“နီတို၊ ဝါတို၊ စိမ်းတို”တွေရဲ့ပြဿနာမြေများ

03/01/2018 17:18 PM တွင် ဦးထင်အောင်ရှိန် ဦးထင်အောင်ရှိန် မှ ရေးသား

မြန်မာနိုင်ငံမှ စပါးစိုက်တောင်သူများ ခေါ်ဝေါ်သောအမည်များ ဖြစ်ကြပါသည်။ မိမိစပါး စိုက် ခင်းတွင် တွေ့ကြုံဖြစ်ပေါ်နေသော အခက်အခဲပြဿနာရပ်များ ကိုဤကဲ့သို့ အမည်တပ် ခေါ်ဝေါ်မှုအပေါ် အချို့က ရောဂါပိုးဟုသတ်မှတ်ကာ ရောဂါသတ်ဆေး၊ ပိုးသတ်ဆေး ထည့်သွင်း ခြင်းနှင့် အချို့က အာဟာရလိုအပ်သည်ဟုထင်ကာ ပုလဲဓါတ်မြေသြဇာများ ထည့်သွင်း၍ ဘေး ဒုက္ခဖြစ်နေရမှုများအား တွေ့မြင်ခဲ့ရဖူးပါသည်။

စာရေးသူအနေဖြင့် ယနေ့စိုက်ပျိုးရေးလောကကြီး၏ သီးနှံစိုက်ပျိုးထုတ်လုပ်မှုအပေါ် တွေ့ကြုံ နေရသောအခက်အခဲ၊ အဟန့်အတား၊ ပြဿနာရပ်(၄)မျိုးရှိကြောင်းနှင့် ၎င်းအချက်အပေါ် ကြို တင်သိရှိထားပြီး သေချာစွာခွဲခြားတတ်ဖို့ အရေးကြီးလာပြီဖြစ်ကြောင်း အသိပေးလိုပါသည်။

၎င်းပြဿနာ(၄)ရပ်မှာ

(က) အာဟာရဓါတ်ချို့တဲ့ခြင်းလက္ခဏာ

(ခ) အဆိပ်သင့်ခြင်းလက္ခဏာ

(ဂ) ပိုးမွှားကျရောက်ဖျက်ဆီးလက္ခဏာ

(ဃ) ရောဂါကျရောက်ဖျက်ဆီးလက္ခဏာရပများနှင့်

(င) ရာသီဥတုဖောက်ပြန်မှု(ဆီးနှင်းကျ၊ အပူရှိန်မြင့်……စသည်ဖြင့်) လက္ခဏာရပ်များဟူ၍ ကဏ္ဍ(၄)ခုကို ခွဲခြားသိရှိမှသာလျှင် အနာနှင့်ဆေး တည့်အောင်ပေးနိုင်ပြီး ဖြစ်ပေါ်နေသော အခက်အခဲပြဿနာ (ဝေဒနာ) ကိုကုစားနိုင်ပါမည်။

