အာလူးပင်များတွင် ဖြစ်ပွားတတ်သော မြစ်ဖုရောဂါ
မြစ်ဖုရောဂါသည် Solanaceae ပင်များဖြစ်သော အာလူးပင်နှင့် ခရမ်းချဉ်အပင်များတွင် အဖြစ်များပါသည်။(Meloidogyne hapla) နှင့်(M. chitwoodi) ဟုခေါ်သော နီမတုတ်တို့ကြောင့်ဖြစ်ပွားသည်။ (M. chitwoodi) သည် (Meloidogyne hapla)ထက်ပို၍ ဆိုးရွားသည်။ နှစ်မျိုးလုံးသည် Sedentary endoparasites များဖြစ်ပြီးမြေဆီလွှာထဲတွင်သာတွေ့ရသည်။ ရောဂါကူးစက်ခံထားရသော ဥများနှင့် အစေ့များ၊ ရောဂါဖြစ်ပွားပြီးသောမြေများ ရေများမှတစ်ဆင့် ကူးစက်သည်။ (M. chitwoodi)သည် အပူချိန် ၄၁ ဒီဂရီဖာရင်ဟိုက်အထက်တွင် ရှင်သန်နေနိုင်ပြီး (Meloidogyne hapla) သည် ၅၀ ဒီဂရီဖာရင်ဟိုက်တွင် မရှင်သန်နိုင်ပါ။ ဥနှင့် အမြစ်တွင် နေထိုင်မှုများသည်။ နီမတုတ်များသည် နှစ်ပေါင်း၂၀ ထိ ရှင်သန်နိုင်သည်။ (M. chitwoodi) သည် မြေအနက် ၃ ပေအထိ ရောက်ရှိနိုင်ပြီး သဲမြေများတွင် စီးပွားရေးအရသိသိသာသာ ထိခိုက်နိုင်သည်။
ရောဂါလက္ခဏာ

မြစ်ဖုရောဂါလက္ခဏာကို အပင်၏မြေပေါ်ပိုင်းတွင် ပြသမှုရှားပါးပါသည်။ (M. chitwoodi) နီမတုတ်၏လက္ခဏာသည် ဥပေါ်တွင် အဖုများဖြစ်ပေါ်နေခြင်းဖြစ်သည်။ (Meloidogyne hapla)၏လက္ခဏာသည် ရောင်ရမ်းနေသည့်ပုံဖြစ်ပေသည်။ မျိုးစိတ်နှစ်ခုလုံးသည် ဥ၏ မျက်နှာပြင်တွင် ၀.၂၅ လက်မ အရွယ်အစားရှိ အညိုရောင်အကွင်းအကွက်များဖြစ်ပေါ်နေသည်။ အညိုရောင်အကွက်များသည် အချင်း ၀.၀၄ လက်မ ခန့်ရှိပြီး နီမတုတ်အမများ၏ ဥထုတ်လုပ်ချိန်များတွင်သာ တွေ့ရသည်။ ရာသီအလိုက်နှောင်းပိုင်းတွင် ဖြစ်ပွားသော(M. chitwoodi) ရောဂါကူးစက်ခံရသော ဥများသည် ရိတ်သိမ်းချိန်တွင် ပြင်ပလက္ခဏာမပြသော်လည်း သိုလှောင်ချိန်တွင် စတင်လက္ခဏာပြသပေသည်။
ကာကွယ်နှိမ်နင်းနည်း
မိရိုးဖလာနှိမ်နှင်းနည်း
၁။ ရောဂါကင်းသော မျိုးစေ့ကိုသာ သုံးပါ။
၂။ အရင်နှစ်မှ ပင်ကြွင်းပင်ကျန်များကို သေချာစွာစွန့်ပစ်ပါ။
၃။ သန့်ရှင်းသော စက်ကိရိယာများကိုသာ အသုံးပြုပါ။
၄။ ရောဂါဖြစ်ပွားထားသောနေရာမှ ရေအသုံးပြုခြင်း ရှောင်ကျဉ်ပါ။
၅။ သီးလှည့်စိုက်ပျိုးပါ။( ဂျုံ၊ ပြောင်း)
၆။ ပေါင်းပင် စနစ်တစ်ကျနှိမ်နှင်းပါ။ ပေါင်းပင်သည် နီမတုတ်များအတွက် လက်ခံပင်ဖြစ်နိုင်သည်။
၇။ ဥများကို စိုက်ခင်းအတွင်း သိုလှောင်မြှုပ်နှံထားခြင်းမျိုး ရှောင်ကျဉ်ပါ။
ဓာတုနှိမ်နှင်းနည်း
- ရီးဂျင့် ၃ ဂျီအာ တစ်ဧကလျှင် ၃ -၅ ထုပ်ကို စက်ဖွဲပြာ (သို့) မြေဆီနှင့်ရောကာ မြေမထွန်ခင် အစိုဓာတ်ရှိချိန်တွင် ထည့်ပေးပါ။
- နီမတုတ်သတ်ဆေးများလည်း သုံးစွဲနိုင်ပါသည်။ ဒိုင်ယာဇီနွန် (၁၀) ခဲကို မြေထဲထည့်ခြင်းဖြင့်လည်း ကာကွယ်နိုင်သည်။
- ပိုတက်ဆီယမ် မြေဩဇာသုံးခြင်းဖြင့်လည်း ပွားများမှုကို နှိမ်နှင်းနိုင်သည်။
- အကောင်းဆုံးမှာ မစိုက်မြေကို နှစ်ပတ်အလိုတွင် မြေနမူနာစစ်ဆေးမှုများ လုပ်သင့်ပေသည်။ ကြိုတင်ကာကွယ်ထားသင့်ပေသည်။
မေမြတ်မော်
https://www2.ipm.ucanr.edu/agriculture/potato/Nematodes/
https://pnwhandbooks.org/plantdisease/host-disease/potato-solanum-tuberosum-nematode-root-knot
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
အာလူးမြစ်ဖုရောဂါ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ပဲပွင့်တွေတအားကြွေ နေလို့ ကြည့်လိုက်တော့ အထဲမှာလှေးတွေ့နေရလို့ဆရာ အစီတာမီပရစ်နဲ့ လန်ဘဒါ တစ်ကြိမ် အဘာမက်တင် တစ်ကြိမ် ဝင်ထားပါတယ်ဆရာ လက်ထဲမှာ အစီတာ + လန်ဘဒါ / အဘာမက်တင် / အိမာမက်တင်ဘန်ဇို + လန်ဘဒန် / ဆိုင်ပါသရင် အဲ့ဆေးတွေရှိပါသေးတယ်ဆရာ
U Yan • ဖြေကြားချက် 2 ခု
ပဲတီစိမ်းသီးလုံးဖောက်ပိုးတွေကိုဘာဆေးနိင်လဲဗျပြောခဲ့ကြပါအုံး
SiThu • ဖြေကြားချက် 2 ခု
ကျွန်ုပ်၏ခရမ်းချဥ်ပင်အဲလိုဖြစ်နေ ဘာဆေးဖျန်းရမလဲ
pius • ဖြေကြားချက် 1 ခု
ဆစ်ပိုး ဘာဆေးဖြန်းရလဲ စပါး
yellwaixtun • ဖြေကြားချက် 1 ခု
ဆရာတစ်ချက်ကြည့်ပေးပါအူး ဒိုင်ဇီရလားဆရာ အတာလေးပေးလိုက်လိူ့
U Yan • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
More from မေမြတ်မော်
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....