ဝိုင်ထုတ်လုပ်ခြင်းလုပ်ငန်းကို ရှေးယခင်တည်းက ဥရောပနိုင်ငံတွေမှာသာမက၊ အရှေ့တောင်အာရှနိုင်ငံအများစုမှာလည်း ထုတ်လုပ်သောက်သုံးလာခဲ့ကြတဲ့ ဓလေ့တစ်ခုရှိပါတယ်၊ အီတလီနဲ့ ပြင်သစ်နိုင်ငံတွေမှာတော့ ဝိုင်သောက်ခြင်းကို ရိုးမန့်ဆန်ဆန် သောက်တဲ့ဓလေ့ကိုတွေ့ရပြီး အနုပညာသဏ္ဌာန် ဖော်ကြူးကြပါတယ်။ ကျွန်တော်တို့နေထိုင်ရာ အရှေ့ဝောာင်အာရှမှာတော့ ဝိုင်ဆိုတဲ့အခေါ်အဝေါ်ကို နိုင်ငံအလိုက် အမျိုးမျိုးခေါ် ဝေါ်ကြတာကို တွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကို ဝိုင်စတင်သောက်သုံးမှု ထွန်းကားလာခဲ့ရတဲ့ နောက်ခံသမိုင်းကတော့ အင်္ဂလိပ်တွေ မြန်မာနိုင်ငံကိုနယ်ချဲ့အပြီးမှာ ယနေ့ခေတ်အခေါ် (ဘိုကေ)၊ ဝိုင်၊ အနောက်တိုင်းဂီတ စတဲ့ ဥရောပဟန်တွေရောက်ရှိလာတယ်လို့ ယူဆရပါတယ်။ လိုရင်းကို ဆက်ပါမယ်။
Smoothနဲ့ ဂရမ်း (အဲမှားလို့) Sweet and Dry
ဝိုင်မှာ အမျိုးအစား ၂ မျိုးရှိပါတယ်။ ၎င်းတို့ကတော့ အချိုနဲ့ အပြင်းဖြစ်ပါတယ်။ sweet wine များရဲ့ပင်ရင်းဟာ လွယ်လွယ်ပြောရရင် Edible sweet fruits လို့ခေါ်တဲ့ စားလို့ရတဲ့ အရည်ရွှမ်းသစ်သီးကနေ အဓိကထုတ်လုပ်ပါတယ်။ အချို့သောသစ်သီးတွေရဲ့ အခွံဟာ အယ်လ်ကိုဟောဖြစ်စေနိုင်တဲ့ အီသနောဓာတ်ကြွယ်၀စွာပါ၀င်နေပါတယ်။ ဥပမာ (စပျစ်၊ဘယ်ရီ )၊ အခြားသော sweet wine တွေကတော့ သစ်သီးရဲ့အချိုဓာတ်ကနေ (Fermentable sugar) အချဉ်ပေါက်စေတဲ့သကြားကို အဓိကအသုံးပြုခြင်းဖြစ်ပါတယ်။ နားလည်လွယ်အောင်ပြောရရင် စပျစ်လိုမျိုးအသီးကို ဘူးအလုံပိတ်ပြီး နှစ်ကြာအောင် ပစ်ထားလိုက်တာရုံနဲ့တင် ဝိုင်ဖြစ်နိုင်ပါတယ်။ အခြားသော မက်မန်းဝိုင်၊ ချယ်ရီဝိုင်၊ စတော်ဘယ်ရီဝိုင် စတဲ့ ဝိုင်တွေကတော့ ရိုးရိုးသကြားကိုအဓိက အသုံးပြုပေးရပါတယ်။
Dry wine တွေကတော့ အပြင်းတွေဖြစ်ပြီး သာမန်လူအဖို့ နှစ်လိုဖွယ်နည်းပါတယ်။ ထို့အပြင် Dry wine မှာ အယ်လ်ကိုဟော ၁၈-၂၅ ထိပါတတ်တဲ့အတွက် မူးရင်လဲ အရက်ကြမ်းနီးနီး မူးပါတယ်။ သူ့အကြိုက်နဲ့သူပေါ့ ။
မိမိဝိုင်ကို ဘယ်လို ချို/ ပျော့ စေမလဲ?
