စပါးတွင်ကျရောက်သော ဂျပိုးနက် (Rice Black bugs)

16/03/2018 13:53 PM တွင် ayethandasoe ayethandasoe မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဖျက်စီးပုံ

စပါးပင်၏ ပင်ရည်ကို စုပ်စား၍ အရွက်၏အရောင်ကို အညိုရောင်သို့ပြောင်းစေခြင်း၊ ခေါင်ညွှန့်သေဆုံးခြင်း (dead- heart) ၊ အပင် လောင်ခြောက်သွေ့ အကွက်လိုက်သေဆုံးခြင်း (bugburn)တို့ဖြစ်စေသည်။ ဖျက်ဆီးခံရသော အပင်သည် အပင်ပုခြင်း၊ ပင်ပွားလျော့ နည်း ခြင်း၊ ခေါင်နှံဖြူထွက်ခြင်းတို့ ဖြစ်စေသည်။
ပိုးကျရောက်မှုများပါက စပါးအထွက်ကို လျော့ကျစေသည်။ ဂျပိုးနက်သည် စပါးပင်တွင် အပင်ငယ်မှစ၍ အနှံထွက်ရင့် မှည့်ချိန်အထိ စပါးပင်၏ အပင်သက်တမ်း တစ်လျှောက်တွင် ကျရောက်ဖျက်ဆီးသည်။ စပါးရုံတစ်ရုံတွင် အရွယ်ရောက် ဂျပိုးနက် ၁၀ ကောင် ကျရောက်ဖျက်ဆီးပါက အချို့သော စပါးမျိုးများတွင် စပါးအထွက် ၃၅ % ထိ လျော့ကျသွားသည် ကို တွေ့ရသည်။

ကျရောက်သည့်နေရာနှင့် ကျရောက်သည့်အခြေအနေ

၁. မိုးများပြီးရေသွင်း စိုက်ပျိုးရသည့် စိုစွတ်သော ပတ်ဝန်းကျင် အခြေအနေတွင် များသော အားဖြင့်တွေ့ရသည်။

၂. ဆက်တိုက် စပါးစိုက်ပျိုးသောနေရာများနှင့် ရေသွင်းရေထုတ် ခက်ခဲသော စိုက်ကွင်းများတွင် ပိုမိုတွေ့ရသည်။

၃. ပိုးကျရောက်မှုကို နွေစပါးစိုက်ရာသီ နှင့် အပင်စိတ်စိတ် စိုက်ပျိုးထားသော စိုက်ခင်း ကြဲခင်းများတွင် ပိုမိုများပြားစွာ တွေ့ရသည်။

၄. ဥများ ဥနိုင်သော အရွယ်ရောက်ပိုးကောင်များသည် လပြည့်ညများ၌ လ၏ အလင်းရောင်အောက်တွင် ပျံသန်းကြ သည်။

၅. အပင်အရေအတွက် များစွာ စိုက်ထားသော အပင်ရှည်သည့် စပါးခင်းနှင့် နိုက်ထရိုဂျင် မြေသြဇာ လွန်ကဲစွာသုံးသော စပါးခင်း များတွင် ပိုမိုကျရောက်သည်။

၆. စပါး မစိုက်ပျိုးသော အချိန်တွင် စပါးခင်းများတွင် ကျန်ရှိသော ရိုးပြတ်များတွင် ဆက်လက် ရှင်သန် ကြီးထွားပြီး ဆက်လက်၍ မျိုးပွားလာကြသည်။

 

ပိုးက်ေရာက္မႈလကၡဏာ

၁. စပါးရွက်များ အရောင်ဖျော့လာသည်။ ဂျပိုးနက်ဖျက်ဆီးသော စပါးပင် တို့သည် နီညိုရောင် သို့ အဝါရောင် သို့ပြောင်းလဲ သွားသည်။ စပါးရွက်များတွင် အစိမ်းဖျော့ရောင်အစင်း ကြောင်းများတွေ့ရမည်။

၂. ပင်ပွားထွက်ရှိမှု အရေအတွက်များလျော့နည်း လာမည်။ ပင်ပွားများ ညှိုးခြောက် လာမည်။

၃. စပါးပင်များ ကြီးထွားမှုရပ်တန့်သွားမည်၊ အနှံတစ်လစ် ဖြစ်ခြင်း၊ အနှံမထွက်ခြင်း၊ ထွက်လာသော စပါးနှံများ အပြည့် အဝ ဆက်လက် ကြီးထွားမှု မရှိခြင်း၊ စပါးနှံ အဆံမအောင်ခြင်း (သို့) အနှံဖြူများ ဖြစ်ခြင်းတို့ကိုတွေ့ရမည်။

