“ပျား”များကို ပိုးသတ်ဆေးအန္တရာယ်မှ ကာကွယ်နိုင်မည့် နည်းလမ်းများ

16/01/2018 10:34 AM တွင် Thin Thazin Thin Thazin မှ ရေးသား

ယခု ဖော်ပြပါ ဆောင်းပါးသည် စိုက်ပျိုးသူများ ဓာတု ဆေးဝါးများ သုံးစွဲရာတွင် ပတ်ဝန်းကျင်တွင် ရှိနေသော မိတ်ဆွေပိုးများကို ထိန်းသိမ်း ကာကွယ်မှုရစေရန် (သို့) ဗဟုသုတ ရစေရန် ရည်ရွယ်ချက်ဖြင့်  ဝါရှင်တန် စိုက်ပျိုးရေး ဌာန၊ ပိုးသတ်ဆေး စီမံခန့်ခွဲမှု  ဌာနခွဲမှ ထုတ်ဝေထားသော လက်ကမ်းစာစောင်ကို ဘာသာပြန်၍ ဖော်ပြလိုက်ပါသည်။ 

နီရိုနီကိုတီနွိုက်(Neonicotinoids) ဆိုတာဘာလဲ?

ပျများ၊ ကောက်ပဲသီးနှံများတွင် ကျရောက်သည့် ပိုးများ (ဥပမာ-ဆန်ပိုး)နှင့် အခြား အင်းဆက်များကို ထိန်းချုပ်နှိမ်နင်းရန် အသုံးပြုသည့်ဆေး (ပိုးသတ်ဆေး)တစ်မျိုးကို နီရိုနီကိုတီနွိုက်လို့ ခေါ်ပါတယ်။ အချို့ နီရိုနီကိုတီနွိုက်များသည် သုံးစွဲပြီးနောက် ရက်ပေါင်းများစွာ တိုင်အောင် ပျားများကို ပြင်းပြင်းထန်ထန် အဆိပ်အတောက် ဖြစ်စေပါတယ်။ အမေရိကန်နိုင်ငံတွင် စိုက်ပျိုးရေးဌာနမှ ဝတ်မှုန်ကူးသည့် အင်းဆက်များကို ကာကွယ်ရန်(အန္တရာယ်မဖြစ်စေရန်)  အတွက် မည်သည့် ပိုးသတ်ဆေး အမျိုးအစားကို သုံးစွဲသည် ဖြစ်စေဂရုတစိုက် ကိုင်တွယ်ရန် အသုံးပြုကြရန် အကြံပြုထားပါတယ်။

ကျွန်ုပ်တို့သည်“ပျား” များကို လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ပျားရည် ထုတ်လုပ်သည့် ပျားများ၊ ပိတုန်းများ၊ မေဆင်ပျား(mason bees) နှင့်အခြား ဝတ်မှုန်ကူးပေးသည့် အင်းဆက်များသည်ကျွန်ုပ်တို့၏ ဟင်းသီးဟင်းရွက် အခင်းများနှင့် သဘာဝပေါက်ပင်များကို ဝတ်မှုန်ကူးပေးပါတယ်။ ၎င်းအင်းဆက်များသည် ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်နှင့် စီးပွားရေးအတွက် အလွန် အရေးပါလှပါတယ်။

ဖျက်ပိုးများကို နှိမ်နင်းရန် အတွက် ထုတ်ကုန်များ(ပိုးသတ်ဆေး)ကို သင့်တင့်လျောက်ပတ်စွာ သုံးစွဲခြင်းသည် အပင်များ ကျန်းမာ သန်စွမ်းရေး အတွက် ထိန်းသိမ်းမှုမှာ အကူအညီ တစ်ရပ် ဖြစ်ပါတယ်။ နီရိုနီကိုတီနွိုက် အမျိုးအစား အပါအဝင် အချို့ပိုးသတ်ဆေးများသည် ပျားများနှင့် အခြား အကျိုးပြုအင်းဆက်များကို အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ သို့ပေမဲ့ ဒီအန္တရာယ်ကိုကျွန်ုပ်တို့လျှော့ချနိုင်ပါတယ်။

