တောင်သူဦးကြီးများ သိထားပြီးနှင့်သည့်အတိုင်း နိုက်ထရိုဂျင် (N)၊ ဖော့စဖိတ်(P) နဲ့ ပိုတက်ဆီယမ်(K) တို့ဟာ အပင်အတွက် အရေးကြီးဆုံးသော အများလို အာဟာရဓါတ်များဖြစ်ကြပါတယ်။ ယမ်းစိမ်းမှုန့်သည်လည်း အဓိက အများလိုအာဟာရဓါတ်ဖြစ်တဲ့ ပိုတက်စီယမ်ရင်းမြစ် တစ်ခုပဲ ဖြစ်ပါတယ်။ လိုအပ်တဲ့ ပိုတက်စီယမ်ပမာဏကို အပင်မှ အပြည့်အဝစုပ်ယူနိုင်မှသာလျှင် အပင်ရဲ့ ကျန်းမာရေးနဲ့ အသီးအပွင့်များ ကြီးထွားအောင်မြင်နိုင်ပါတယ်။ အပင်ရဲ့ ရေစုပ်ယူနိုင်စွမ်းနဲ့ ပင်ငွေ့ပျံခြင်းဖြစ်စဉ်များကိုလည်း အဓိက ထိန်းညှိပေးတဲ့ဇာတ်လိုက်ကျော်ဖြစ်တာမို့ အပင်ဆဲလ်များနဲ့ တစ်သျှူးများ (Cells and Tissues) ကျန်းမာတောင့်တင်းနေစေရေးအတွက် အရေးပါလှပါတယ်။ ယမ်းစိမ်းမှုန့်တစ်မျိုးတည်းကို အသုံးပြုယုံနဲ့ နိုက်ထရိုဂျင်ဓါတ်နဲ့ ပိုတက်ဆီယမ်ဓါတ်နှစ်မျိုးလုံးကို အပင်မှ ရယူနိုင်ပါတယ်။ ဒါ့ကြောင့် ယမ်းစိမ်းကို သီးနှံပင်လိုအပ်ချက်နဲ့ မြေအနေအထားကိုလိုက်ပြီး မြေဆီလွှာအားဖြည့်ပစ္စည်းအဖြစ် အသုံးပြုခြင်းဖြင့် အပင်ရဲ့ ရုပ်ဂုဏ်ဓါတ်ဂုဏ်သတ္တိများသာမက မြေဆီလွှာနဲ့ သဘာဝပတ်ဝန်းကျင်ရဲ့ အရည်အသွေးကိုပါ တိုးတက်ကောင်းမွန်လာနိုင်စေပါတယ်။
(က) ယမ်းစိမ်းမြေသြဇာနဲ့ အပင်အာဟာရ
• ယမ်းစိမ်းကို 100% အများလို အာဟာရဓါတ်များနဲ့ ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ မြင်သာအောင် ဖော်ပြရလျှင် potassium cation (K+) နဲ့ nitrate anion (NO3-) တို့ဟာ N-P2O5-K2O (13-0-46) အဖြစ် ပေါင်းစပ်တည်ရှိပြီး ပမာဏအားဖြင့် နိုက်ထရိုဂျင် 62%နှင့် ပိုတက်စီယမ် 38% ပါဝင်နေပါတယ်။
• ဒါ့အပြင် ကျွေးလျှင်ကျွေးသလောက် အပင်ကနေ အကျိုးရှိရှိ စုပ်ယူနိုင်ပါတယ်။ ယမ်းစိမ်းရဲ့ မူရင်းဗီဇကပင် ပိုတက်စီယမ် (K)မှာ အဖိုဓါတ်သဘောဆောင်ပြီး နိုက်ထရိတ်(NO3မှာ အမသဘောဆောင်နေတဲ့အတွက် မြေထဲ့သို့ ကျွေးလိုက်တဲ့အခါ ထပ်မံပြိုကွဲသွားခြင်းမရှိတော့ဘဲ အမြစ်များမှ တိုက်ရိုက်စုပ်ယူပစ်လိုက်နိုင်တဲ့ ပုံစံမျိုးနဲ့ တည်ရှိနေတဲ့အတွက် အခြားသော မြေသြဇာဖွဲ့စည်းပုံများကဲ့သို့ အငွေ့ပျံဆုံးရှုံးခြင်း၊ အခြားဒြပ်စင်များဖြင့် ဓါတ်ပြုသွားသဖြင့် အပင်မှာ လိုသလောက်မရလိုက်ခြင်း စတဲ့ ပြသနာများမဖြစ်နိုင်တော့ပါ။
