ပဲသီးစားပိုး (Pod Borer/American Boll-worm)

23/08/2019 08:30 AM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

လက်ခံပင်သီးနှံများ

   ပဲမျိုးစုံ၊ ဝါ၊ ခရမ်းချဉ်၊ ခရမ်း၊ ဆေးရွက်ကြီး၊ ရုံပတီ၊ ပြောင်းဖူး၊ နှံစားပြောင်း၊ နှမ်း၊ ငရုတ်၊  အပင်မျိုးစုံတွင် ကျရောက်တတ်သည်။ 

ဖျက်ဆီးပုံလက္ခဏာ

   အရွက်၊ အဖူး၊ အပွင့်၊ အသီးတို့ကို ပိုးလောက်ကောင်ဘဝတွင် ကိုက်ဖြတ်ဖျက်ဆီးတတ်သည်။ အရွက်များတွင် ဆန်ခါပေါက်ကျ၍ အရွက်ကြောများသာ ကျန်သည်အထိ ဖျက်ဆီး၍ အဖူး၊ အပွင့်၊ အသီးများပဲ့နေခြင်း၊ ပြတ်နေခြင်းတို့ကို တွေ့ရသည်။ ပိုးလောက်ကောင်၏ ဦးခေါင်းပိုင်းနှင့် ခန္ဓာကိုယ်ထက်ဝက်ခန့်သည် အသီးတွင်းသို့ ဝင်ရောက်စားသောက်တတ်သည်။ ကုလားပဲသီးလုံးများကို ကိုက်ဖောက်ဝင်ရောက်၍ အတွင်း၌ ကုလားပဲစေ့အား စားသောက်နေသော ပိုးလောက်ကောင်ကို ခွေလျက်သားတွေ့ရှိနိုင်ပါသည်။ ပြောင်းဖူးဖက်များပဲ့နေခြင်း၊ ပေါက်နေခြင်းကို တွေ့ရပါက ဖက်ကိုခွာကြည့်လျှင် ပြောင်းဖူးစေ့များပေါ်၌ စားသောက်လျက်ရှိသော ပိုးလောက်ကောင်ကို တွေ့ရှိရပါသည်။ ပိုးလောက်ကောင်တို့ စွန့်ပစ်သော စိမ်းမဲရောင် ပိုးချေးများကို ဖျက်ဆီးခံရသော အစိတ်အပိုင်း၏အနီးတစ်ဝိုက်၌ ထင်ရှားစွာ တွေ့ရှိရပါသည်။

ဘဝစက်ဝန်း

   ဖလံများသည် အညိုရောင်ရှိသည်။ ဖလံမသည် အဝါရောင်ဥများကို တစ်လုံချင်း အရွက်နှင့် အပွင့်အဖူးတို့၏ မျက်နှာပြင်ပေါ်၌ အုချသည်။ ဖလံမတစ်ကောင်သည် ဥပေါင်း (၁၀၀၀) အထိ အုနိုင်သည်။ ပေါက်ခါနီးဥသည် အညိုရောင်သို့ ပြောင်းသွားသည်။ ဥမှပေါက်ခါစ လောက်ကောင်သည် အစိမ်းရောင်ရှိ၍ အရွယ်ကြီးသော် စိမ်းညိုရောင်ရှိသည်။ ပိုးလောက်ကောင်၏ ခန္ဓာကိုယ် ဘေးတစ်ဖက်တစ်ချက်စီတွင် အညိုဖျော့ရောင် အစင်းတန်းပါရှိသည်။ အစာဝသော ပိုးလောက်ကောင်များသည် အပင်ခြေသို့ဆင်း၍ မြေကြီးအတွင်း၌ ရုပ်ဖုံးပြုလုပ်ကြသည်။ ရုပ်ဖုံး၏ အရောင်မှာတောက်ပြောင်သော နီညိုရောင်ရှိသည်။ ရုပ်ဖုံးမှထွက်လာသော ဖလံများသည် ညအချိန်၌သာထွက်၍ မိတ်လိုက်ကြသည်။ ပိုးလောက်ကောင်များသည် နေ့အချိန်၌ အပင်ခြေတွင်ဖြစ်စေ၊ အရွက်၊ အဖူး၊ အပွင့်များကြား၌ဖြစ်စေ၊ ပုန်းအောင်းနေ၍ ညနေပိုင်းအချိန်မှ နံနက်စောစော (၈) နာရီခန့်အထိ အပင်အစိတ်အပိုင်းတို့ကို ဖျက်ဆီးကြသည်။ ဥဘဝမှ ဖလံသက်တမ်းကုန်သည်အထိ ရက်သတ္တ (၄ – ၅ ) ပတ်ခန့်ကြာသည်။ ပိုးလောက်ကောင်ဘဝတွင် အဆင့် (၆) ဆင့် ရှိသည်။ ဥဘဝတွင် (၄) ရက်၊ လောက်ကောင်ဘဝတွင် (၂ -၃ ) ရက်၊ ရုပ်ဖုံးဘဝတွင် (၁) ပတ်၊ အကောင်ကြီး ဖလံဘဝတွင် (၁) ပတ်ကြာသည်။