ကျွန်ုပ်တို့၏ မိတ်ဆွေဖြစ်သော‘ပျား’များကို ကာကွယ်ဖို့ ကျွန်ုပ်တို့ ဘယ်လို ကူညီနိုင်မလဲဆိုတော့ အောက်ဖော်ပြပါ အချက်တွေနဲ့ ကူညီနိုင်ပါတယ်။

  • ‘ပျား’ များကို ဆွဲဆောင်မှုရှိသော အလှပန်းပင်များ(ဥပမာ-ဟက်သာပင်၊ လာဗင်ဒါရေမွှေး ပန်းပင်၊ လင်ဒန်သစ်ခွ၊ တောင်ဇလပ် ပန်းပင်နှင့် နှင်းဆီပင်) ပန်းပွင့်သည့် အချိန်တွင်ပိုးသတ်ဆေး၊ မှိုသတ်ဆေး စသည့် ဖျက်ပိုး ကာကွယ် နှိမ်နင်းဆေးများ အသုံးပြုခြင်းမှရှောင်ကြဉ်ပါ။ “ပျား” နှင့် အခြားအင်းဆက်များသည် ပိုးသတ်ဆေး ပါဝင်သော ဝတ်ရည် (သို့) ဝတ်မှုန်ကို စားသုံးမိပါက ထိခိုက်သေဆုံးနိုင်ပါသည်။
  • ပန်းပင်၏ ပွင့်ဖတ်များကြွေကျပြီး ချိန်တွင် ‘ပျား’များကို ဆွဲဆောင်နိုင်မှုလျော့ကျလာပါတယ်။ ဒါကြောင့် ပိုးသတ်ဆေးများကို ပွင့်ဖတ်ကြွေကျပြီး ချိန်ရောက်မှသာ အသုံးပြုပါ။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ပျားများကို ပိုးသတ်ဆေးနှင့်ထိတွေ့မှုမှ ကာကွယ်လျှော့ချနိုင်ပါတယ်။
  • အကယ်၍ ပန်းပွင့်ချိန်တွင် မဖြစ်မနေ ပိုးသတ်ဆေး အသုံးပြုရမည်ဆိုပါက‘ပျား’များကို အဆိပ်အတောက်ဖြစ်မှု နည်းသော ပိုးသတ်ဆေးကိုရွေးချယ် အသုံးပြုပါ။
  •  ပိုးသတ်ဆေးတွင် နီရိုနီကိုတီနွိုက်နှင့်အောက်ဖော်ပြပါ ပါဝင်ပစ္စည်း(ဓာတုဆေးများ) ပါဝင်မှုရှိ/မရှိသေချာစွာ ဖတ်ပါ။

         ၁။ ကလိုသီရာနီဒင်း(Clothianidin)

        ၂။ ဒိုင်နီတီဖျူရမ်(Dinotefuran)

        ၃။ အင္မီဒါ ကလိုရိုပစ္(Imidacloprid)

        ၄။ သီရာမီသောက်ဇမ်(Thiamethoxam)

အထက်ဖော်ပြပါ ဓာတု ပစ္စည်းများ ပါဝင်သော ပိုးသတ်ဆေးများကို ပန်းပွင့်၏ ပွင့်ဖတ်များကြွေကျပြီးချိန်မှသာ အသုံးပြုသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းပိုးသတ်ဆေးများသည် အသုံးပြုပြီးသည့်နောက် ရက်ပေါင်း များစွာကြာသည့် တိုင်အောင် ပျားများကို အဆိပ်အတောက်ဖြစ်စေပါတယ်။

