အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အစိမ်းရောင်လမ်း ဖုန်းဆော့ဝဲလ်ပေါ်မှ အဖြေ မြန်မြန်ရစေမည့် မေးခွန်းမေးနည်း

အစိမ်းရောင်လမ်း ဖုန်းဆော့ဝဲလ်ပေါ်မှ အဖြေ မြန်မြန်ရစေမည့် မေးခွန်းမေးနည်း

Green Way
Green Way • 22/01/2018

မင်္ဂလာပါရှင်

အစိမ်းရောင်လမ်း အခမဲ့ စိုက်ပျိုးရေး ဖုန်းဆော့ဝဲလ်မှ နူတ်ခွန်းဆက်သလိုက်ပါတယ်ရှင်။ အခုတလော တောင်သူတွေ ဆီကနေ မေးခွန်းမေးမြန်းမှုအပေါ် ကြန့်ကြာနေတယ်လို့ ကြားသိရပါတယ်ရှင့်။ ထိုအတွက် သတင်းကောင်းလေးတစ်ခု ပြောပြပေးချင်ပါတယ်ရှင့်။

အစိမ်းရောင်လမ်း ဆော့ဝဲလ်တွင် မေးမြန်းကြသော တောင်သူများအနေဖြင့် မေးခွန်းများကို ပြည့်စုံစွာ မေးမြန်းပေးစေလိုကြောင်းလေးပါ။ တောင်သူများ မေးမြန်းသော မေးခွန်းများတွေက ပြည့်စုံမှု မရှိလျှင် ဖြေကြာပေးသော ပညာရှင်များ အနေဖြင့် အခက်အခဲ များရှိနိုင်သကဲ့သို့ အဖြေများပြန်လည်ရရှိနိုင်မှုတွေမှာလည်း ကြန့်ကြာစေပါတယ်။ ထိုကြောင့် တိကျသော မြန်ဆန်သော အဖြေရရှိစေရန် မေးခွန်းများကို ပြည့်စုံစွာမေးမြန်းပေးစေလိုပါတယ်ရှင်။ မေးခွန်းများမေးမြန်းရာတွင် လိုအပ်သော အချက်တွေကို ထည့်သွင်းစဉ်းစားပြီး မေးမြန်းစေလိုပါတယ်။

၁။ သီးနှံအပင်အမျိုးအစား၊ မြေအမျိုးအစား
မည်ကဲ့သို့သောသီးနှံ အမျိုးအစားကို သိချင်ပါသလဲ။ မြေစေးလား၊ ဂဝံမြေလား

၂။ အပင်ရဲ့ အခြေအနေ(အပင်အနေအထား၊ အပင်ရဲ့ အရွယ်သက်တမ်း)

၃။ ရာသီဥတု အခြေအနေ
မေးခွန်းအမေးမီ လွန်ခဲ့သော ငါးရက်၏ ရာသီဥတု အခြေအနေများ

၄။ အသုံးပြုထားသော မြေသြဇာ၊ ဆေး
အပင်တွင် ဘာမြေသြဇာတွေ ထည့်ထားခဲ့သလဲ။ ဘယ်လိုဆေးအမျိုးအစားတွေ သုံးခဲ့သလဲ။ ရေသွင်းရေထုတ် လွယ်ကူမှုရှိပါသလား

၅။ ရောဂါကျရောက်နေသော အပင်၏ အခြေအနေကို ရှင်းလင်းပြတ်သားသော ဓာတ်ပုံနှင့် ရိုက်ပို့ပေးစေလိုပါတယ်။

အထူးသဖြင့် အထက်ပါ အချက်အလက်များကို မေးမြန်းလိုသော အကြောင်းအရာများနှင့် ပြည့်စုံစွာ မေးမြန်းပေးစေလိုပါတယ်ရှင်။ သို့မှသာ ပညာရှင်များဖြေကြားရာတွင် မှန်ကန်တိကျသော အဖြေများကို ရရှိနိုင်မည် ဖြစ်ပါတယ်။ ပြည့်စုံမှုမရှိသော မေးခွန်းများအတွက် အနီးစပ်ဆုံးနှင့် အမှန်ကန်ဆုံး အဖြေများကို ရရှိနိုင်မှာ မဟုတ်ပါဘူးရှင့်။

အဖြေများကိုရရှိပြီးရင်တော့ အကြောင်းပြန်ပေးစေလိုပါတယ်ပါတယ်ရှင့်။ ဒါမှသာ ဖြေဆိုပေးသော ပညာရှင်များအားတက်စေမှာ ဖြစ်သလို တောင်သူများအတွက်မှန်ကန်သောအဖြေ တစ်ခုကို ဖြည့်ဆည်းပေး နိုင်မည် ဖြစ်ပါတယ်။  Green way အနေနှင့် တောင်သူအတွက် ပိုမိုကောင်းမွန်သော နည်းစနစ်များရရှိစေရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိနေပါတယ်ရှင့်။

Greenway အနေဖြင့် တောင်သူများဆီမှ အကြံပြုချက်များကို အချိန်မရွေး လက်ခံလျက်ရှိနေပါသည်။ ဆော့ဝဲလ်မှ တစ်ဆင့် အကြံပြုနိုင်သလို ၀၉၅၀၅၃၅၇၀ သို့ ဆက်သွယ် အကြံပြုနိုင်ပါတယ်ရှင်။

ကျေးဇူးတင်ပါတယ်ရှင်
အစိမ်ရောင်လမ်း စိုက်ပျိုးရေးဖုန်းဆော့ဝဲလ်

htikethuchit3773@gmail.com

[email protected]

လွန်ခဲ့သော ၄ နှစ် က

ကွမ်းစိုက်တောင်သူများအတွက် ဈေးကွက်စီးဆင်းပုံအကြောင်း၊ ပြည်ပတင်ပို့မှု ရှိမရှိ လေးပြောပေးပါအုန်းနော်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ပြောင်းဖူးခင်း ဖောငမြောင်တောင်ကျနေလို့ ဘာဆေးဖျန်းရမလဲ အီမာမက်တင်ဘန်ဇိုအိတ်တော့ဖျန်းထားပါတယ်

cherry lay • ဖြေကြားချက် 1 ခု

ပန်ထိမ်ငိုပန်းစိုက်ရင်ဘယ်ချိန်လောက်စိုက်ရင်အကောင်းဆုံးလဲဗျ၊အရိပ်ကောကြောက်လားဗျ

Paul shan aung. • ဖြေကြားချက် 1 ခု

မတ်ပဲ စိုက်ပြီး ဘယ်နှစ်ရက်သားလောက်မှာ ငါးအမိုင်နိုဖြန်းသင့်ပါသလဲခင်မျ ပြီး ဘယ်လောက်ပမာဏ သုံးသင့်လဲပေါ့ LAB လက်တစ်အက်ဆစ်နဲ့ရော တွဲသုံးလို့ရလား သိချင်ပါတယ့် မြေခံကိုတော့ ထရိုင်ကိုဒါးမားဖြန်းခဲ့ပါတယ်

Thiha • ဖြေကြားချက် 5 ခု

ပဲပုပ်က စိုက်ကတာလား မက်ပဲလို့ခုတ်ဖုံးကျဲလို့ရလားဗျ

nay Htet • ဖြေကြားချက် 2 ခု

ပဲတီစိမ်းခုတ်ဖုံးအတွက်နည်းလမ်းလေးမျှဝေပေးပါဆရာ

moe min aye • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။