သရက်သီးနှံ၏ အဆိုးဆုံးပိုးတစ်မျိုးဖြစ်သည်။ သီးထိုးယင်ဥသည် အသီးအသားအတွင်းသို့ ထိုးဖောက် ဥပြီး သား လောင်းများကြီးလာပါက အသီး၏အတွင်းသားကို စားသောက်ဖျက်ဆီးပါသည်။ သားလောင်းမှ ပိုးရုပ်ဖုံးအဆင့်ပြောင်း လဲခြင်းကို မြေကြီးအတွင်းတွင် ပြုလုပ်သည်။ သရက်တွင်သာမက သစ်သီးဝလံအမျိုးမျိုးတွင် ကျရောက်တတ်သည်။ သီးထိုးယင်မသည် အသီးများကို ထိုးဖောက် ဥ အု၍ ဖျက်ဆီးတတ်သည်။ အသီးအတွင်းမှ သားလောင်းငယ်သည် အသီး၏ အတွင်းသားကို စားသောက်ဖျက်ဆီးသည်။
သီးထိုးယင်၏ ဘဝသံသရာစက်ဝန်း
ဥ အဆင့် - အသီးအခွံအောက်ခြေမှ ၂ စင်တီမီတာအကွာတွင် ဥ အုသည်။ အကောင်ပေါက်ရန် (၅-၇) ရက်ကြာတတ်သည်။
သားလောင်းအဆင့် - လောက်ကောင်အမျိုးအစားဖြစ်သည်။ (၇ - ၁၁)ရက် ကြာမြင့်တတ်သည်။
ရုပ်ဖုံးဘဝ - ပိုးရုပ်ဖုံးဘဝမှ အကောင်ကြီးဖြစ်ရန် (၉-၁၂) ရက်ခန့်ကြာသည်။
အကောင်ကြီးဘဝ - သက်တမ်း (၁ - ၃) လခန့်ကြာမြင့်သည်။
ဖျက်ဆီးပုံ
အကောင်ကြီးသည် အသီးခွံအားဖောက်ပြီး ဥ အုသည်။ အသီးခွံ အရောင်အဆင်းပျယ်ပြီး ရောဂါဝင်လွယ်သည်။ လောက်ကောင်သားလောင်းသည် အတွင်းသားတစ်သျူးကို စားပြီးဖျက်ဆီးသည်။
ကာကွယ်နှိမ်နှင်းနည်းများ
- ဓာတုပိုးသတ်ဆေးများကို မသုံးပဲ နှိမ်နှင်းပါ၊
- ဇီဝသက်ရှိကို အသုံးပြု၍ နှိမ်နှင်းပါ။
- စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်များဖြင့်နှိမ်နှင်းပါ။
- သီးထိုးယင် မကျရောက်သည့်အခြားသီးနှံများနှင့် သီးနှံရောစိုက်ခြင်း၊ စိုက်ခင်းအတွင်း သန့် ရှင်းရေးပြုလုပ်ခြင်း၊ ပင်ခြေရှိမြေကြီးအား ထွန်ယက်ပေးခြင်း၊ သရက်သီးများ အိတ်စွပ်ခြင်း၊ ပိုးပြေးစေသော အနံ့ရှိသည့် ဓာတုပစ္စည်း များချိတ်ဆွဲခြင်း။
- ဓာတုနည်းဖြင့်နှိမ်နှင်းခြင်း။
- အစာနှင့် အဆိပ် ရောနှောပက်ဖျန်းခြင်း။(1/2 ပရိုတင်းနှင့် ပိုးသတ်ဆေးအတွဲ)
- အဖိုမြုံစေသောနည်း။( မီသိုင်း ယူဂျီနောနှင့် ပိုးသတ်ဆေး)
- အဖိုမြုံနေသော ပိုးများကို ကွင်းအတွင်းလွှတ်၍ အမများ မျိုးမအောင်စေခြင်း။
သရက်သီးခူးဆွတ်ပြီးချိန်တွင် အသီးတွင်းပါရှိသော သားလောင်းများကို နှိမ်နှင်းရန်
- ရေ ၅၃ ဒီကရီ စင်တီဂရိတ်တွင် ၁၀ မိနစ်ခန့် စိမ်ပေးပါ။
- မီးခိုးမှိုင်းတိုက်ပေးခြင်း။
- EBD 16 ဂရမ်/မီတာကို အပူချိန် ၂၆ ဒီဂရီ စင်တီဂရိတ်တွင် ၂ နာရီကြာထားရပါမည်။
ဒေါ်သက်သက်နွယ်