• ယမ်းစိမ်းမှုန့်ကို အစိုင်အခဲ (crystalline)ပုံစံ၊ အလုံး (Prill)ပုံစံများနဲ့လဲ ရနိုင်တဲ့အတွက် မိမိလိုအပ်သလို အသုံးပြုနိုင်ပါတယ်။ ကြဲပက်သုံးနိုင်ယုံသာမက သွင်းရေထဲမှာ ထည့်သွင်းသုံးနိုင်သလို ရွက်ဖြန်းအားဆေးအဖြစ်လည်း ဖြန်းနိုင်ပါတယ်။ ပိုလီမာကုတ် (Polymer-coated)လို့ခေါ်တဲ့ အပြင်မှ အလွှာတစ်ခုနဲ့ဖုံးအုပ်ထားတဲ့ ယမ်းစိမ်းမှုန့်အလုံးများလေးများအဖြစ်လည်း ဝယ်ယူရရှိနိုင်တာကြောင့် မြေထဲမှာ တခါကျွေးထားရုံနဲ့ အပင်မှ လိုသလောက်သာ စုပ်ယူနိုင်တဲ့ပုံစံအတိုင်း တည်ရှိနေနိုင်စွမ်း ရှိတာမို့ မြေသြဇာစားရိတ်ကို လျှော့ချနိုင်တဲ့အပြင် အလွန် ကရိကထသက်သာစေပါတယ်။
(ခ) ယမ်းစိမ်းမြေသြဇာနဲ့ သီးနှံပင်ကျန်းမာရေး
• ဓါတ်မြေသြဇာများ နှစ်ပေါင်းများစွာ အသုံးပြုခြင်းကြောင့် မြေထဲမှာ ကလိုရင်းဓါတ်ဆားများ စုပုံလာတဲ့အခါ သီးနှံအထွက်ကို ထိခိုက်နိုင်စေရုံမက သီးနှံပင်သေတဲ့အထိ ဆိုးရွားစွာ ထိခိုက်စေပါတယ်။ ဒီလို ကလိုရင်း အဆိပ်သင့်နေတဲ့ မြေမှာ ယမ်းစိမ်းမှုန့်မြေသြဇာကျွေးပေးခြင်းဖြင့် ကလိုရင်းအဆိပ်သင့် ပြဿနာကို လွယ်ကူသက်သာစွာ ဖြေရှင်းပေးနိုင်ပါတယ်။
• ရေခဲဆီးနှင်းများ ကျလေ့ရှိတဲ့ အအေးပိုင်းနိုင်ငံများမှ အပင်များကို ဆီးနှင်းဒဏ်ခံနိုင်ရည်ရှိအောင် ယမ်းစိမ်းမြေသြဇာကျွေးလေ့ရှိပါတယ်။ ယမ်းစိမ်းဟာ အပင်ရဲ့ ဆဲလ်နံရံများကို ပိုမိုထူထဲစေတာကြောင့် အလွန်အမင်းအေးမြတဲ့ရာသီဥတုကို အန်တုနိုင်စွမ်းတိုးစေပါတယ်။
• အပင်ရဲ့ ဆဲလ်တည်ဆောက်ပုံကို ကြံခိုင်စေတာကြောင့် သီးနှံများအား လွန်ကဲတဲ့ အအေးဒဏ်ကို ခံနိုင်ရည်ရှိစေသလို လွန်ကဲတဲ့ အပူဒဏ်နဲ့ ရေငတ်ဒဏ်ကိုလည်း ခံနိုင်ရည်ရှိစေနိုင်ပါတယ်။
• ပိုတက်ဆီယမ်ကောင်းစွာစားသုံးထားတဲ့ သီးနှံပင်ဟာ သာမာန်ထက် ရောဂါဒဏ်နဲ့ ပိုးမွှားဒဏ်ကို ပိုမိုခံနိုင်ရည်ရှိပါတယ်။ နီမတုတ်နဲ့ ဘက်တီးရီးယားများကြောင့် အပင်ရောဂါကျခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ယူရီးယားမြေသြဇာတမျိုးတည်း ကျွေးထားချိန်မှာ အပင်အခက်အလက်နဲ့ အသီးအပွင့်များဟာ ကျွတ်ဆပ်နေပြီး ကျိုးကျေလွယ်ပါတယ်။ အသီးများပုပ်လွယ်ခြင်း၊ ဘုရားပန်းကဲ့သို့သော ဖြတ်ပန်းများ ညိုးလွယ်ခြင်း၊ ဟင်းသီးဟင်းရွက်များ နွမ်းလျလွယ်ခြင်းများမှာ ယူရီးယားမြေသြဇာတမျိုးတည်းကျွေးခြင်းကြောင့် အဖြစ်များတတ်ပါတယ်။ ဒါကြောင့် အရည်အသွေးကောင်းတဲ့ စိုက်ပျိုးရေးထွက်ကုန်များ ရရှိစေရန် ပိုတက်ဆီယမ်နိုက်ထရိတ်မြေသြဇာကို မကြာခဏ တွဲဖက်သုံးပေးသင့်ပါတယ်။
ဂ) ယမ်းစိမ်းမြေသြဇာနဲ့ သီးနှံပင်အထွက်နှုန်း
