MYSAP က မလေးရှားကုမ္ပဏီနှင့် ပူးပေါင်း၍ ဂဏန်းသားပေါက်ခြင်း စမ်းသပ်ဆောင်ရွက်မည်
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင်အတွင်း ဂဏာန်းမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် MYSAP သည် မလေးရှားဂဏာန်းမွေးမြူ ရေးကုမ္ပဏီနှင့် ပူးပေါင်း၍ ဂဏာန်းသားပေါက်ခြင်းကို ဧပြီလအတွင်း စမ်းသပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း MYSAP မှ သိရသည်။
လက်ရှိတွင် သဘာဝမှ ဖမ်းဆီးရရှိသော ဂဏန်းများကိုသာ မွေးမြူထုတ်လုပ်နေခြင်းကြောင့် ရေရှည်တွင် သဘာဝမှရရှိသော ဂဏာန်းရှားပါးလာနိုင်သဖြင့် ဂဏာန်းသားဖောက်၍ မွေးမြူထုတ်လုပ်ခြင်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
"ဒီကုမ္ပဏီက ဂဏာန်းနဲ့ ပတ်သက်ပြီး သုတေသနတွေ ဗီယက်နမ်မှာလည်း လုပ်ခဲ့ဖူးတော့ သူတို့က အတွေ့အကြုံရှိတော့ သူတို့နဲ့ပူးပေါင်းပြီး ဆောင်ရွက်တာဖြစ်ပါတယ်။ သားဖောက်ဖို့အတွက် လိုအပ်တာတွေကို ပံ့ပိုးပေးတာပါ။ သူတို့က အဓိကဂဏာန်းကို သားဖောက်မယ်။ ဒီဒေသမှာရှိတဲ့ ဒေသခံတွေ တောင်သူတွေလည်း လုပ်ကိုင်လို့ရအောင် အဓိကတော့ နည်းပညာ ပြန်ပံ့ပိုးပေးသွားမယ်။ ဘယ်လိုမွေးမြူရမယ်ဆိုတာလည်း ကူညီပေးသွားမယ်။" ဟု မြန်မာ့ရေသတ္တဝါမွေးမြူရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (MYSAP) ၏ အကြံပေး ( ရေငန်ငါးပုစွန်) ဦးစိုးထွန်းက ပြောသည်။
မြန်မာ့ရေသတ္တဝါမွေးမြူရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်း (MYSAP)ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် ဂျာမနီနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (GIZ) တို့မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စီမံကိန်းတစ်ခုဖြစ်ပြီး စီမံကိန်းကာလမှာ ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ရေသတ္တဝါမွေးမြူရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးမှုအတွက် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ရခိုင်နယ်တို့ကို စီမံကိန်းနယ်မြေများအဖြစ် ရွေးချယ်ထားပြီး MYSAP အတွက် ဥရောပသမဂ္ဂ (EU)နှင့် ဂျာမနီနိုင်ငံ ဖဒရယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ စီမံကိန်းကာလ ၅ နှစ် အတွက် ယူရို ၂၂၂၅၀၀၀၀ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။
"အခုတော့ အကုန်လုံးပြင်ဆင်ထားပြီးပြီ။ ရှေ့လမှာ စပြီးသားဖောက်မယ်ဆိုတော့ မေလလောက်ကြရင် တောင်သူတွေကို စပြီးတော့ သားပေါက်ဖြန့်ဖြူးပေးနိုင်ပြီ။ အဲ့ဒါတော့ ကုန်ကျစရိတ်က မတွက်ရသေးတော့ ဘယ်လောက်နဲ့ ဖြန့်ဖြူးမယ်ဆိုတာ မပြောနိုင်သေးဘူး။ ဒါပေမယ့် တောင်သူတွေလည်း ဝယ်ယူနိုင်မယ့် ဈေးနှုန်းတော့ဖြစ်မှာပါ။ အခုမှပထမဆုံး စလုပ်ခါစဆိုတော့ တစ်လကို သားပေါက် အကောင်ရေတစ်သိန်းလောက် ထုတ်လုပ်ဖို့ မှန်းထားတယ်။" ဟု TEXCHEM ကုမ္ပဏီ၏ Assistant Gen eral Manager Mr.SOH CHEE WENG က ပြောသည်။
