ရေက အပင်တွေအတွက် ဘယ်လောက်အထိအရေးပါပါသလဲ...

19/02/2023 11:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မြေဆီလွှာအတွင်းရှိ ရေကို အရည်၊ အငွေ့နှင့် အစိုင်အခဲဟူ၍ အခြေအနေ(၃)မျိုးကိုတွေ့ရပါသည်။ အရည် သို့မဟုတ် အစိုင်အခဲသည် မြေဆီလွှာအလေးချိန်၏ ၃၀ ရာခိုင်နှုန်းခန့်ပါဝင်ပြီး အငွေ့မှာ မြေဆီလွှာအလေးချိန်၏ အပုံတစ်သန်းတွင် အနည်းငယ်မျှသာ ပါဝင်သည်။ မြေဆီလွှာအစိုဓာတ် သင့်လျော်စွာ ရရှိခြင်းသည် အပင်ရှင်သန်ကြီးထွားရန်အတွက်လည်းကောင်း၊ အပင်မစိုက်မီ မြေယာပြုပြင်ရာတွင်လည်းကောင်း အလွန် ရေးကြီးပါသည်။ အပင်အများစု၏အလေးချိန် ၈၀% (အချို့အပင်များတွင် ၉၀% ကျော်) မှာရေဖြစ်ပါသည်။ အချို့သစ်မာပင်၏ပင်စည်နှင့်အမြစ်တို့၌ ရေပါဝင်မှုသည် ၄၀% ကျော်ဖြစ်ပါသည်။ အပင်၏အစိတ်အပိုင်းများအနက် မျိုးစေ့၌ ရေအနည်းငယ်သာပါ၀င်ရာအချို့မျိုးစေ့များ၌ ရေ ၂၀% သို့မဟုတ် အနည်းငယ်သာ ပါ၀င်ပါသည်။

အပင်တို့အစာချက်လုပ်ခြင်းအတွက် ရေသည် မရှိမဖြစ် အရေး ကြီးပါသည်။ အပင်၏သက်ရှိဆဲလ်အတွင်း ရေလုံလောက်စွာရှိပါက အပင်သန်စွမ်းမှုကို အားပေးသည်။ မြေဆီလွှာအတွင်းတွင် လုံလောက်သောရေရှိပါက အပင်၏အာဟာရဓာတ်ပြည့်ဝစေခြင်း၊ သီးနှံပင်ရှင်သန်ကြီးထွားစေခြင်းတို့ ဖြစ်စေပါသည်။ ထို့ ပြင် မြေတွင်းရှိ အဏုဇီဝသက်ရှိများ ရှင်သန်ကြီးထွားမှု၊ ဓာတုဓာတ်ပြုခြ င်းများဖြစ်ပေါ်မှု၊ ယင်းဓာတ်ပြု ခြင်းကြောင့် သီးနှံပင်များ ရှင်သန်ကြီးထွားမှုတို့ကို ထိန်းချုပ်ပေးပါသည်။ အပင်ဆဲလ်အတွင်းရှိ ရေသည် ပင်ရည်ပျံခြင်းဖြင့် အပူစီးဆင်းမှုကို ထိန်းညှိပေးပါသည်။ အပင်သည် ပင်ရည်ပျံခြင်းကြောင့် မြေဆီလွှာအတွင်းမှရေနှင့်အာဟာရကို ပိုမိုစုပ်ယူနိုင်သည်။ မြေဆီလွှာအတွင်းရှိ ရေဓာတ်ပျောက်ဆုံးမှုမှာပင်ရည်ပျံခြင်းကြောင့် ဖြစ်ပေါ်ရသကဲ့သို့ မြေမျက်နှာပြင်ပေါ်သို့ မြေဆီလွှာအတွင်းမှလေဟာပေါက်များ ပေါင်းစပ်၍ဖြစ်ပေါ်လာသော သေးငယ်သည့် ပြွန်က်ပါက်များမှတစ်ဆင့်ဆုံးရှုံးကာလျော့နည်းသွားစေသည်။ သီးနှံများအောင်မြင်ဖြစ်ထွန်းရေးအတွက် မြေတွင်းရှိရေကိုပင်ရည်ပျံခြင်းဖြင့်သာ ပျောက်ဆုံးစေသင့်သည်။ မြေဆီလွှာ၏ ပြွန်ပါက်ငယ်များမှတစ်ဆင့်ရေဆုံးရှုံးမှုကို အနည်းဆုံးရရှိရန် ဆောင်ရွက်သင့်သည်။ မြေတွင်းကရေစုပ်ယူနိုင်မှု နည်းပါးလာပါက အပင်များ ယာယီညိုးရာမှ ထာဝရညိုးသေသွားနိုင်ပါသည်။

Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်