• စျေးကွက်တွင် အာဟာရဓါတ်ချို့တဲ့သဖြင့် ပုံသဏ္ဍာန်မမှန်သော ဟင်းသီးဟင်းရွက်များမှာ စျေးကောင်းမရတတ်ပါ။ သို့သော် ယမ်းစိမ်းမှုန့်မြေသြဇာမှာ ပါဝင်တဲ့ နိုက်ထရိုဂျင်နဲ့ ပိုတက်စီယမ်အာဟာရဓါတ်များကြောင့် သီးနှံပင်ဟာ သာမာန်ထက် ပိုမိုကြီးထွား တုတ်ခိုင်လာသည်နဲ့အမျှ သီးပွင့်နိုင်စွမ်းအားကလည်း ပိုကောင်းလာပါတယ်။ အသီးအပွင့်များရဲ့ အရွယ်အစားကြီးမားလာသလို ပုံပန်းသဏ္ဍာန်မှန်စေတဲ့အတွက် စျေးကောင်းရစေနိုင်ပါတယ်။ ဟင်းသီးဟင်းရွက်တစ်ခုချင်းစီကိုလိုက်ပြီး ရှိရမယ့် အရောင်အသွေးနဲ့ အနံ့အရသာတို့ကို ပိုမိုပြည့်စုံလာစေပါတယ်။ ပိုးမွားများကြောင့်ဖြစ်ရတဲ့ ရောဂါအကွက်အစွန်းများ၊ ခြစ်စားပိုးဒဏ်ရာများ စသည့် အပြစ်အနာအဆာများ ကင်းသွားပါတယ်။ သီးနှံများမှာ ပရိုတင်းဓါတ်၊ အဆီ၊ ဗီတာမင်စီဓါတ်များ ပိုမိုကြွယ်ဝလာစေတာမို့ စားသုံးသူတို့အတွက် အာဟာရဓါတ်တန်ဖိုးကိုလည်း မြင့်လာစေပါတယ်။ အထားအသို ကြာရှည်ခံတဲ့ အကျိုးကျေးဇူးရပါတယ်။ ရိတ်သိမ်းချိန်လွန် စားသုံးကုန်များပြုလုပ်ရာ (Post harvest processing and value added industry) တွင်လည်း အာဟာရဓါတ်တန်ဖိုးလျော့ကျပျက်စီးခြင်းကို သက်သာစေနိုင်ပါတယ်။ ဥပမာပြရသော် အသီးများ ယိုထိုးခြင်းလုပ်ငန်းများတွင် သီးနှံများရဲ့ အထားအသိုတာရှည်ခံမှုကြောင့် ယိုမထိုးမီကာလအတွင်း လုပ်ငန်းဆောင်တာအဆင့်ဆင့်ဖြတ်ကျော်နေစဉ် အာဟာရဓါတ်တန်ဖိုးလျော့ကျခြင်းကို သက်သာစေပါတယ်။
(ဃ) ယမ်းစိမ်းမြေသြဇာနဲ့ ဆားပေါက်မြေ
ယမ်းစိမ်းမြေသြဇာကို ကျွေးပေးခြင်းဖြင့် သီးနှံမှ ကလိုရိုဒ်ဓါတ်ဆားစုပ်ယူခြင်းကို ဟန့်တားနိုင်ပါတယ်။ ဒါ့အပြင် ဆားပေါက်မြေတွင်းရှိ ဆိုဒီယမ်ဆားများရဲ့ သီးနှံပင်အပေါ် ဆိုးကျိုးသက်ရောက်မှုများကို ခံနိုင်ရည်ရှိစေပြန်တာကြောင့် ဆားပေါက်မြေတွင် တည်ရှိနေသော ဆိုဒီယမ်ကလိုရိုဒ် ဓါတ်ဆားများကိုသာမက သွင်းရေတွင်း ပျော်ဝင်စီးဆင်းလာသမျှသော ကလိုရိုဒ်ဆားမှန်သမျှကို သီးနှံပင်မှ လုံးဝမမှုတော့ဘဲ ဆက်လက်ရှင်သန်ကြီးထွားနိုင်ပါတယ်။ ဒါကြောင့် ဆားပေါက်နေသော မြေမှာ သီးနှံစိုက်ပျိုးမယ်ဆိုပါက ယမ်းစိမ်းမြေသြဇာကို ဂရုတစိုက် အသုံးပြုသင့်သလို သွင်းရေရဲ့ အရည်အသွေးနိမ့်လျှင်လည်း အသုံးပြုသင့်လှပါတယ်။
ဆက်ရန်............
Haifa, 2009. Haifa leaflet „Multi K -Your potassium of choice“, 2009. ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါတယ်။
ရီဆွေအေး (2008)
မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်