လပွတ္တာခရိုင်အတွင်းရှိ သဘာဝမှဖမ်းဆီးရရှိသော ဂဏာန်းမျိုးစိတ် ၂ မျိုးကိုသာ စမ်းသပ်၍ သား ဖောက်သွာမည် ဖြစ်ပြီး ယင်းမျိုးစိတ် ၂ မျိုးတွင် Scylla paramamosain မျိုးကိုသာ အဓိကမွေးမြူ ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။ ဂဏာန်းသားဖောက်ခြင်းကို တစ်နှစ်လျှင် ၁၀ ကြိမ် သားဖောက်ထုတ်လုပ်နိုင်မည်ဖြစ်သလို သားဖောက်မှတဆင့် ၂ လအတွင်း အလေးချိန် ၁၀၀ ဂရမ်ရှိသော ဈေးကွက်ဝင်အထိ မွေးမြူထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ဂဏာန်းများကို ရေရှည်တွင် သဘာဝမှ ထုတ်ယူသုံးစွဲနိုင်မှု ကြာလာသည်နှင့်အမျှ သယံဇာတ လျော့ပါးသွားနိုင်ခြင်းကြောင့် ငါးလုပ်ငန်းဦးစီးဌာနသည် လွန်ခဲ့သည့် ၂ နှစ် အတွင်းက ပုသိမ်မြို့၌ ဒေသခံတောင်သူများ၊ လုပ်ငန်းရှင်များ၊ ပညာရှင်များ တွေ့ဆုံညှိနှိုင်း၍ ဂဏာန်းမဖမ်းရ ရာသီကို ၃ လ ယာယီပိတ်သိမ်းရန် မဖြစ်နိုင်ခြင်းကြောင့် မတ်လတစ်တည်းကိုသာ ဂဏာန်းမဖမ်းရရာသီအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
လပွတ္တာခရိုင်အတွင်း ဂဏာန်းမွေးမြူရေး ဧကပေါင်း ၄၀၀ ဝန်းကျင်ရှိသော်လည်း လက်ရှိတွင် ဂဏာန်းမွေးမြူ ရေးဧက ၂၈၀ ဝန်းကျင်ကိုသာ နိုင်ငံခြားကုမ္ပဏီတစ်ခုအပါအဝင် ပြည်တွင်း ကုမ္ပဏီနှစ်ခုနှင့် ဒေသခံတောင်သူများမှ မွေးမြူလုပ်ကိုင်လျက်ရှိကြောင်း လပွတ္တာခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
အေးအေးမြင့်(ABM)
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
မှော်ဘီ၂ဘယ်စျေးပေါက်လဲဗျ
thiha • ဖြေကြားချက် 0 ခု
ရွှေဘိုပေါ်ဆန်းသက်လတ်စပါးသက် 77ရက်ရှိပါပီ။ဒီလ 13/14 ရက်က ဆစ်ပိုးကာကွယ်ဖို့ Profenofos+Lambda cyhalothrin ဆေးတွဲကို ဖြန်းခဲ့ပါတယ် ဒါမဲ့ ခုဆစ်ပိုးက လောက်ကောင်အဆင့်ရောက်ပီး ပင်စည်တွင်းဝင်ရောက်ဖျက်စီးနေကြလို့ပါ။ Acetamiprid20%+Fipronil 20% ပါတဲ့ဆေးထပ်ဖြန်းမလို့ပါဗျ။ သင့်တော်လားဗျ။တစ်ပတ်စောင့်ပီးမှဖြန်းရမလားဗျ။ဖြန်းဆေးဖြန်းပီး နဲ့ 3Gနဲ့ပိုတက် ရောပက်သုံးရင်ရော ပိုပီးအာနိသင်ထိနိုင်လားဗျ။
ko naing phyo wai • ဖြေကြားချက် 1 ခု
ယင်ဖြူ အရမ်းများနေပါတယ် ဖြုတ်စိမ်းလဲရှိတယ် Thiamethoxam -20 WDG (10 g) + Lambda Cyhalothrin -5W/ V(15 cc)ဖျန်းပါတယ် ယင်ဖြူ မပျောက်ဘူးဖြစ်နေပါတယ် Abamectin -1.8% W/ V (20cc) လဲဖျန်းပါတယ် ယင်ဖြူ အမြစ်ပျက် နှိပ်နှင်းရန် ဆေးနဲ့ မိုစေ့ ဗိုင်းရပ် ကာကွယ်ဆေးလေးသိချင်ပါတယ်ဗျာ
စည်သူလွင် • ဖြေကြားချက် 1 ခု
မတ်ပဲ ၁၅ .၂၀ရက်သားမှာ ဆာလ်ဖာ၈၀%ပါတဲ့ရွက်ဖျန်းဆေးဖျန်းလို့ရပြီလား ဆာလ်ဖာကို အလူမီနီယမ်မှိုသတ်ဆေးနဲ.ရောဖျန်းလို့ရလား
Sawsamson • ဖြေကြားချက် 2 ခု
စပါးရွက်မာ အမဲစက်များ ရှိနေတာဘာဖစ်လို့လဲ ဘယ်လိုကုသရမလဲဗျ
kyaw khaing oo • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ဆီအုန်းနှင့် ကျန်းမာရေးအတွက်စားသုံးဆီ (အပိုင်း-၂)
15/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026