ဒါကတော့ ကျွန်တော် အဓိကဆွဲခေါ်ချင်တဲ့ သော့ချက်ပါ။ ဝိုင်လုပ်နည်းကိုတော့ လေ့လာသူအနည်းငယ် သိကြပြီးသား ဖြစ်ပါလိမ့်မယ်။ သကြားရယ်၊ တဆေးရယ်၊ လုပ်မယ့်ပစ္စည်း (Materials) ရယ်ပဲ လိုတယ်ပေါ့ဗျာ။ တစ်ခါတလေ ပိုးသတ်ထားတဲ့ရေ ဒါမှမဟုတ် ရေသန့်လိုချင်လိုအပ်လိမ့်မယ်ပေါ့။ အရေးကြီးတာကတော့ မိမိဝိုင်ကို ဘယ်လိုချိုအောင် ဖန်တီးရမလဲ ဆိုတာပါပဲ။
သကြားတွေပိုထည့်မယ် ?
၁။ ဝိုင်တွေပျော့နေအောင်လုပ်ဖို့ မလွယ်ပါ
၂။ အခန့်မသင့်ရင် ချိုပြဲပြီး သောက်ချင်စိတ်မရှိအောင် စိတ်ပျက်သွားစေနိုင်တယ်
၃။ ပုရွက်ဆိတ်၊ ယင် နဲ့ စိတ်ညစ်ရမယ် အဲ့အချက်တွေရှိပါတယ်။
အဓိက မှတ်သားဖို့ရန်က သော့ချက်တစ်ခုရှိပါတယ်။ ဒါကတော့ အချဉ်ဖောက်ခြင်းဖြစ်စဉ်ဟာ သကြားတွေအားလုံးကို အချိုမဖြစ်စေပဲ အယ်လ်ကိုဟောဖြစ်စေသွားတာပါ။ကျနော်တို့က အိမ်တွင်းဝိုင်တစ်ခုပြုလုပ်မယ်ဆိုပါစို့။ ကျွန်တော်တို့ ချိန်ညှိရမှာက သကြားအချိုးနဲ့ တစေးအချိုးကိုပါ။ တစေး (yeast) များလွန်းရင် အချဉ်ဖောက်ခြင်းပြီးသွားတဲ့အခါ ဝိုင်က အနံ့သက်က မကောင်းတတ်ပါ။
တစေးနည်းတဲ့အခါ အချဉ်ဖောက်ခြင်းဆက်ဖြစ်ဖို့ လုံလောက်မှုအားနည်းသွားတတ်ပါတယ်။ ဆိုလိုချင်တာက ဝိုင်ဖေါ်တဲ့ဖြစ်စဉ်ဟာ အနည်းဆုံး ၃ ပတ်ကနေ ၄ ပတ်ထိ အချိန်ယူရပါတယ်။ မိမိပြုလုပ်တဲ့ပမာဏဟာ များနေပြီး တစေးဟာ အလွန်နည်းနေရင် ဝိုင်ဖြစ်စဉ်မအောင်မြင်နိုင်ပါ။ ကာဗွန်ဒိုင်အောက်ဆိုဒ်လည်း ထွက်တဲ့လက္ခဏာမပြဘူးဆိုရင်တော့ မိမိသုံးတဲ့ပစ္စည်းက ဝိုင်ဖြစ်လွယ်တဲ့အသီးလား တခြားသော Breakdown လုပ်မှ အီသနောထွက်မယ့်ပစ္စည်းလားဆိုတာ စဉ်းစားတတ်ဖို့တော့ လိုပါမယ်။ အဲ့ဒီတော့ တစေးနဲ့ အသုံးပြုမယ့်အသီးအချိုးကို ချိန်ညှိတတ်ဖို့ အရေးကြီးပါတယ်။ ပြီးတော့ တစေးကောင်းကောင်းသုံးဖို့က ဝိုင်လုပ်ငန်းမှာ အရေးကြီးဆုံးဖြစ်ပါတယ်။ (Recommend = Chinese Yeast ball တရုတ်ကထုတ်တဲ့ တစေးအလုံးလေးတွေကို ထောက်ခံပေးပါတယ်)
*ဝိုင်တိုင်း သကြားထည့်ဖို့လိုမလို?
