စပါးပင်နှင့် သူ၏အာဟာရ

12/12/2018 15:30 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 ကောင်းသောနေ့လေးဖြစ်ပါစေ

ဦးလေးကြီးက စပါးစိုက်တဲ့ တောင်သူဦးလေးကြီးတွေကို အလှည့်ပေးရင်းနဲ့ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်ဖို့ အတွက် လုပ်ရမဲ့ သတိပြုရမဲ့ အချက်လေးတွေကို တင်ဆက်ပေးမှာပါ။ ကဲ ကြည့်လိုက်ကြရအောင်

အာဟာရတွေ

     အပင်တွေကလည်း အာဟာရတွေကို စားပြီးတော့မှ ကြီးထွားသန်မာတာပါနော်။ စပါးပင်တွေမှာလည်း သူတို့ စားသုံးတဲ့ အစားအစာလေးတွေကို ကိုယ်က ပြည့်ဝအောင်ဖြည့်တင်းပေးနိုင်တဲ့အခါကျတော့ အကောင်းဆုံးအထွက်ကိုရမှာပေါ့။ နေရောင်ခြည်၊ လေ၊ ရေ နဲ့ မြေ(မြေသားထဲကအာဟာရ) တွေက သူတို့လိုတဲ့အရာတွေပဲ၊ အဲ့မြေကြီးထဲက အာဟာရတွေကတော့ ၁၈ မျိုးရှိတယ်၊

ပထမဆုံးက ကာဗွန်(C) ။ သူက လေထဲကနေရနိုင်ပါတယ်၊ ပူစရာမလို

ဒုတိယ ဟိုက်ဒရိုဂျင် (H) ။ သူက ရေထဲက ရနိုင်တယ်

တတိယ အောက်စီဂျင် (O) ။ သူက လေထဲက ရနိုင်တယ်။

သူတို့ () ခု က အစာချက်တဲ့နေရာမှာ အဓိက အသုံးပြုတာပါ။

     လုံးဝအဓိက ကျတဲ့ စပါးအတွက် အာဟာရတွေက အောက်မှာ တစ်ခါတည်းလေ့လာကြည့်ရအောင်။ ဒါပေမဲ့ အဲ့ဒါတွေပဲ အရေးကြီး တာတော့မဟုတ်ပါဘူး။ အကုန်လုံးက မျှတနေအောင်လုပ်ထားပေးနိုင်ရင်တော့ အကောင်းဆုံးဖြစ်မှာပါ။

     နိုက်ထရိုဂျင်(N) ။ သူကတော့ အရေးကြီးဆုံးအာဟာရဖြစ်ပါတယ်။ စပါးပင်က နိုက်ထရိုဂျင်ကို အများကြီးစုပ်ယူပါတယ်။ အပင်ကြီးထွားဖို့၊ အပင်တိုးတက်ကောင်းမွန်ဖို့၊ အထွက်တိုးတက်ဖို့အတွက် အဓိကပါပဲ။ သူက မြေကြီထဲမှာ ရှိနေပေမဲ့လို့ အပြင်ကနေ ထပ်ပြီးတော့ ပံ့ပိုးပေးနိုင်မှ ကောင်းတာဖြစ်ပါတယ်။ ပုလဲကျွေးတယ် ဆိုတာ အပင်ကို နိုက်ထရိုဂျင် ထည့်ပေးတာပါပဲ။ ပင်ပွားထွက်တဲ့အချိန် နဲ့ ပန်းခိုင်စတင်ဖြစ်ပေါ်တဲ့အချိန်မှာ လုံးဝကို အရေးကြီးပါတယ်နော်။ အရွက်ထွက်တဲ့အချိန်လေးတွေမှာ အရွက်တွေမှာ စုတယ်။ နောက်ပြီးတော့ စပါးစေ့လေးတွေထဲ အထိ နိုက်ထရိုဂျင်က ပါပါတယ်။ စုပ်ယူလိုက်တဲ့ နိုက်ထရိုဂျင် (၇၅%) က စပါးစေ့လေးထဲမှာ သွားစုတာပါ။ အဲ့တော့ နိုက်ထရိုဂျင် က အရေးကြီးတယ်ဆိုတာကို ပြောစရာကိုမလိုတော့ပါဘူး။ နိုက်ထရိုဂျင် ချို့တဲ့တယ်ဆိုရင်တော့ ခုဏက ပြောထားတဲ့ အကျိုးကျေးဇူးတွေကတော့ မရတော့ပဲ အပင်ပုတာ၊ အပင်တွေ ဝါတာတွေ ကိုတွေ့ရမှာပါ။