ကာကွယ်နှိမ်နင်းနည်း

(၁) အပင်ပေါ်ရှိ ဥများ၊ ပိုးလောက်ကောင်များကို လက်နှင့်ကောက်ယူဖျက်ဆီးပါ။ 

(၂) မီးထောင်ချောက်ထွန်း၍ ဖလံများကို ဖမ်းယူဖျက်ဆီးပါ။

(၃) ပဲမျိုးစုံသီးနှံအတွင်း ပြောင်းဖူးကို ထောင်ချောက်သီးနှံအဖြစ် စိုက်ပျိုး၍ ပြောင်းဖူးပင်ပေါ်၌ ကျရောက်သော ပိုးလောက်ကောင်များကို ဖျက်ဆီးပစ်ပါ။

(၄) ဖျက်ဆီးမှုလက္ခဏာတွေ့ရှိရသော အပေါက်အပဲ့ရှိသည့် အသီးတောင့်များကို ခူးယူဖျက်ဆီးပါ။

(၅) ပဲမျိုးစုံစိုက်ပျိုးမည့်မြေကွက်အား ကြိုတင် ထယ်ထိုးထွန်မွှေ၍ မြေကြီးနှင့်ပေါင်းမြက်များတွင် ခိုအောင်းနေသော ရုပ်ဖုံးများနှင့် ပိုးလောက်ကောင်များကို ဖျက်ဆီးပစ်ပါ။ 

(၆) မြေပြင်ချိန်တွင် ဖြူရာဒန် ၃ ဂျီ (သို့) ဒိုင်ယာဇီနွန် ၁၀ ဂျီ အား တစ်ဧကလျှင် (၃ – ၆ ) ကီလို နှုန်းထည့်ပေးပါ။

(၇) ပင်လုံးပြန့်အာနိသင်ရှိ ပိုးသတ်ဆေးတစ်မျိုးမျိုး ပက်ဖြန်းပါ။  

(၈) လောက်ကောင်များသည် ညနေပိုင်းနှင့် နံနက်စောစောပိုင်းတွင် စားသောက်ဖျက်ဆီးလေ့ရှိသဖြင့် ညနေပိုင်းနှင့် နံနက်စောစောအချိန်များတွင် ပိုးသတ်ဆေးပက်ဖြန်းပါ။

(၉) ဓာတုပိုးသတ်ဆေးများ အလွန်အကျွံသုံးစွဲပါက ဖျက်ပိုး၏ ပိုးသတ်ဆေးခံနိုင်စွမ်းရည်ပိုမိုလာစေခြင်း၊ စိုက်ခင်းအတွင်းရှိ အကျိုးပြုမိတ်ဆွေပိုးများ သေစေခြင်းတို့ဖြစ်စေသဖြင့် တမာပိုးသတ်ဆေး၊ ဆေးရွက်ကြီးနှင့် ဆပ်ပြာဖျော်ရည်တို့နှင့် အလှည့်ကျသုံးစွဲပါ။ 

စိုက်ပျိုးရေးဦးစီးဌာန


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်