အဲ့တာကလည်း မေးခွန်းကောင်းတစ်ခုပါပဲ။ အချိုဓာတ်များတဲ့ သီးနှံတစ်ခုအတွက် သကြားအနည်းငယ်သာ လိုအပ်ပါတယ်။ အဲ့ဒီတော့ လွယ်လွယ်ပဲ မှတ်ရအောင်။ ဝိုင်မဖေါက်ခင် အချိုတွေများရင် ပြင်းအားများမယ်။ (ရလဒ်မှာလည်း ရံဖန်ရံခါတော့ ချိုတတ်မယ်) ၊ အချိုနည်းရင်တော့ ပျော့နိုင်ချေများပါတယ်။
အဲ့ဒီအတွက် စပျစ်ဝိုင်တစ်ခုလေနဲ့ပဲ လုပ်ကြည့်ရအောင်။ စပျစ်သီးက ၁၅၀၀ ဂရမ် အိုကေ။ သကြားက စပျစ်သီးရဲ့ အချိုပမာဏကိုလိုက်ပြီး ချိန်ညှိရပါတယ်။ အချိုသီး (red wine) အတွက် သကြားလျှော့ထည့်သင့်ပါတယ် ။ စားစပျစ်(ကျနော်အပေါ်မှာ Material လို့ ဆိုလိုခြင်းဖြစ်ပါတယ်) တွေက အများအားဖြင့် အချိုဓာတ်ဘက်ကို ပိုများတဲ့အတွက် အဖြူရောင်သကြားကို ၆၀၀ ဂရမ် လောက် သုံးကြည့်မယ်။
တစေးကိုတော့ အပေါ်ကပြောခဲ့တဲ့ ဝိုင်လုပ်တဲ့တစေးကို အဓိကသုံးစေချင်ပါတယ်။ သော့ချက်က ရှင်းပါတယ်။ ဝိုင်လုပ်နေစဉ်မှာ သကြားထပ်ထည့်ရင် ပြင်းအားများမယ်။ ဝိုင်ဖြစ်စဉ်အပြီးမှာ သကြားထည့်ရင် ချိုမယ်။ ဒါပါပဲ။ တချို့ကတော့ ဝိုင်အပျော့အတွက် အချဉ်ဖောက်ခြင်းဖြစ်စဉ်ထဲကို အယ်လ်ကိုဟော သက်သက်ထည့်ပေးကြတယ်။ ဒီနည်းလမ်းကတော့ ရှင်းတယ်။ အယ်လ်ကိုဟောနဲ့ တစေးနဲ့တွေ့တဲ့အခါ သကြားတွေကိုမစားပဲ ကျန်နေခဲ့တယ်။ အဲ့ဒီ့အတွက် ပြင်းအားကျသွားရခြင်းဖြစ်ပါတယ်။ ဥပမာ - ရို့စ်ဝိုင်မှာဆိုရင် ရမ်တချို့ ထည့်ကြတဲ့နည်းလမ်းတွေရှိပါတယ်။
အဓိက လိုက်နာသင့်တဲ့ အချက်များ
အားလုံးအပြီးမှာ ရေဆူဆူ (၆၀ ဒီဂရီဆဲဆီးယပ် )မှာ မှိုသန့်စင်ရန်အကောင်းဆုံးဖစ်ပါတယ်။ ဒီအဆင့်ကတော့ မဖြစ်မနေလိုအပ်တဲ့အထဲတော့ မပါပါဘူး။
ကောင်းမွန်တဲ့ အရောင်ရဖို့ Racking လုပ်ဖို့ လိုပါတယ်။ အချဉ်ဖောက်အပြီးမှာ Racking လုပ်ဖို့ ဘယ်တော့မှ မမေ့ပါနဲ့။ ဝိုင်အရည်အသွေးအတွက် Racking က အသက်ပါပဲ။ အရောင်ကြည်လင်မှုအတွက်ဆိုရင်လဲ မမှားပါဘူး။ (Racking ဆိုတာကတော့ အချဉ်ဖောက်ထားတဲ့ ဝိုင်စည်ထဲကနေ နောက်စည်တစ်ခုထဲကို အနည်စစ်ပြီး ပြောင်းထည့်တာကို ဆိုလိုတာပါ။ အနည်စစ်တယ်ဆိုတဲ့နေရာမှာ ဇကာသုံးစစ်တာမဟုတ်ပဲ ဝိုင်စည်ကို အငြိမ်အတိုင်းထားပြီး ပြောင်းထည့်တာပါ။) မြင်သာအောင်လို့ ပုံလေးပြပေးထားပါတယ်။
အရောင်ထည့်ရန်အတွက် အချဉ်ဖောက်တာကနေ ရက် ၂၀ အကြာမှာ အသင့်တော်ဆုံးဖြစ်ပြီး အနံ့အတွက် ပုလင်းထဲထည့်တဲ့အဆင့်မှာ အကောင်းဆုံးဖြစ်ပါတယ်။
အထက်ပါအကြောင်းအရာတွေ နည်းလမ်းတွေကို သိသလောက်မချွင်းမချန် ပြန်လည်မျှဝေခဲ့ခြင်းဖြစ်ပြီး မိတ်ဆွေများ ဗဟုသုတရစေရန် ရေးသားခဲ့ခြင်းဖြစ်ပါတယ်။
ပြည့်ဖြိုးသော် B.Agri.Sc(soil and water science)