  •  ပျားများကို ကာကွယ်ရန် ပိုးသတ်ဆေး အညွှန်းတွင် ပါဝင်သော အချက်များကို တိတိကျကျ လိုက်နာဖို့ လိုအပ်ပါတယ်။ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့တွင် အွန်လိုင်း ပိုးသတ်ဆေးသတင်း အချက်အလက်ဌာနမှ ပိုးသတ်ဆေးများနှင့် ပတ်သက်သည့် သတင်း အချက်အလက်များ၊ ရောင်းချရန် သင့်လျော်သော ပိုးသတ်ဆေးများကို စာရင်း ပြုစု ထိန်းသိမ်းထား ရှိပါတယ်။
  • နီရိုနီကိုတီနွိုက်ပါဝင်သော ပိုးသတ်ဆေးများကိုမြေကြီးတွင် ပျက်ဖျန်းခြင်း၊ ပျားများကို ဆွဲဆောင်သော အပင်၏ ပင်စည်ထဲ ထိုးသွင်းခြင်းစသည့် နည်းလမ်းများကိုရှောင်ကြဉ်ပါ။ ထိုသို့ ပြုလုပ်ခြင်းသည် ပိုးသတ်ဆေးသုံးပြီးနောက် နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ပန်းဝတ်ရည်နှင့် ပန်းဝတ်မှုန်များကို ညစ်ညမ်းစေပါတယ်။
  • အကယ်၍ နီရိုနိကိုတီနွိုက် ပါဝင်သော ပိုးသတ်ဆေးများ ကိုမြေကြီးပေါ်တွင် ပက်ဖျန်းခြင်း၊ ပင်စည် အတွင်းသို့ ထိုးသွင်းခြင်း နည်းလမ်းများဖြင့် မဖြစ်မနေ အသုံးပြုရမည် ဆိုပါက ပွင့်ဖတ်များကြွေကျပြီးချိန်မှသာ အသုံးပြုသင့်ပါတယ်။ ထို့အပြင် ပျားများကို ထိခိုက်မှုလျော့နည်းစေရန် တတ်နိုင်သမျှ ထိရောက်မှုရှိသော အနိမ့်ဆုံးဆေး နှုန်းထားကိုသာ သုံးဖို့ လိုအပ်ပါတယ်။ ပိုးမွှားများကို နှိမ်နင်းရာတွင် ပန်းပင်ထဲတွင် ကြာရှည် မနေသော(ဓာတ်ကြွင်း အာနိသင် ကာလတိုသော) ပိုးသတ်ဆေးကိုရွေးချယ် အသုံးပြုပေးပါ။
  •  ပျားများကို ဆွဲဆောင်မှု ရှိသော အလှပန်းပင်များ ဝယ်ယူသည့်အခါ အထက်ဖော်ပြပါ ပိုးသတ်ဆေး (၄)မျိုး မပက်ဖျန်း ထားရသေးသော(မသုံးစွဲရသေးသော) ပန်းပင်များကိုရွေးချယ် ဝယ်ယူပါ။
  •  တကယ်လို့ ပိုးသတ်ဆေး ကိုင်တွယ် အသုံးပြုခြင်းနှင့် ပျားများကို ထိန်းသိမ်း ကာကွယ်ခြင်း ဆိုင်ရာနဲ့ ပတ်သက်ပြီး ကိုယ်တိုင်လေ့လာ သင်ယူလိုပါက ပျားများနှင့် ပိုးသတ်ဆေးများ အကြောင်း သတင်း အချက်အလက်များကိုအောက်ဖော်ပြပါ ဝက်ဆိုက်များတွင်လေ့လာ ကြည့်ရှုနိုင်ပါသည်။

Royal Thazin 

·        www.beeinformed.org – Bee Informed Partnership

·        www.entomology.umn.edu/cues/ pollinators – Center for Urban Ecology and Sustainability / Pollinator Conservation 

·        www.npic.orst.edu – National Pesticide Information Center

·        www.pesticidestewardship.org – Pesticide Environmental Stewardship (click Pollinator Protection link)

·        www.pollinator.org – Pollinator Partnership 

·        extension.wsu.edu/wsprs/Pages/ default.aspx – WSU PICOL

·        pep.wsu.edu – WSU Urban Integrated Pest Management and Pesticide Safety Education

Source-http://agr.wa.gov/fp/pubs/docs/388-tenwaystoprotectbeesfrompesticides.pdf


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်