စပါးခွံ၊ ကောက်ရိုး၊ ပေါင်းမြက်၊ ကြက်ဆူစေ့အခွံ၊ ကြက်ဆူကြိတ်ဖတ်၊ နှမ်းရိုး၊ ပဲရိုး၊ကောက်ရိုး၊ ပြောင်းဖူးရိုးစသည်တို့ကို အဓိကအသုံးပြု၍ သဘာဝမြေဩဇာပြုလုပ်နိုင်ပါတယ်။ ကုန်ကျငွေနည်းပါးသည့်အပြင် အလွယ်တကူရရှိခြင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးကိုပါ တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုခြင်းတို့ကပါ ရရှိစေနိုင်တဲ့ အကျိုးတွေရရှိပါလိမ့်မယ်။
ဘယ်လိုတွေမြေဆွေးပုံလုပ်ပြီး ဘာတွေသတိထားရမယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
(က) မြေဆွေးပုံတွင်အသုံးပြုမည့်ပစ္စည်းများကို တစ်ထပ်စီထပ်ကာ အလွှာလိုက်ပုံရမည်။
(ခ) အလွယ်တကူဆွေးမြည့်သော စွန့်ပစ်ပစ္စည်းများကို အောက်ဆုံးအလွှာတွင်ထားရမည်။
(ဂ) အလွှာတစ်လွှာချင်းစီ၏အထူသည် (၈) လက်မထက်မပိုသင့်ကပ။
(ဃ) တစ်လွှာနှင့်တစ်လွှာအကြားတွင် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများ (ဥပမာ - ကျွဲ၊ နွား၊ ၀က်၊ ကြက်၊ ဘဲ၊ ဆိတ်၊ သိုးစသည်တို့၏ စွန့်ပစ်ပစ္စည်းများ) ထည့်ပေးလျှင် ပို၍ ကောင်းသည်။
(င) မြေဆွေးပုံ၏ အမြင့်နှင့် အကျယ်မှာ ၄-၅ ပေထက် မပိုသင့်ပေ။
(စ) မြေဆွး ပြုလုပ်ရန်အသုံးပြုသော စွန့်ပစ်ပစ္စည်းများပေါ်မူတည်၍ မြေဆွးပုံ၏အရှည်ကို နှစ်သက်သလိုထားနိုင်ပါသည်။
(ဆ) မြေဆွေးပြုလုပ်ရာတွင် လေရရှိရန် လိုအပ်သောကြောင့် မြေဆွးပုံအတွင်းသို့ လေဝင်လေထွက် ရရှိစေရန် ၀ါးများကို အပေါက်ဖောက်၍ ထည့်ထားပေးသင့်သည်။
(ဇ) အပူချိန်တက်လာသည်နှင့်အမျှ မြေဆွေးနှုန်းမြန်လာသည်။
(စျ) တစ်လခန့်ကြာလျှင် အထက်အောက်လှန်ပေးခြင်းကို တစ်ကြိမ်ပြုလုပ်ပေးရမည်။ လိုအပ်ပါက မြေဆွေးပုံကို ရေထပ်လောင်းပေးရပါမည်။ အစိုဓာတ်များပါကလည်း မြေဆွေးပုံကျစ်၍ မာသွားတတ်သဖြင့် ရေလောင်းရာ၌ အစိုဓာတ်မများစေရန် သတိပြုရမည်။
(ည) မြေဆွေးပုံအတွင်း အစိုဓာတ်နှင့် အပူချိန်ကို ထိန်းနိုင်ရန် မြေဆွေးပုံကို ငှက်ပျောရွက် (သို့မဟုတ်) ပလပ်စတစ်များဖြင့် ဖုံးအုပ်ပေးထားရမည်။
(ဋ) မြေဆွးပုံ၌ အစိုဓာတ်အလွန်များလာလျှင် အထက်အောက်လှန်ပေးခြင်း (သို့မဟုတ်) စွန့်ပစ်ပစ္စည်းများ ထပ်မံဖြည့်ပေးခြင်းဖြင့် ပြုလုပ်နိုင်သည်။
(ဌ) သုံးလခန့်ကြာလျှင် မြေဆွးပုံသည်အသုံးပြုရန် အသင့်အနေအထားသို့ ရောက်ရှိလာမည်။
Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ

Aqua ဘူစတာ

Aqua ကယ်လဆီယမ်