နီတိုပြဿနာ

နီတို (၂) မျိုးရှိပါသည်။ သံဆိပ်သင့်ခြင်း(Irontoxicity) နှင့် သမန်းပူမိခြင်း (Organic)ကြောင့် ဖြစ်ပေါ်ကြောင်း သိစေအပ်ပါသည်။ သံအဆိပ်သင့်ခြင်းကို လယ်သမားများက “စပါးပင်များ” နီပြီးအပင်ပုတိုနေသောကြောင့် နီတုဟုသတ်မှတ်ပါသည်။ ယနေ့ မြန်မာ့ဆန်စပါး ထုတ်လုပ်မှု များတွင် မျိုးစေ့ကပ်လောက်အောင် ကောင်းကောင်း၊ စိုက်ပျိုးမြေတွင် သံဓါတ်များလွန်ကဲစွာ ဖြစ်ပေါ်နေပါက ဤကဲ့သို့လက္ခဏာဖြစ်ပေါ်စေပါသည်။ အချို့ကမှားယွင်းစွာဖြင့် ပိုးသတ်ဆေး၊ မှိုသတ်ဆေးများ သုံးစွဲကြပြီး အနာတခြားဆေးတခြား ဖြစ်နေကြပါသည်။ အဓိကဖြစ်ရပ်မှာ ပိုတက်စီယမ်ဓါတ် ချို့တဲ့မှုကြောင့်ပြသော ဤလက္ခဏာအပေါ် စွတ်ရွတ်ထင်ရာစိုင်းပါက၊ ပေါ့စေလို၍ကြောင်ရုပ်ထိုး ဆေးအတွက်လေးဖြစ်စေပါသည်။ ထို့ကြောင့်စာရေးသူ၏ဆန္ဓနှင့် အတွေ့အကြုံအရ၊ အာဟာရဓါတ်ချို့တဲ့မှုကို မလေ့လာဘဲ မသင့်တော်သော အတွေးအခေါ်၊ အယူအဆ လမ်းမှားမရောက်စေလိုသောကြောင့် ဖော်ပြလိုက်ရပါသည်။ ဒုတိယနီတိုလက္ခဏာမှာ စပါးပြီးစပါး (မိုးစပါးပြီးနွေစပါးစိုက်ခင်း) ခင်းများတွင်လက်အပုပ် (decomposition) မဖြစ် တော့ဘဲ ၎င်းစပါးစိုက်ရိုးပြတ်မှ ထွက်ပေါ်လာသော အော်ဂဲနစ်အက်ဆစ်များကြောင့် နွေစပါးပင် များ နီတိုဖြစ်ပေါ်စေပါသည်။ ၎င်းပြဿနာကို C/N ratio ခေါ် ကာဗွန်နှင့် နိုက်ထရိုဂျင်အချိုး လျော့နည်းစေရန်အတွက် ပုလဲဓါတ်မြေသြဇာဖြင့် ပျောက်ကင်းနိုင်ပါသည်။

ဝါတိုပြဿနာ

(၃) မျိုးရှိပါသည်။ (၁) မြစ်ဖုနီမဟုတ်ရောဂါ (၂) ဆာလဖါဓါတ်ချို့တဲ့သော လက္ခဏာ (၃) ကောက်ပင်နက်နက်စိုက်ခြင်းတို့ကြောင့် စပါးပင်များဝါတိုဖြစ်ရပါသည်။ မြစ်ဖု(နီမဟုတ်) ရောဂါ ကျရောက်ခြင်းဖြစ်၍ ဖျူရာဒန်ကဲ့သို့ ဆေးသုံးစွဲနှိမ်နင်းရမည်။ အကယ်၍ ကြိုတင် ကာကွယ် လိုပါကစက်ဖွဲပြာ(သို့) စပါးခွံဖွဲပြာ ပြုလုပ်ထည့်သွင်းခြင်း၊ ဒန့်ဒလွန်ရွက်ခြောက်များ ထည့်ပေးခြင်း…… တို့ဖြင့်ဆောင်ရွက်ဖြေရှင်းပေးနိုင်ပါသည်။

စိမ်းတိုပြဿနာ

နွေစပါးခင်းများတွင် အများဆုံးတွေ့ရသည်။ စပါးပင်များ စိမ်း၍တို(ပု) နေခြင်းမှာ ဇင့်(ခေါ်) သွပ်ဓါတ်ချို့တဲ့ခြင်းကြောင့် ဖြစ်ပါသည်။ ဇင့်ဓါတ်ပါဝင်သော ဇီဖာ၊ မိုက္ခရိုဖာ၊ ဇင့်ဆလဖိတ် စသော ဓါတ်မြေသြဇာထည့်သွင်း ပက်ပေးခြင်းအားဖြင့် ဖြေရှင်းနိုင်ပါသည်။ စာဖတ်သူများ အနေဖြင့် မြန်မာနိုင်ငံတွင် တွေ့ရှိခေါ်ဝေါ်နေကြသော (Three short (Red short, Yellow short & Green short) အကြောင်းကို လေ့လာသိရှိပြီး(ကွင်းဆင်းလေ့လာပြီး) မှ ဆောင်ရွက် ကြရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

