ဆား( အငံ) နှင့် ကျန်းမာရေး

16/05/2024 14:07 PM တွင် သိမ့်ဇာ သိမ့်ဇာ မှ ရေးသား

ဆားမပါတဲ့ဟင်းလို ပေါ့ပျက်ပျက်နဲ့ ဆိုတဲ့စကားလိုပဲ ဆား( sodium)ဟာ ဟင်းလျာတွေကို အရသာကိုပြုလုပ်ပေးပြီး အရသာကိုထိန်းပေးပါတယ်။ ဆားကို အစားအစာတွေကြာရှည်ခံဖို့ ဘက်တီးရီးယားတွေ မပေါက်ဖွားဖို့လည်း အသုံးပြုနိုင်ပါသေးတယ်။ လူ့ခန္ဓာကိုယ်ဟာလည်း အာရုံကြောတွေအလုပ်လုပ်ဖို့၊ ကြွက်သားတွေကို ဖြေလျော့ပေးဖို့ ၊ ခန္ဓာကိုယ်ထဲက ရေနဲ့ သတ္တုဓာတ်တွေကို ဖြေလျော့ပေးဖို့လည်း လိုအပ်ပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့မှာ ဆိုဒီယမ် ၅၀၀ မီလီဂရမ်ကို ခန္ဓာကိုယ်ရဲ့ မဖြစ်မနေ လုပ်ဆောင်ချက်တွေအတွက် လိုအပ်ပါတယ်။ ဒါပေမယ့်လည်း ခန္ဓာကိုယ်ထဲမှာ ဆားပမာဏ ( တစ်နည်းအားဖြင့် ဆိုဒီယမ် ပမာဏ) များလာတဲ့အခါ သွေးတိုးရောဂါ၊ နှလုံးရောဂါနဲ့ ရုတ်တရက် သတိလစ်ခြင်းမျိုးတွေ ဖြစ်နိုင်ပါတယ်။ နေ့စဉ် အစားအစာတွေထဲမှာ ဆိုဒီယမ်များလာခြင်းက အခြား ခန္ဓာကိုယ်က လိုအပ်တဲ့ ကယ်ဆီယမ်ဓာတ် ဆုံးရှုံးမှုကိုလည်းဖြစ်စေပါတယ်။ ကယ်ဆီယမ်ဆိုတာကတော့ အရိုးတွေသန်မာစေတာပါ။ ဒါကြောင့် အငံအစားများခြင်းကနေ ကယ်ဆီယမ်ချို့တဲ့လို့ဖြစ်တဲ့ အရိုးပွရောဂါတွေ လွယ်လွယ်နဲ့ အရိုးကျိုးတာတွေကို ဦးတည်စေပါတယ် ။ တစ်နေ့ကျ အနိစ္စသဘောတွေဟာ ရှောင်လွှဲလို့ မရဘူးဆိုပေမယ့် သတိမမူခြင်းဟာ ဒုက္ခတွေကို ပိုမိုတိုးစေတတ်လို့ သတိထားစားသုံးသင့်ပါတယ်။

ဆိုဒီယမ်များလာတဲ့အခါ….

သွေးတွင်းမှာ ဆိုဒီယမ်များလာတဲ့အမျှ လူ့ခန္ဓာကိုယ်ရဲ့ ကျောက်ကပ်က ဒုက္ခရောက်ပါတယ်။ ဆားတွေ ကိုယ့်ခန္ဓာကိုယ်ထဲမှာများလာတဲ့အခါ ခန္ဓာကိုယ်က ရေနဲ့ ဖြေလျှော့ရပါတယ်။ ဒီလို သဘာဝဖြစ်စဉ်ကြောင့် သွေးကြောတွေထဲမှာ သွေးစီးဆင်းရတဲ့ ထုထည်ပမာဏကလည်းများလာပါတယ်။ ဒီအချိန်မှာ နှလုံးကလည်း ပုံမှန်ထက်ပိုပြီး အလုပ်လုပ်ပေးရပါတော့တယ်။ ကျွန်မတို့ အလုပ်မှာ အချိန်ပိုဆင်းရရင် ပင်ပန်းသလို သွေးကြောမျှင်လေးတွေကလည်း ပင်ပန်းကြပါတယ်။ ဒီလိုကနေ သွေးပေါင်ချိန်တက်တာ၊ နှလုံးရှော့ရတာ၊ ရုတ်တရက် သတိမေ့တာတွေ ဖြစ်လာကြတာပါ။ ခြုံငုံကြည့်ရရင် ဆိုဒီယမ် အစားများတာကနေ နှလုံးကျန်းမာရေး၊ ကျောက်ကပ်ကျန်းမာရေးတွေ ထိခိုက်နိုင်တာဖြစ်ပါတယ်။

