အာလူးပင်များတွင် ဖြစ်ပွားတတ်သော မြစ်ဖုရောဂါ

12/06/2020 12:30 PM တွင် မေမြတ်မော် မေမြတ်မော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    မြစ်ဖုရောဂါသည် Solanaceae ပင်များဖြစ်သော အာလူးပင်နှင့် ခရမ်းချဉ်အပင်များတွင် အဖြစ်များပါသည်။(Meloidogyne hapla) နှင့်(M. chitwoodi) ဟုခေါ်သော နီမတုတ်တို့ကြောင့်ဖြစ်ပွားသည်။ (M. chitwoodi) သည် (Meloidogyne hapla)ထက်ပို၍ ဆိုးရွားသည်။ နှစ်မျိုးလုံးသည် Sedentary endoparasites များဖြစ်ပြီးမြေဆီလွှာထဲတွင်သာတွေ့ရသည်။ ရောဂါကူးစက်ခံထားရသော ဥများနှင့် အစေ့များ၊ ရောဂါဖြစ်ပွားပြီးသောမြေများ ရေများမှတစ်ဆင့် ကူးစက်သည်။ (M. chitwoodi)သည် အပူချိန် ၄၁ ဒီဂရီဖာရင်ဟိုက်အထက်တွင် ရှင်သန်နေနိုင်ပြီး (Meloidogyne hapla) သည် ၅၀ ဒီဂရီဖာရင်ဟိုက်တွင် မရှင်သန်နိုင်ပါ။ ဥနှင့် အမြစ်တွင် နေထိုင်မှုများသည်။ နီမတုတ်များသည် နှစ်ပေါင်း၂၀ ထိ ရှင်သန်နိုင်သည်။ (M. chitwoodi) သည် မြေအနက် ၃ ပေအထိ ရောက်ရှိနိုင်ပြီး သဲမြေများတွင်  စီးပွားရေးအရသိသိသာသာ ထိခိုက်နိုင်သည်။

ရောဂါလက္ခဏာ

 

    မြစ်ဖုရောဂါလက္ခဏာကို အပင်၏မြေပေါ်ပိုင်းတွင် ပြသမှုရှားပါးပါသည်။ (M. chitwoodi) နီမတုတ်၏လက္ခဏာသည် ဥပေါ်တွင် အဖုများဖြစ်ပေါ်နေခြင်းဖြစ်သည်။ (Meloidogyne hapla)၏လက္ခဏာသည် ရောင်ရမ်းနေသည့်ပုံဖြစ်ပေသည်။ မျိုးစိတ်နှစ်ခုလုံးသည် ဥ၏ မျက်နှာပြင်တွင် ၀.၂၅ လက်မ အရွယ်အစားရှိ အညိုရောင်အကွင်းအကွက်များဖြစ်ပေါ်နေသည်။ အညိုရောင်အကွက်များသည် အချင်း ၀.၀၄ လက်မ ခန့်ရှိပြီး နီမတုတ်အမများ၏ ဥထုတ်လုပ်ချိန်များတွင်သာ တွေ့ရသည်။ ရာသီအလိုက်နှောင်းပိုင်းတွင် ဖြစ်ပွားသော(M. chitwoodi) ရောဂါကူးစက်ခံရသော ဥများသည် ရိတ်သိမ်းချိန်တွင် ပြင်ပလက္ခဏာမပြသော်လည်း သိုလှောင်ချိန်တွင် စတင်လက္ခဏာပြသပေသည်။ 

ကာကွယ်နှိမ်နင်းနည်း

မိရိုးဖလာနှိမ်နှင်းနည်း    

၁။ ရောဂါကင်းသော မျိုးစေ့ကိုသာ သုံးပါ။

၂။ အရင်နှစ်မှ ပင်ကြွင်းပင်ကျန်များကို သေချာစွာစွန့်ပစ်ပါ။

၃။ သန့်ရှင်းသော စက်ကိရိယာများကိုသာ အသုံးပြုပါ။

၄။ ရောဂါဖြစ်ပွားထားသောနေရာမှ ရေအသုံးပြုခြင်း ရှောင်ကျဉ်ပါ။

၅။ သီးလှည့်စိုက်ပျိုးပါ။( ဂျုံ၊ ပြောင်း)

၆။ ပေါင်းပင် စနစ်တစ်ကျနှိမ်နှင်းပါ။ ပေါင်းပင်သည် နီမတုတ်များအတွက် လက်ခံပင်ဖြစ်နိုင်သည်။

၇။ ဥများကို စိုက်ခင်းအတွင်း သိုလှောင်မြှုပ်နှံထားခြင်းမျိုး ရှောင်ကျဉ်ပါ။

ဓာတုနှိမ်နှင်းနည်း

  • ရီးဂျင့် ၃ ဂျီအာ တစ်ဧကလျှင် ၃ -၅ ထုပ်ကို စက်ဖွဲပြာ (သို့) မြေဆီနှင့်ရောကာ မြေမထွန်ခင် အစိုဓာတ်ရှိချိန်တွင် ထည့်ပေးပါ။
  • နီမတုတ်သတ်ဆေးများလည်း သုံးစွဲနိုင်ပါသည်။ ဒိုင်ယာဇီနွန် (၁၀) ခဲကို မြေထဲထည့်ခြင်းဖြင့်လည်း ကာကွယ်နိုင်သည်။
  • ပိုတက်ဆီယမ် မြေဩဇာသုံးခြင်းဖြင့်လည်း ပွားများမှုကို နှိမ်နှင်းနိုင်သည်။
  • အကောင်းဆုံးမှာ မစိုက်မြေကို နှစ်ပတ်အလိုတွင် မြေနမူနာစစ်ဆေးမှုများ လုပ်သင့်ပေသည်။ ကြိုတင်ကာကွယ်ထားသင့်ပေသည်။

မေမြတ်မော်

https://www2.ipm.ucanr.edu/agriculture/potato/Nematodes/

https://pnwhandbooks.org/plantdisease/host-disease/potato-solanum-tuberosum-nematode-root-knot

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်