သရက်သီးမှည့်ခြောက်ထုတ်လုပ်ခြင်းနှင့် ကျန်းမာရေးအကျိုးအာနိသင်များ

15/05/2020 12:30 PM တွင် စုမြတ်မြတ်မိုး စုမြတ်မြတ်မိုး မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    မြန်မာနိုင်ငံတွင် သရက်ပင်သည် နိုင်ငံ၏ဒေသတိုင်းတွင်ပေါက်သောအပင်ဖြစ်ကာ သရက်သီးကို မြန်မာလူမျိုးများသည် အစိမ်းအနေနှင့်သော်လည်းကောင်း အမှည့်အနေနှင့်လည်းကောင်း ယိုများလုပ်၍လည်းကောင်း စားကြပါသည်။ ယခုချိန်ခါသည် သရက်သီးမှည့်များလှိုင်လှိုင်ပေါသော အခါဖြစ်၍ ​သရက်သီးမှည့်များကို စျေးကွက်တွင်တွေ့ရပါသည်။ သရက်စိုက်တောင်သူများပြားကာ စျေးကွက်အနေထားအရ ယှဥ်ပြိုင်ရသော ဒေသများတွင် တောင်သူများအနေဖြင့် မိမိတို့သရက်သီးမှည့်များကို စျေးကွက်တွင် ရောင်းမကုန်ဘဲ လေလွင့်သွားနိုင်သော အနေထားမဖြစ်စေရန် မြန်မာနိုင်ငံတွင် ထုတ်လုပ်ရောင်းချမှုနည်းသော သရက်သီးမှည့်ခြောက်ပြုလုပ်ကာ preserved food အနေဖြင့် ​ထုတ်လုပ်နိုင်ပါသည်။

    သရက်သီးမှည့်ခြောက်ပြုလုပ်ရန် သရက်သီးအမှည့်သည် ရောင်းတမ်းအတွက်ပိုလျှံသော အသီးဖြစ်စေ ရောင်းတမ်းအတွက်မလှသော အသီးဖြစ်စေ လူကြိုက်နည်းသော ရင်ကွဲသရက်ကဲ့သို့ အသီးများဖြစ်စေ အသုံးပြုနိုင်ပါသည်။ ရှေးဦးစွာ သရက်သီးမှည့်များအား အလုံးလိုက်ရေဆေးကာ အခွံခွာပြီး အစိတ်များစိတ်ထားရပါမည်။ ထို့နောက် သရက်သီးပမာဏနှင့်သင့်သော ဆားရေကို ငါးမိနစ်ခန့်စိမ်ပြီးရေစစ်ထားရပါမည်။ ပြီးလျှင် ဇကာများပေါ်တွင် သရက်သီးစိတ်များ တစ်ခုနှင့်တစ်ခုထပ်မနေစေဘဲ အစီအရီစီပြီး နေရောင်တွင်လှန်းရပါမည်။ နေပူပူတွင် နှစ်ရက်ခွဲမှ ​လေးရက်ထိ နှစ်ဖက်လှန်ပေးရန်လိုပါသည်။ အစိုဓာတ်မရှိသော နေရောင်ပြင်းပြင်းဖြစ်ရန်လိုပါသည်။ 

    သတိပြုရန်မှာ သရက်ပြားများ ကောင်းစွာမခြောက်သေးချိန်တွင် လှန်းမိပါက ကပ်ကာ ပျက်စီးတတ်၍ သတိပြုရပါမည်။ ခြောက်လျှင် ဘူးလှလှလေးများတွင်စနစ်တကျထုပ်ပိုး၍ ကြိုးကလေးများဖြင့်စည်းကာ ရောင်းချနိုင်ပါသည်။ အရသာမှာ မာလည်းမမာလွန်းဘဲ တင်းတင်းလေးနှင့် ချိုချိုလေးဖြစ်သောကြောင့် ဘူးလေးဖွင့်ကာ အချိန်မရွေးစားနိုင်ပါသည်။ ဤသည်မှာ တစ်နိုင်တစ်ပိုင် သရက်သီးမှည့်ခြောက်ထုတ်ခြင်းဖြစ်၍ နေရောင်ဖြင့်သာ အခြောက်ခံခြင်းဖြစ်ပါသည်။ စက်ရုံလိုက်ထုတ်သော အကြီးစားစက်မှုလုပ်ငန်းများတွင်မူ အခြောက်ခံစက်ဖြင့်ခြောက်ကာ ထုတ်ကြပါသည်။ အခြောက်ခံစက်ဖြင့်မူ အပူချိန် 135 ဒီဂရီတွင် ဆယ့်နှစ်နာရီ ကြာအောင် အခြောက်ခံရပါမည်။

    သရက်သီး​အမှည့်ခြောက်တွင် ဗိုက်တာမင် A နှင့် B complex တို့ပါဝင်ပါသည်။ ဗိုက်တာမင် A သည် မျက်စိအားကောင်းစေခြင်း ခံတွင်းဆိုင်ရာ အမြှေးပါးများတွက် အထောက်ကူပြုခြင်း ကြွက်သားနာကျင်ခြင်းကို သက်သာစေခြင်းများအပြင် B complex သည် စိတ်ဖိစီးမှုပြေလျော့စေခြင်း သွေးဆဲလ်များကို ထုတ်လုပ်ပေးခြင်း စသောအကျိုးများရှိသောကြောင့် တောင်သူများအနေဖြင့် သရက်သီးမှည့်ခြောက်ထုတ်လုပ်ပြီး တစ်ဖက်တစ်လမ်းမှ ဝင်ငွေရှာနိုင်ပါသည်။ ထို့ပြင် ပိုလျှံသော သရက်သီးမှည့်များနှင့် လူကြိုက်နည်း​​သည့်သရက်သီးများကိုလည်း အလေအလွင့်မဖြစ်စေဘဲ ဆန်းသစ်သော မြန်မာ့စားစရာတစ်မျိုးကို တီထွင်ကြံဆကာ ရောင်းချနိုင်မည်ဖြစ်ကြောင်း ရေးသား​ဖော်ပြလိုက်ပါသည်။

ကိုးကား -  https://m.youtube.com/watch?v=4PNEijGJFl4

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်