ဆိုဒီယမ်တွေ ဘယ်မှာရှိတတ်သလဲ

ဆားလို့ပြောလိုက်ရင် အိမ်သုံးဆားကိုပဲ ရုတ်တရက်စဉ်းစားမိကြပါတယ်။ အိမ်သုံးဆားအပြင် အခြားပုံစံတွေအနေနဲ့လည်း ဆိုဒီယမ်တွေဟာ ကျွန်မတို့ အစားအသောက်တွေမှာ ရှိနေကြပါတယ်။ အသင့်စားအစားအစာတွေ အချိုမှုန့် (MSG) တွေမှာလည်း ဆိုဒီယမ်တွေ ပါဝင်ကြပါတယ်။ သစ်သီးဝလံတွေ ဟင်းသီးဟင်းရွက်တွေမှာသာ ဆိုဒီယမ်ပါဝင်မှု မရှိသလောက်နည်းမှာဖြစ်ပါတယ်။ သို့ပေမယ့် ချက်ပြုတ်ပြင်ဆင်တဲ့အခါ ဆိုဒီယမ် ( ဆား,ဟင်းခတ်မှုန့် ) အသုံးများတယ်ဆိုရင် ဟင်းရွက်စားပေမယ့်လည်း ဆိုဒီယမ်တွေစားနေမိအုံးမှာပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ နေ့စဉ် အစားအသောက်ကို ဂရုစိုက်ခြင်းက မလိုလားအပ်တဲ့ စိတ်ဆင်းရဲစရာတွေ မလိုလားအပ်တဲ့ ကျန်းမာရေးကုန်ကျမှုတွေကို ရှောင်ရှားနိုင်ပါတယ်ရှင်။

ဆိုဒီယမ် ချို့တဲ့ခြင်း

ပုံမှန်လူတွေမှာတော့ ဆိုဒီယမ် ချို့တဲ့ခြင်းက တွေ့ရခဲပါတယ်။ ဘာလို့ဆို ကျွန်မတို့ စားနေတဲ့ အစားအစာအတော်များများမှာ ဆိုဒီယမ်တွေ ပါဝင်နေကြလို့ဖြစ်ပါတယ်။ သက်ကြီးပိုင်းလူကြီးပိုင်းတွေမှာသာ တွေ့ရတတ်ပါတယ်။ အရမ်းအန်နေတာ၊ ချွေးအရမ်းထွက်တဲ့ အခါမှာလည်း ခန္ဓာကိုယ်မှာ ဆားဓာတ် (sodium)တွေ ချို့တဲ့သွားနိုင်ပါတယ်။ ဒါကြောင့် နေမကောင်းဖြစ်ပြီး အန်ကြတဲ့အခါ ဝမ်းသွားတဲ့အခါ ဆိုဒီယမ်ဖြစ်တဲ့ ဓာတ်ဆားထုပ်တွေသောက်ကြရပါတယ်။

ဆား( ဆိုဒီယမ်) များလွန်းခြင်း

ဒီလို ဆိုဒီယမ် အဆိပ်သင့်ခြင်းကို အစားကောင်းကောင်းမစား အရည်သောက်တာနည်းတဲ့ သက်ကြီးပိုင်းတွေမှာဖြစ်တာများပါတယ်။ခန္ဓာကိုယ်မှာ ရေဓာတ်တွေ အကုန်မြန်တဲ့အခါ ခန္ဓာရဲ့ သဘာဝဖြစ်စဉ်လုပ်ဆောင်ဖို့ ရေတွေမရှိဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မှာ ဆိုဒီယမ်တွေ စုပုံလာပြီး ဦးနှောက်အထိပါ သက်ရောက်မှုတွေ ဖြစ်နိုင်ပါတယ်။ အစာစားချင်စိတ်မရှိတာတွေ၊ အန်ချင်သလိုဖြစ်တာတွေ စိတ်ရှုပ်ထွေးနေတာတွေစတဲ့ လက္ခဏာတွေဟာ ဆိုဒီယမ်တွေ အစားများထားတဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။ နောက်ဆုံး ကျောက်ကပ်မကောင်းတာတွေအထိ ဖြစ်လာတတ်ပါတယ်။

ဒါကြောင့် မိမိတို့ရဲ့ တစ်နေ့တာ နေထိုင်စားသောက်မှုမှာ အငံစားသုံးမှု တစ်နည်းအားဖြင့် ဆိုဒီယမ်ကို သတိမူနိုင်ရင် မဖြစ်သင့်တာတွေ မဖြစ်ဖို့ မကုန်သင့်တာတွေ မကုန်ဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။

 ကျွန်မတို့ရဲ့ အစားအစာတွေမှာ ဆိုဒီယမ်ဟာ ဘယ်လိုပုံစံတွေနဲ့ပါဝင်နေသလဲ သိရရင် ပိုမိုဆင်ခြင်မိနိုင်ဖို့ ရေးသားဖော်ပြလိုက်ရပါတယ်။

ကိုးကား- https://www.hsph.harvard.edu/nutritionsource/salt-and-sodium/#:~:text=But%20too%20much%20sodium%20in,more%20than%20our%20bodies%20need.

အသေးစိတ်ကို အထက်ပါ ဆောင်းပါးမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေး နယ်ပယ်မှ အသုံးအနှုန်းများ အမှားအယွင်းပါခဲ့ပါက ဝင်ရောက်ဆွေးနွေးခြင်းဖြင့် ကူညီနိုင်ပါတယ်ရှင်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်