အာဖရိက၀က် အပြင်းဖျားရောဂါ ကြိုတင် ကာကွယ်ရေး သတိပေး နှိုးဆော်ချက်

01/03/2019 10:01 AM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

 

၁။ အာဖရိက၀က် အပြင်းဖျားရောဂါသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်နှင့် နယ်နိမိတ်ချင်း ထိစပ်လျှက် ရှိသည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ယူနန်ပြည်နယ် အပါအ၀င် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အ ရှေ့မြောက်ပိုင်း ဒေသ၊ အလယ်ပိုင်း ဒေသနှင့် အရှေပိုင်းဒေသတို့ရှိ ပြည်နယ် အချို့ရှိ ၀က်ခြံပေါင်း ၁၀၄ ခြံတွင် ရောဂါပျံနှံ ဖြစ်ပွားခဲ့ပြီး ၀က်ကောင်ရေ ၉၅၀၀၀၀ အားသုတ်သင် ရှင်းလင်း ခဲ့ရသောကြောင့် မိမိနိုင်ငံရှိ ၀က်ခြံ များကို လည်း အာဖရိက ၀က်အပြင်ဖျားရောဂါ ကူးစက်ပျံနှံမှု မရှိစေရေး အတွက် မွေးမြူရေးခြံများ၏ ဇီ၀လုံခြုံမှုကို စနစ်တကျ မြှင့်တင်ရန် လိုအပ်ပါသည်။ အာဖရိက ၀က်အပြင်းဖျား ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အ တွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေး နှိုးဆော်အပ်ပါသည်။

 

(က) ၀က်မွေးမြူရေးခြံများ၏ ဇီ၀လုံခြုံမှုကို အထူးဂရုပြုဆောင်ရွက်ရန် ၊

 

 

() ၀က်ခြံများနှင့် သားငါးဈေးများတွင် စနစ်တကျ ပိုးသတ်ဆေး ဖျန်းခြင်း၊ ပုံမှန် ပြုလုပ်ဆောင် ရွက်ရန်၊

 

() အိမ်မွေး၀က် များကို အပူ အပြင်းပြင်းဖြင့် ချက်ပြုတ်ထားခြင်း မရှိသော စားသောက်ဆိုင် များမှ စားကြွင်း / ကျန် ကျွေးခြင်း မပြုလုပ်ရန်၊

 

() အခြားခြံမှ အသုံးအဆာင် ပစ္စည်းများ ငှားရမ်းသုံးစွဲခြင်း မပြုရန်နှင့် လူအ၀င်အထွက် ထိန်း ချုပ်ရန်၊

 

() အသက်အရွယ်တူ ၀က်များကိုသာ အတူတူမွေးမြူရန် ၊ အပူချိန် စိုထိုင်းဆ၊ လေ၀င်လေ ထွက် ကောင်းမွန်စေရန်၊

 

() ရောဂါ ကင်းရှင်းကြောင်း စိတ်ချရသောခြံမှ ၀က်များကို ၀ယ်ယူ မွေးမြူရန်၊ ၀ယ်ယူသည့် ၀က်များကို မိမိခြံရှိ ၀က်များနှင့် မရောမီ သီးသန့်ခွဲခြားထား၍ ရောဂါကင်းရှင်းမှ မွေးမြူ ရန် ၊

 

() ပြည်ပမှ တရားမ၀င် တင်သွင်းလာသော ၀က်အရှင်နှင့် ၀က်ထွက်ပစ္စည်းများ ဖြစ်သည့် ၀က်သား၊ အေးခဲ၀က်သား ၊ ၀က်ပေါင်ခြောက် ၊ ၀က်အူချောင်း နှင့် အခြား၀က်ထွက် ပစ္စည်းများ တင်သွင်းခြင်း ၊ ရောင်းချခြင်း ၊ စားသုံးခြင်း မပြုရန် ၊

 

() တော၀က်နှင့် အိမ်မွေး၀က်များ ရောနှောထိတွေ့ခြင်းမှ ကာကွယ်ရန် ၊

 

() တော၀က်နှင့် အိမ်မွေး၀က်များ ပုံမှန်မဟုတ်ဘဲ ရုတ်တရတ် သေဆုံးပါက နီးစပ်ရာ အုပ်ချုပ်ရေး အဖွဲ့ ၊ မွေးမြူရေး နှင့် ကုသရေး ဦးစီး ဌာန ၊ မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ လုပ်ငန်း အဖွဲ့ထံသို့ ချက်ချင်း သတင်းပို့ရန် ၊

 

() ရောဂါကြိုတင် ကာကွယ်ရေးနှင့် ရောဂါစူးစမ်း ရှာဖွေခြင်း လုပ်ငန်းများတွင် သက်ဆိုင်ရာဌာန ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း ပါ၀င် ဆောင်ရွက်ရန် ။

 

မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန

 

စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန

 


 


 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်