     နိုက်ထရိုဂျင်က အပင်ထဲမှာတင် ရွေ့ပြောင်းနိုင်တဲ့ အာဟာရဖြစ်ပြီးတော့ ပျောက်ဆုံးလွယ် ပျက်စီးလွယ်ပါတယ်။ ၂ရက် ၃ ရက်ကြာရင် အာနိသင်ပြပြီးတော့ ကျွေးတာများရင်လည်း အပင်တွေ ယိုင်လဲတာတွေလည်း ဖြစ်စေနိုင်ပါတယ်။ အငွေ့ပျံလွယ်တယ်၊ အရည်ပျော်လွယ်တယ်၊ စတဲ့အချက်တွေရှိတာကြောင့် ကျွေးတဲ့နေရာမှာတော့ တကယ့်ကို သတိထားပေးရမှာပါ။

     ဖော့စဖောရပ်(စ်)(P)သူ့ကိုတော့ မြေပြင်တဲ့အချိန်မှာထည့်ပေးလေ့ရှိတတ်ကြပါတယ်။ နိုက်ထရိုဂျင်ထည့်သလိုမျိုး အာနိသင်ကိုတန်းမပြပဲ အမြစ်ဖွံဖြိုးဖို့၊ ပင်ပွားတွေများဖို့၊ ဝတ်မှုန်ကူးတာတွေကောင်းဖို့ နဲ့ ရင့် မှည့်မှု မြန်မြန် ရအောင်လို့ ဆိုတဲ့အချက်တွေမှာ တကယ်ကိုအရေးပါပါတယ်။ ပြီးတော့ ကြွက်တွေဖျက်တာ၊ ပိုးကိုက်တာ စတဲ့ ဒဏ်တွေကနေ မြန်မြန် နာလန်ပြန်ထအောင် လုပ်ပေးပါတယ်။ အထွက်ကိုလည်း သူက ဆုံးဖြတ်ပေးနိုင်ပါတယ်။ သူချို့တဲ့ရင်တော့ အရွက်တွေက အစိမ်းပုတ်ရောင် ဖြစ်နေပြီးတော့ ပင်ပွားကလည်း သိသိသာသာနည်းသွားမယ်။ အပင်ကြီးထွားမှုတွေကလည်း ညီညာတော့မှာ မဟုတ်ပါဘူး။ သူကတော့ နိုက်ထရိုဂျင်လို ပျောက်ဆုံးလွယ်တဲ့ အာဟာရမဟုတ်တော့ တစ်ခါတည်း ထည့်ထားပေးနိုင်ပါတယ်။

     ပိုတက်စီယမ် (K)ပိုတက်စီယမ် ကလည်း ချက်ချင်းမြင်နိုင်တဲ့ အာနိသင်ကို မပြပါဘူး။ ဒါပေမဲ့ ဇီဝဓာတုဖြစ်စဉ်တွေ ကို အားပေးထောက်ပံ့ တယ်။ အပင်အစာတွေကိုသယ်ပို့ပေးတယ်၊ အစေ့အဆန်တွေကို အလေးပိုစီးစေတယ်၊ ဒါတွေဟာ အထွက်ကောင်းဖို့ ပိုတက်စီယမ် လို ကိုလိုအပ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ သူရှိနေရင် ရေငတ်တာတွေ ခံနိုင်မယ်၊ အင်းဆက်ပိုးတွေ ကျရောက်ဖျက်ဆီးတာမျိုး၊ ရောဂါတွေ ဝင်ရောက်တာမျိးကိုလည်း ကာကွယ်ပေးနိုင်တယ်။ ချိ့တဲ့နေတယ်ဆိုရင်တော့ အရွက်တွေက စိမ်းပုတ်ရောင်ဖြစ်ပြီး အဖျားအနာတွေက ဝါနေမယ် အညိုကွက်လေးတွေတွေ့ရမှာပဲဖြစ်ပါတယ်။

