ခရမ်းချဥ်ရွက်တွေနဲ့ ပိုးမွှား‌တွေကိုနှိမ်နင်းကြမယ်

18/10/2019 15:00 PM တွင် ထွန်းရာဇာ ထွန်းရာဇာ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   á€€á€ťá€˝á€”်တ္ဏ်တိုအတွ္ ခရမ်းချဥ်ပင်စိုက်တာဟာ အသီးရဖို့ပဲဖြစ်ပြီး အရွက်တွေကိုတော့ စွန့်ပစ်ကြပါတယ်။ အခုကတော့ အရွက်တွေကိုပါအကျိုးရှိရှိ သုံးလို့ရမဲ့ နည်းလမ်းလေးကို မျှဝေပေးမှာပါ။ ဘယ်လိုသုံးမှာလဲဆိုရင်တော့ ပိုးသတ်ဆေးရည်အဖြင့် ဖော်စပ်သုံးရမှာပါ။

   á€€á€Żá€”်ကဝစရိတ်သက်သဏပဟဎး လွယ်လွယ်ကူကူဖော်စပ် ပြုလုပ်နိုင်သောနည်းလမ်းလေးမို့ မိတ်ဆွေတို့ကို မျှဝေပေးချင်ပါတယ်။

၁။ လိုအပ်သော ပစ္စည်းများ

- ခရမ်းချဥ်ရွက် (၆၀) ကျပ်သား

- ခရမ်းချဥ်အရိုးနဲ့ အသီး (လက်တစ်ဆုပ်စာ)

- ရေ(၄)လီတာ (ရေသန့်ဗူး ၄ ဗူး)

- ဆပ်ပြာ တစ်ဇွန်း

၂။ ပြုလုပ်နည်း

 - ခရမ်းချဥ်ရွက် (၆၀)ကျပ်သားကို ရေ (၂)လီတာ ရော၍ မိနစ်(၃၀) ကြာ ကြိုပါ

- ထို့နောက် ခရမ်းချဥ် အရိုးနဲ့အသီး (လက်တစ်ဆုပ်စာ)ကို ထည့်ပါ

- ရေ(၂)လီတာ ထပ်ထည့်၍မွှေပါ

- (၆)နာရီကြာ ထားပြီး ဆပ်ပြာ တစ်ဇွန်းထည့်၍မွှေပါ

- ထို့နောက် အရည်စစ်ထုတ်ပြီး ပိုသတ်ဆေးရည်အဖြစ် အသုံးပြုနိုင်ပြီး ပိုးမွှားကျရောက်သော အပင်အစိတ်အပိုင်းများကို ပက်ဖျန်းနိုင်ပါတယ်။

၃။ နှိမ်နင်းနိုင်သည့် ပိုးမွှားနှင့် ရောဂါများ

- ဖလံကောင်များ

- ခူကောင်များ

- ယင်ဖြူများ

- ပုရွတ်ဆိတ်များ

- နှံကောင်များ

- နီမတုတ်များ

- မှိုရောဂါများ

- ဘတ်တီးရီးယားများ

မှတ်ချက်။       á‹ ပိုးမွှားအရေအတွက်များပါက နှစ်ရက်ဆက်တိုက်ဖျန်းပေးပါ။ ခရမ်းချဥ်ရွက်တွေကို ကြိုချက်လိုက်တဲ့အခါ အဆိပ်တောက်ဖြစ်စေတဲ့ ဓာတ်ပစ္စည်းများထွက်ပေါ်လာပါတယ်။ ဒါ့ကြောင့် ဆေးဖျန်းချိန်မှာ လက်အိတ်များနဲ့ ပါးစပ်အုပ်များ ဝတ်ဆင်ပါ။

ထွန်းရာဇာ


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်