ယမ်းစိမ်းမြေသြဇာနှင့် စိုက်ပျိုးရေး အပိုင်း (2)

06/04/2018 14:40 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။
(င) ယမ်းစိမ်းမြေသြဇာနဲ့ သီးနှံပင် ရေအသုံးချစွမ်းရည်
 
• ယမ်းစိမ်းမြေသြဇာထဲမှာ ပါဝင်တဲ့ နိုက်ထရိုဂျင်အာဟာရဟာ အမိုနီယမ်မြေသြဇာများမှာပါတဲ့ နိုက်ထရိုဂျင်ဓါတ်နဲ့ ဓါတုဖွဲ့စည်းပုံ (Chemical structure) မတူညီပါ။ ယမ်းစိမ်းနိုက်ထရိုဂျင်ဟာ သီးနှံပင်ရဲ့ ရေအသုံးချစွမ်းရည်ကို 100 % ပိုမိုကောင်းစေပါတယ်။ 
 
• ဒါအပြင် ယမ်းစိမ်းမှာပါတဲ့ ပိုတက်စီယမ်ကြောင့် သီးနှံပင်မှ ရေဓါတ်ဆုံးရှုံးမှု့ကို လျော့နည်းစေပါတယ်။ အကြောင်းရင်းကတော့ အပင်မှာပါတဲ့ အပေါက်ငယ်လေးများရဲ့ လေရှုပေါက် (Stoma) အပိတ်အဖွင့်စည်းချက်ဟာ ပိုတက်စီယမ်နဲ့ များစွာ စပ်ဆက်နေတာကြောင့် ဖြစ်ပါတယ်။
 
• အမြစ်များ ရေစုပ်စွမ်းရည်ကိုလည်း ကောင်းစေပါတယ်။ ဆားပေါက်မြေများမှာ ယမ်းစိမ်းမြေသြဇာသုံးပါက ရေသွင်းရေထုတ်လုပ်ရန်မလိုဘဲ ဆားဒဏ်ပြသနာကို ဖြေရှင်းနိုင်တာမို့ ရေအခက်အခဲရှိတဲ့နေရာများမှာ သွင်းရေပမာဏကို လျော့ချနိုင်ပါတယ်။
 
(စ) စိုက်ပျိုးမြေရဲ့ ဂုဏ်သတ္တိကို တိုးတက်စေ
 
• သီးနှံပင်အမြစ်များတဝိုက် pH ခေါ် မြေချဉ်ငံဓာတ်ကို တိုးလာစေပါတယ်။ ဒါကြောင့် အက်ဆစ်မြေများမှာ အချဉ်ဓာတ်ကို လျော့ကျစေပါတယ်။
 
• ယမ်းစိမ်းမြေသြဇာဟာ မြေရဲ့ ဖော့စရပ်နဲ့ အနည်းလိုအာဟာရဓာတ်များ ထုတ်ပေးနိုင်စွမ်းကိုလည်း အားပေးပါတယ်။ မြေအတွင်း ကာဘောက်ဇလစ်အက်ဆစ်လို့ခေါ်တဲ့ အော်ဂဲနစ်အက်ဆစ်များ ဖြစ်ပေါ်စေခြင်းနဲ့ အမြစ်အတွင်းမှ မြစ်စစ်ထုတ်ရည်များ (Root exudate) များ ပိုမို ထွက်ရှိစေခြင်းကြောင့် အပင်မှ မရနိုင်ဘဲ မြေဆီလွှာအတွင်းကပ်ညှိကာ ပိတ်မိနေသော ဖော့စ်ဖရပ်စ်နဲ့ အနည်းလိုအာဟာရဓာတ်များ ဖော်ပြပါ အော်ဂဲနစ်အက်ဆစ်များအတွင်း ပျော်ဝင်လာစေခြင်းဖြင့် သီးနှံပင်ဖော့စ်ဖရပ် စုပ်ယူအသုံးချမှုကို ကောင်းစေပါတယ်။
(ဆ) အသုံးပြုရလွယ်
 
• ရေမှာ အလွယ်တကူပျော်ဝင်တဲ့အတွက် သွင်းရေနဲ့အတူ မြေသြဇာကျွေးခြင်း (fertigation) နဲ့ ရွက်ဖျန်းမြေသြဇာရည်များ(foliar) မိမိဖာသာ လွယ်ကူစွာ ဖော်စပ်နိုင်ပါတယ်။ 
 
• အရည်ပုံစံအနေနဲ့ တည်ရှိနိုင်သော်လည်း အလွယ်တကူ ခဲသွားခြင်း၊ ပြင်ပမှ ရေငွေ့စုပ်ယူခြင်းများ မရှိပါ။
 
• အခြားမြေသြဇာများနဲ့လည်း တွဲစပ်သုံးလျှင် သဟဇာတဖြစ်နိုင်ပါတယ်။ ဓာတ်ပြုပြိုကွဲခြင်း၊ အာနိသင် ပျက်ပြယ်ခြင်း အလွယ်တကူမဖြစ်ပါ။
 
• အရည်ဖျော်စပ်ကာ ဖျန်းပက်သုံးရာတွင်လဲ နော်ဇယ်ခေါင်းများ ပိတ်ဆို့ခြင်းမဖြစ်ပါ။ မိမိနှစ်သက်ရာ အပင်ကြီးထွားဟော်မုန်းများ၊ အားဆေးများနဲ့ မိမိနှစ်သက်သလိုအတွဲအစပ်နဲ့ သုံးနိုင်ပါတယ်။
 
• ယမ်းစိမ်းမြေသြဇာမှာ နိုက်ထရိုဂျင်ဓါတ်ပါဝင်ဖွဲ့စည်းထားသော်လည်း အငွေ့ပျံခြင်းမရှိပါ။ ကြဲပက် ပြီးနောက် မြေထဲသို့ ချက်ခြင်းရောက်စေရန် အလျင်စလိုထွန်ယက်ပေးခြင်း၊ မြေဖုံးပေးခြင်းများ လုပ်ရန်မလိုပါ။
 
Haifa, 2009. Haifa leaflet „Multi K -Your potassium of choice“, 2009. ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါတယ်။
 
မေတ္တာဖြင့် 
ရီဆွေအေး (2008)

Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်