ကာကွယ်ခြင်းက ကုသခြင်းထက် ပိုထိရောက်မှာပါ

13/08/2019 12:00 PM တွင် သိမ့်ဇာ သိမ့်ဇာ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    ယင်ဖြူတွေဟာ သေးငယ်ပြီးတော့ ပင်ရည်ကိုစုပ်စားတဲ့ ဖျက်ပိုးတွေပဲဖြစ်ကြပါတယ်။ အထူးသဖြင့် ပူနွေးစိုစွတ်တဲ့ရာသီဥတုတွေမှာ အကျများကြပါတယ်။ ယဉ်ဖြူတွေကျပြီဆိုရင် အရွက်မှာ စေးကပ်ကပ်အချိုရည်တွေကျန်ခဲ့ပြီး အရွက်တွေကို ဝါစေပါတယ်။ အချိုရည်တွေ ကျန်ခဲ့တာကြောင့် ပုရွက်ဆိတ်လိုအကောင်တွေပါ ရောက်လာစေပါတယ်။

     အကောင်ရေအရမ်းများလာရင် ထိန်းချူပ်ဖို့ခက်တဲ့ ဖျက်ပိုးပါ။ ရာသီဥတုက မျက်နှာသာပေးပြီး လက်ခံပင်ကောင်းကောင်းရှိတယ်ဆိုရင် ခဏလေးအတွင်းမှာ အများကြီးပွားလာနိုင်တဲ့အကောင်တွေပါ။ သီးနှံရိတ်သိမ်းပြီးရင်တောင်မှ သူတို့တွေက တခြားလက်ခံပင်တစ်ပင်မှာ တွယ်ကပ်နေနိုင်ပါသေးတယ်။ ဒါကြောင့် နောက်တစ်ရာသီ ထပ်စိုက်တဲ့အခါ ယင်ဖြူတွေရောက်လာပြန်တာဖြစ်ပါတယ်။ သံပုရာ၊ ကျွဲကော၊ ထောပတ်လိုအပင်တွေမှာလည်း နေတတ်ပေမယ့် သစ်မာပင်တော်တော်များများအတွက်က ပြဿနာမရှိပါဘူး။ ပင်ပျော့ပင်တွေမှာပဲ ထိခိုက်မှုများလေ့ရှိပါတယ်။

     အဖြူရောင် သေးသေးရှည်ရှည်ဥလေးတွေအဖြစ် အရွက်အောက်မျက်နှာပြင်မှာ တွေ့ရလေ့ရှိပြီး သားလောင်းအဆင့်တိုင်းက ပင်ရည်ကိုစုပ်စားကြပါတယ်။ အချိုရည်တွေစစ်ထုတ်ပြီး မှိုမျှင်တွေနဲ့ သူတို့ကိုယ်သူတို့ ကာကွယ်တတ်လို့ တော်ရုံအင်းဆက်စားအကောင်တွေရဲ့ ရန်ကိုလည်း ရှောင်တတ်ပါသေးတယ်။ ဒါကြောင့် ယင်ဖြူကို သုတ်သင်ရှင်းလင်းဖို့က အခက်တွေ့နေရတာဖြစ်ပါတယ်။

      ယင်ဖြူကိုနိုင်တဲ့ သဘာဝမိတ်ဆွေပိုးတွေရှိပေမယ့် ပင်လုံးပြန့်ပိုးသတ်ဆေးတွေ အသုံးပြုကြတဲ့အခါ မိတ်ဆွေပိုးတွေရှားပါးပျောက်ကွယ်သွားပါပြီ။ ဒီတော့ ဖျက်ပိုးတွေက ပွားချင်တိုင်းပွားနေတော့တာပေါ့။

ဒါကြောင့် အကောင်းဆုံးနည်းလမ်းကတော့

    • အကောင်ရေ အရမ်းမများခင်မှာ လက်နဲ့ဖယ်ပစ်တာပါပဲ။ ကိုယ့်စိုက်ခင်းကို ဂရုတစိုက်ကြည့်နေပြီး ဥအဆင့်၊ ရုပ်ဖုံးအဆင့် အဖြူရောင်လေးတွေ အရွက်မျက်နှာပြင်အောက်ဘက်မှာ တွေ့နေရပြီဆိုရင် ချက်ချင်းဖယ်လိုက်ပါ။ သီးနှံပင်ရဲ့အရွက်က ခံနိုင်ရည်နည်းနည်းရှိမယ်ဆိုရင်တော့ ရေပြင်းပြင်းနဲ့ထိုးချခြင်းကလည်း ထိရောက်မှုရှိပါတယ်။

    • ရောင်ပြန်ရှိတဲ့ ပလတ်စတစ်စတွေ စိုက်ဘောင်ပေါ်မှာ အုပ်ထားပေးလို့ရပါတယ်။ အလင်းရောင်ထိုးရင် ရောင်ပြန်ဟပ်မယ့် ငွေရောင်အစမျိုးတွေဆိုလည်း ရပါတယ်။ အုပ်မယ်ဆိုရင်တော့ မြက်တွေအရင်ရှင်းဖို့ မမေ့ပါနဲ့နော်။ 

    • သီးနှံရိတ်သိမ်းပြီးတဲ့အခါ အကြွင်းအကျန်အပင်တွေမှာ ယင်ဖြူတွေရှိမရှိစစ်ဆေးပြီး ရှိတယ်ဆိုရင် နောက်တစ်ရာသီအတွက် ကာကွယ်တဲ့အနေနဲ့ မီးရှို့ဖျက်ဆီးတာမျိုးကို လုပ်သင့်ပါတယ်။

    • နောက်တစ်ခုကတော့ အဝါရောင်ပိုးကပ်ကော်တွေ ထားပေးတာပါ။ ယင်ဖြူတွေက သိပ်မပျံနိုင်တာမို့ များများတော့လိုပါတယ်။ နေရောင်ဘက်တော့ တည့်တည့်ကြီး လှည့်မထားရပါဘူး။

    • ပိုးသတ်ဆေးအသုံးပြုချင်တယ်ဆိုရင်တော့ သဘာဝပိုးနှင်ဆေးတွေထဲကမှာ တမာဆီ၊ ရေနံဆီ နဲ့ ဆပ်ပြာတို့ကိုအခြေခံပြီး ထုတ်လုပ်ထားတဲ့ ပိုးနှင်ဆေးတွေအသုံးပြုနိုင်ပါတယ်။ ခဏခဏဖြန်းပေးရမှာဖြစ်တဲ့အတွက်ကြောင့် အပင်တွေမလောင်ဖို့အတွက်က ရေငတ်မနေဖို့ အပူချိန်အရမ်းများတဲ့ ရာသီဥတုဖြစ်မနေဖို့ လိုအပ်ပါတယ်။ ဖြန်းတဲ့အခါ အရွက်အောက်မျက်နှာပြင်တွေကိုပါ ထိဖို့လိုအပ်ပါတယ်။ နှံ့စပ်အောင်ဖြန်းရမှာဖြစ်လို့ သဘာဝပိုးနှင်ဆေးတွေက အသင့်တော်ဆုံးပါ။

       ယင်ဖြူက နှိမ်နင်းရခက်ပေမယ့် ဒီလိုနည်းတွေနဲ့ ကြိုတင်ကာကွယ်ထားလို့ ရပါတယ်။ ကာကွယ်ခြင်းက ကုသခြင်းထက် ပိုထိရောက်မှာပါ။ အားလုံးပဲအဆင်ပြေကြပါစေ။

သိမ့်ဇာ

Source: http://ipm.ucanr.edu/PMG/PESTNOTES/pn7401.html


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်