အညာဒေသ၌ ထန်းတက်လုပ်သားရှားပါးခြင်းနှင့်အတူ ထန်းလျက် ဈေးကောင်းမရရှိခြင်း တို့ကြောင့် ဒီဇင်ဘာလ (နတ်တော်လ) တွင် ထန်းတက်လုပ်ငန်း စတင်ချိန်ဖြစ်သော်လည်း လုပ်ကိုင်သူနည်းပါးကာ ထန်းတောပိုင်ရှင်များသည် ခုတ်လှဲပြီးသစ်အဖြစ် ရောင်းချခြင်းများ ရှိနေကြောင်း၊ နှစ်ကြာလာပါက ထန်းတောပြုန်းတီးမှုဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြရကြောင်း ချောက်နှင့် ရေနံချောင်းမြို့နယ်တို့ရှိ ဒေသခံများ ထံမှသိရသည်။
စိုက်ပျိုးခဲ့
အဆိုပါဒေသတို့၌ အဘိုးအဘွားများလက်ထက်ကတည်းက အရိပ် ရပင်အဖြစ်လည်းကောင်း၊ သီးနှံများရိတ်သိမ်းပြီး နားနေချိန် ပွင့်လင်း ရာသီ၌ တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေရေး အတွက်လည်းကောင်း ရည်ရွယ်ချက်တို့ဖြင့် ထန်းပင်များကို စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။
"ထန်းသားကို သစ်အဖြစ်အသုံးပြုတာရယ်၊ လက်မှုပစ္စည်းအဖြစ် အသုံးပြုတာတွေရှိတယ်။ သစ်မာဈေးတစ်တန်ကို ကျပ် ၁၄ သိန်းရှိတယ်။ အခြားသစ်တစ်တန်ကို ကျပ် ရှစ်သိန်းပေါက်တယ်။ ဒါကြောင့် ဆောက် လုပ်ရေးပစ္စည်းအဖြစ်၊ လက်မှုပစ္စည်းအဖြစ် ထန်းသား တစ်တန်ကို ကျပ်ငါးသိန်းနဲ့ ဝယ်တယ်။ လက်တွေ့ဝင်ငွေရတဲ့အတွက် ခုတ်လှဲ ရောင်းချနေကြတယ်။ နှစ်ကြာလာရင်တော့ ထန်းပင်တွေ ပြုန်းတီးမှုဖြစ် နိုင်တာပေါ့"ဟု ချောက်မြို့နယ်မှဒေသခံ ကိုဝင်းကြိုင်က ပြောဆိုသည်။
ဖန်တီးပေးသင့်
"၂၀၁၆ ခုနှစ်က ထန်းပင်တစ်ရာဆိုရင် ထန်းတက်လုပ်ငန်းလုပ် ကိုင်သူ သုံးဆယ်ခန့် ရှိတယ်။ ၂၀၁၇ ခုနှစ်မှာ ထက်ဝက်ပဲ လုပ်ကိုင်နိုင် တော့တယ်။ အဓိကက ထန်းကနေထွက်တဲ့ပစ္စည်းတွေ ဈေးကွက်မဝင် တာ။ ထန်းလျက်အစား တရုတ်ကဝင်တဲ့သကြားက တစ်ပိဿာမှ ကျပ် ၁,၂၀ဝ ပဲရှိတာ။ ထန်းလျက်က ကျပ် ၁,၈၀ဝ ဈေးရှိတယ်။ လုပ်ငန်းရှင်က သကြားကို သုံးတာလည်းပါတယ်။ ခြုံငုံသုံးသပ်ပါဆိုရင် ထန်းပိုင်ရှင်တွေ အတွက် ထန်းနဲ့ပတ်သက်တဲ့ ထန်းလျက်ဈေးကောင်းရအောင် ဖန်တီး ပေးသင့်ပါတယ်"ဟု ရေနံချောင်းမြို့နယ်မှ ဦးထွန်းဦးက သုံးသပ်သည်။
ရေနံချောင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောအုပ်တစ်ဦးက "ထန်းပင်က ကျေးလက်ဝင်ငွေရအောင်ဆောင်ရွက်ပေးတယ်။ ထန်းပင်ရဲ့ အသားကို လယ်ယာသုံးအဖြစ်ရယ်၊ နေအိမ်နဲ့ တင်းကုပ်ဆောက်လုပ် ရတဲ့နေရာမှာ အသုံးပြုလို့ရတယ်။ ထန်းတောပြုန်းအောင်တော့ မခုတ် ကြနဲ့ပေါ့။ ခုတ်ပြီးရင်လည်း ထန်းပင်ကို အစားထိုးပြန်စိုက်ပျိုးတာတွေလုပ်ဆောင်ရမယ်" ဟု ပြောဆိုသည်။
Myanmar Time
မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်