၄. အနှံဖြူများ ထွက်ရှိမှုတွင် ဆစ်ပိုးကျရောက်ချိန် အနှံဖြူများ ထွက်သကဲ့သို့ အနှံဖြူများဖြစ်ပါသည်။ မတူညီသောအချက်မှာ အနှံဖြူအား ဆွဲထုတ်သော အချိန်တွင် အလွယ်တကူ ဆစ်ပိုးတွင် ကျရောက်သကဲ့သို့ ဆွဲ၍မပါလာခြင်း ဖြစ်သည်။

၅. ပိုးပြင်းထန်စွာ ကျရောက်မှုကို အနှံထွက်ချိန်နှင့် ရင့်မှည့်ချိန်တွင်မှ ပိုမို သိသာ ထင်ရှားစွာ သိရှိရသည်။

 

ကာကွယ်နှိမ်နင်းနည်း

၁. ဂျပိုးနက်၏ ဒဏ်ခံနိုင်ရည်ရှိသောမျိုးကိုစိုက်ပါ။

၂. စပါးခင်းတွင် ပေါင်းမြက် ကင်းစင်ရန် နှင့် စပါးခင်း အား နွေထယ်ရေးခံပါ။ 

၃. ပိုးများ၏ဘဝစက်ဝန်းကို ဖျက်ဆီးရန်အတွက် တူညီတဲ့ ရင့်မှည့်ချိန်ရှိသော စပါးမျိုးများကို တစ်ကွင်းတစ်စပ်တည်း စိုက်ပျိုးပါ။

၄. ဥ ဥနိုင်သော အရွယ်ရောက် ပိုးကောင်များကို လျော့ချနိုင်ရန်အတွက် မာကျူရီ မီးသီးဖြင့် အလင်းထောင်ခြောက်များကို လပြည့်ရက် မတိုင်မှီ (၅) ရက်မှစတင်ပြီး လပြည့်ပြီးနောက် ပိုင်း (၅)ရက်ထိ အလင်းထောင်ခြောက်များကို ထွန်းညှိပါ။

၅. ဇီဝနည်းအရ - ဘဲ လွှတ်ကျောင်းခြင်း၊ ဖားများ စပါးခင်းအတွင်းရှိစေခြင်း၊ မိတ်ဆွေပိုး များဖြစ်သည့် သားရဲကောင် ပင့်ကူ၊ ပုရစ်၊ ကျိုင်းကောင်၊ အနီရောင်ပုရွက်ဆိတ်များ ရှိစေခြင်း အားဖြင့် ထိန်းချုပ်နိုင်ပါသည်။

၆. ရေသွင်းခြင်းဖြင့် ပိုးကျရောက်မှုလျော့ချနိုင်သည်မှာ 

ပိုးကျရောက်မှုစတင် တွေ့ရှိချိန်တွင် စပါးခင်းအား ၂-၃ ရက်အထိ ရေလွှမ်း ထားခြင်းဖြင့် ဖျက်ပိုးများ ရေပေါ်သို့ ရောက်ရှိ သေဆုံးသွားမည်။
ရေလွှမ်းထားခြင်းဖြင့် ဖျက်ပိုးဥအများအပြားကို ဖျက်ဆီးနိုင်မည်။ ဖျက်ပိုးဥ များသည် ရေထဲတွင် ၂၄ နာရီကြာ နစ်မြုပ်ပါက ဥမှ အကောင်မပေါက် နိုင်ဘဲ သေဆုံးသွားမည်။
ရိတ်သိမ်းပြီးချိန်တွင် နွေထယ်ရေးခံခြင်းဖြင့် ကျန်ရစ် ဖျက်ပိုးများ၏ ဘဝစက်ဝန်းအား ဖျက်ဆီး ဖယ်ရှားရမည်။ 

၇။ ပိုးသတ်ဆေးသုံးစွဲ၍ကာကွယ်နှိမ်နင်းပါက-

ထိသေစားသေ ပင်လုံးပြန့်အာနိသင်ရှိသော ပိုးသတ်ဆေးကို သုံးစွဲပါ။ အခဲထက် အရည်နှင့် အမှုန့်ကို သုံးစွဲပါ။ ဆေးဖြန်းပါက အပင်ကိုသာမက အပင်ခြေနှင့် အပင်အနီး မြက်ပင် ပေါင်းပင်များကိုပါ ဖြန်းရန်လိုအပ်သည်။ ai – lambda-cyhalothrin နှင့် imidachloprid ကို တွဲ ၍ ဖြန်းပါ။

Aye Thanda Soe 

Ref; -control rice black bugs the natural way- Philippine Rice Research institude
- Rice black bug ( RBB ) ALARMS FARMERS IN PANGASINAN

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်