ထို့အပြင် တွဲဖက်ဖြစ်ပေါ်သော လက္ခဏာရပ်များ (ဥပမာ- ပုလဲမြေသြဇာများ လွန်ကဲစွာထည့် သွင်းမှုကြောင့်) အပင်များစိမ်းလန်းစိုပြေ၍ ပိုးနှင့်ရောဂါများကျရောက်မှုများ (မိုးစပါး၊ နွေစပါး ဆက်တိုက်စိုက်ပျိုးမှုကြောင့် ဆစ်ပိုးများကျရောက်ခြင်းများ)၊ စပါးရွက်ခြောက်ရောဂါ (BLB) နှင့် မှိုသီးရောဂါများ၊ ကြက်သွန်မြိတ်ပိုး၊ ငမြောင်တောင်များ စသည်ဖြင့် ပိုးရောဂါ ကျရောက် မှုကိုလည်း မကျရောက်မီ ကြိုတင်လက်ဦးမှုရအောင် ဆောင်ရွက်ခြင်းဖြင့် မိမိစိုက်ခင်းအတွက် အပိုထွက်ငွေ မများစေရန် ကိုင်တွယ်ဖြေရှင်းကြရပေမည်။

ထို့ထက်ပို၍ တစ်နှစ်ထက်တစ်နှစ် ပြောင်းလဲလာသောရာသီဥတု(climate change) အရ ရေကြီးရေလျှံမှုများ၊ ပိုးမွှားရောဂါကူးစက်မှုများနှင့် အပူချိန်ပမာဏမ မြင့်တက်လာမှု (၁.၃˚ ဒီဂရီမှ ၂.၇˚ဒီဂရီ စင်တီဂရိတ်) များကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်သည့် သီးနှံထုတ်လုပ် မှု အဟန့်အတားအခက်အခဲများကိုလည်း ကြိုတင်ကာကွယ်မှုပြုရန် ပြင်ဆင်ထားသင့်ပါသည်။ (၃.၁၀.၂၀၁၇ ရက်နေ့Daily Eleren နေ့စဉ်သတင်းစာတွင် မြန်မာ့ရာသီဥတုသည် လာမည့် ဆယ်စုနှစ်များအတွင်း(၂၀၁၇-၂၀၂၇) သိသိသာသာပြောင်းလဲမည်ဟု ခန့်မှန်းကြောင်း ဖတ်ရှု လိုက်ရပါသည်။)

ထို့ကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း လယ်ယာကဏ္ဍကြီးကို ပိုမိုဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်ကြရာတွင် Supply chain,Value chain,Value added, Double income….etc စသည့်မြင်ကွင်း၊ အရေးကြီးတာဝန်များ၊ ရည်ရွယ်ချက်များ တစ်နှစ်ထက် တစ်နှစ် ပိုမိုပြည့်စုံလာရေးသည် စိုက်ပျိုးရေးဝန်ထမ်းများသာမက သီးနှံစိုက်ပျိုး ထုတ်လုပ်ကြ သူများအားလုံးတို့က စိုက်ပျိုးရေး၏မူဝါဒဖြစ်သော “မြေမှန်၊ မျိုးမှန်စိုက်နည်းမှန်၊ ရာသီမှန် အောင်စိုက်” ဆိုစကားနှင့်အညီ ပညာရေးလောက အဆိုစကားတစ်ခုဖြစ်သော “မိဘ၊ဆရာ ပူးပေါင်းကလေးပညာရေးကောင်း” သကဲ့သို့ “စိုက်ပျိုးရေး၊ တောင်သူပူးပေါင်း သီးနှံအထွက် ကောင်း” စေပြီး တစ်ဧက အထွက်နှုန်းနှင့် အရည်အသွေးကောင်း၊ ဈေးကောင်းများ ရရှိရေး သည် လွန်စွာအရေးကြီးလာပြီဖြစ်ကြောင်း ယနေ့ခေတ် သီးနှံစိုက်ပျိုးထုတ်လုပ်မှုအပေါ် မြင်တွေ့ ကြားသိရချက်များကို အခြေခံကာ “မြေမှန်” ဖြစ်ရေးအတွက် တင်ပြလိုက်ပါသည်။

ဦးထင်အောင်ရှိန်(ဘိုးရာဇာ)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်