နဲ့ တိုးပါက ဖိမိ၍သေဆုံးတတ်ပါတယ်။ ဝက်ငယ်များသေဆုံးမှုကို နည်းစေရန်အတွက် ဝက်မကြီးမွေးဖွားနေစဉ် ဘေးတိုက်လှုပ်ရှားမှုကို ထိန်းချုပ်ထားရပါမယ်။ 

 

ဝက်အချင်းက ၃ ကီလိုဂရမ်ကနေ ၄ ကီလိုဂရမ်အထိရှိပြီး အချင်းကျမှန်းမသိပါက ဝက်မကြီးမှ စားပစ်တတ်ပါတယ်။ သန္ဓေသားကို ဝန်းရံထားတဲ့ အရည်တွေက ၁.၅ ကီလိုဂရမ်ခန့်ရှိပြီး မွေးစဝက်ငယ်တွေက လမ်းလျှောက်ရန် အခက်အခဲရှိသော်လည်း နိုးထလှုပ်ရှားနေပါတယ်။ ဝက်ငယ်လေးတွေက နို့စို့ရန်နဲ့ နွေးထွေးမှုရရှိရန် မိခင်ထံကို ချည်းကပ်ကြပါတယ်။ အပူပိုင်းဒေသမှ ဖြစ်ရင်တောင်မှ ဝက်ငယ်တဝိုက်ကို အပူပိုင်းကိရိယာ ထားရပါမယ်။ အလင်းရောင်နဲ့ အပူချိန်က ဝက်ငယ်တွေကို စွဲဆောင်စေပြီး ညခင်းပိုင်းတွင် မွေးပါက ဝက်ငယ်တွေကို သေဆုံးမှုနည်းစေပါတယ်။ ရိုးရှင်းစွာ မီးအိမ်တွေကို အသုံးပြုနိုင်ပါတယ်။ လျှပ်စစ်မီးမရရှိပါက ဓာတ်ဆီ၊ ရေနံဆီ တို့ကို သုံးပြီးတော့ အပူပေးနိုင်ပါတယ်။ 

 

ဝက်ငယ်တွေမွေးဖွားရာမှာ ချက်ကြိုးတွေကပ်လျက်ပါလာပြီး မွေးဖွားပြီး မိနစ်အနည်းငယ်အတွင်းမှာ ချက်ကြိုးများ ခြောက်သွေ့ပြီးတော့ လှည့်ပတ်သွားလာနိုင်ပါတယ်။ ချွင်းချက်ကိစ္စရပ်များမှ လွဲ၍ ချက်ကြိုးဖြတ်ရန် မလိုပါ။

 

 

ဝက်ငယ်များမွေးဖွားရာ ပတ်ဝန်းကျင်က သန့်ရှင်းမှုရှိရင် ရောဂါဖြစ်ပွားမှုနည်းပါတယ်။ ပတ်ဝန်းကျင် သန့်ရှင်းမှုမရှိပါက ဝက်မကြီးမှာ ဖျားနာခြင်း၊ အစာမစားခြင်း နှင့် ဝက်ငယ်တွေကို နို့မတိုက်ခြင်း တို့ကိုပါဖြစ်လာနိုင်ပြီးတော့ အသက်အန္တရာယ်စိုးရိမ်ရပါက တိ/ကု ဆရာဝန်ရဲ့ အကူအညီကို ရယူဖို့လိုအပ်ပါတယ်။

 

Ref; စိုက်ပျိုးပညာပေးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ထုတ်ဝေသော ခေတ်မီမွေးမြူရေး နည်းပညာများစာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်