အနည်းလိုအာဟာရတွေ

     အကုန်လုံးကတော့ အရေးကြီးတဲ့ အာဟာရတွေဖြစ်ပေမဲ့ အနည်းလိုအာဟာရတွေထဲမှာ စပါးအတွက်အရေးကြီးတာတွေက ကယ်လဆီယမ်၊ မဂ္ဂနီစီယမ်၊ သံဓာတ် နဲ့ မန်းဂနိစ့် တို့ဖြစ်ပါတယ်။ သူတို့နည်းပါးသွားရင်တော့ ရုပ်ပိုင်းဆိုင်ရာ ပုံမမှန် ထိခိုက်မှုတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ သူတို့ကတော့ မြေထဲမှာ အပင်တွေလိုအပ်တာထက်ပိုပြီးတော့ ရှိနေတာမို့ စိတ်ချလက်ချနေနိုင်ပါတယ်။ ဒါပေမဲ့ မြေမကောင်းရင်တော့ တစ်မျိးစဉ်းစားရတာပေါ့။

ဇင့် (Zn)

     ဇီဝဓာတုဖြစ်စဉ်တွေအတွက် အရေးပါတဲ့ အာဟာရဖြစ်ပါတယ် ကလိုရိုဖီးလ် (အစာချက်လုပ်ရာတွင်အရေးပါသော အစိမ်းရောင်ခြယ်ဆဲလ်) တွေ ထုတ်လုပ်တဲ့နေရာမှာ သူကို သုံးပါတယ်။ ရေသွင်းစိုက်တဲ့ စပါးတွေမှာဆို သူ့ကိုပိုထည့်ပေးဖို့ လိုပါတယ်။ တကယ်လို့သူချို့တဲ့နေတယ်ဆိုရင်တော့ ရွေ့စိုက်ပြီး ၂ပတ်ကနေ ၄ ပတ် မှာ အရွက်ငယ်တွေမှာ အညိုရောင် အစက်အပြောက်တွေကို တွေ့ရမှာဖြစ်ပါတယ်။ ဆိုးဝါးရင်တော့ ပင်ပွားတွေက ထွက်တာနဲ့ အပင်တိုးတက်ဖွံ့ဖြိုးမှုတွေ ထိခိုက်မှာဖြစ်ပါ တယ်။ သူက အော်ဂဲနစ်ပစ္စည်းတွေများတဲ့နေရာမှာ ချို့တဲ့မှုဖြစ်တာပိုများပါတယ်။ ကယ်လဆီယမ်များတဲ့ မြေ မှာလည်း ဇင့် ချို့တဲ့မှုဖြစ်တာကို တွေ့နိုင်ပါတယ်။ သံဓာတ်ချို့တဲ့မှုပုံစံနဲ့တူပြီးတော့ သူဖြစ်တာကတော့ ခုနက တင်ပြခဲ့တဲ့မြေအမျိုးအစားတွေမှာဖြစ်တာများပါတယ်။

     ဒါတွေကတော့ စပါးစိုက်ပျိုးရေးမှာ အဓိက ဂရုစိုက်ပေးပြီး ထည့်ပေးရမဲ့ အာဟာရဓာတ်တွေဖြစ်ပါတယ်။ အဆင်ပြေကြပါစေဗျာ ..

Reference: http://www.ricehub.org/

ထွန်းဝင်းကျော်

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်