မျိုးညှောင့်ပေါက်ခြင်းအကြောင်း
အူးလေးကြီးတို့ မျိုးစေ့လေးတွေကနေ အပင်လေးတွေဖြစ်လာဖို့ဆို အများဆုံးလုပ်ကြတာ ပန်းအိုးလေးထဲ မျိုးစေ့လေးထည့်။ ပျိုးဘောင်လေးထဲ မျိုးစေ့လေးကြဲ အဲ့လိုလေးတွေလုပ်နေတာပါပဲ။ သူတို့ကလည်း တာဝန် ကျေရှာပါတယ်။ အပင်လေးတွေပေါက်လာကြတယ်။ ပေါက်လာတာ ဘယ်လိုပေါက်လာတာလဲဆိုတာကို အူးလေးကြီးတို့လေ့လာကြည့်ရအောင်။
မျိုးညှောင့်ပေါက်ခြင်း
မျိုးညှောင့်ပေါက်တဲ့အခါ ပုံစံ (၃) မျိုးရှိပါတယ်တဲ့။ Cotyledon လို့ခေါ်တဲ့ အစေ့ရွက်လေးတွေ ကိုကြည့်ပြီးတော့ ခွဲခြားထားတာဖြစ်ပါတယ်။ အစေ့ရွက်ဆိုတာကတော့ မျိုးစေ့ခွံလေးတွေထဲမှာ ရှိနေတဲ့ အစားအစာတွေသိုလှောင်ထားတဲ့ ထူထူအသားလေးကိုပြောတာဖြစ်ပါတယ်။ သရက်သီးဆိုရင် အစေ့ထဲက ဖြူဖြူအခြမ်းလေး (၂) ခြမ်းကို အစေ့ရွက်လို့ခေါ်ပါတယ်နော်။ သိလောက်ပြီပေါ့။
1. အစေ့ရွက်လေးတွေ မြေထဲမှာ ကျန်ခဲ့တဲ့ မျိုးညှောင့်ပေါက်ခြင်း (Hypogeal Germination)
2. အစေ့ရွက်လေးတွေ မြေပေါ်တက်လာတဲ့ မျိုးညှောင့်ပေါက်ခြင်း (Epigeal Germination)
3. အပင်ပေါ်မှာတင် စေ့မှ ညှောက်ပေါက်ခြင်း (Vivipary (Viviparous Germination))
စေ့ရွက်လေးတွေ မြေထဲမှာကျန်ခဲ့တဲ့ မျိုးစေ့ညှောင့် ပေါက်ခြင်း(Hypogeal Germination)
အစေ့ကိုစိုက်ရင်တော့ အူးလေးကြီးတို့က မြေကြီးထဲမှာ စိုက်ကြတာလေ။ အစေ့ရွက်ကလေးက မြေကြီးထဲမှာကျန်ခဲ့ပြီးတော့ အမြစ်လေးတွေက မြေထဲကိုဆင်းသွားတယ်။ အညွှန့်လေးတွေက အပေါ်ဖက်ကို တက်လာတယ်။ အစေ့ရွက်ကလေးတွေက အစားအစာကို သိုလှောင်ထားတဲ့အရာ လို့ပြောထားတဲ့အတိုင်း သူက အစာတွေကို အလယ်မှာနေပြီး တစ်ဖြည်းဖြည်းချင်းထုတ်ပေးရင်းနဲ့ အပင်လေးဖြစ်လာတဲ့ ပုံစံဖြစ်ပါတယ်။ အစေ့ရွက်လေးက မြေအောက်မှာ ကျန်ခဲ့ပြီး အပင်လေးထွက်လာတာကိုဆိုလိုတာဖြစ်ပါတယ်။ စေ့ရွက်တစ်ရွက်တည်းပါတဲ့ စေ့ရွက်တည်း(ထီး)ပင်တွေ (ပြောင်း၊ ပဲ) တွေက အဲ့လိုနည်းနဲ့ အပင်ပေါက်လာလေ့ရှိပါတယ်။ သူကျတော့ အမြစ်ရော အညွှန့်ရော ညီညီညာညာ ကြီးလာတဲ့ပုံဖြစ်ပါတယ်။
စေ့ရွက်လေးတွေ မြေပေါ်တက်ပြီးမှ အပင်ထွက်လာတဲ့ မျိုးပေါက်ခြင်း(Epigeal Germination)
ဝါပင်၊ သင်္ဘောပင်၊ ကြက်သွန် စတဲ့အပင်လေးတွေမှာ တွေ့ရတဲ့ မျိုးညှောင့်ပေါက်ခြင်း အမျိုးအစားဖြစ်ပါတယ်။ ဒီအပင်ကတော့ စေ့ရွက်ကလေးကနေ အမြစ်နဲ့ အညွှန့်လေးတွေက တစ်ဆက်တည်းကြီးလာတယ် အစေ့ရွက်ကလေးတွေက အပေါ်မှာရောက်သွားတယ်။ တစ်ခါတစ်လေ အစေ့ခွံလေးတောင်ပါသေးတယ်။ ဖရဲစေ့တို့ ဘူးစေ့တို့ဆို စစချင်း အစေ့ကနေ အပင်ပေက်လာတဲ့အခါ အရွက်အစစ်မထွက်လာပဲနဲ့ အရွက် (၂)မွှာလေး ကားကားလေး ထွက်တယ်။ အစေ့လေးက အုပ်လျက်သားလေးတောင်ပါလာသေးတယ်။ အဲ့လို မျိုးညှောင့်ပေါက် တဲ့အမျိုးအစားကိုကျတော့ Epigeal Germination လို့ခေါ်ပါတယ်။ သူက အမြစ်လေးက အရင်ထွက်ပြီး အစေ့လေးပါတဲ့ ခေါင်းလေးက ထောင်လာသလို ပုံစံလေးဖြစ်ပါတယ်။
အပင်ပေါ်မှာတင် အစေ့မှ အညှောင့်ပေါက်ခြင်း (Vivipary (Viviparous Germination))
လူတွေလိုဆို ကလေးမွေးတာပေါ့ အကောင်လိုက်ကလေးမွေးတယ်ဆိုတဲ့သဘော။ ခုဏက ကျတော့ ဥအုတာကိုမှ အကောင်ပေါက်တဲ့ မတူတဲ့ကွဲပြားတာကိုပြောပြတာမျိူးဖြစ်ပါတယ်။ တစ်ခါတစ်လေ အပင်ပေါ်မှာတင် မျိုးပင်လေးတွေပေါက်နေတာကို မြင်ဖူးကြမှာပါ။ အဲ့လိုလေးကိုပြောတာဖြစ်ပါတယ်။ Mangrove လို့ခေါ်တဲ့ ဒီရေတောလို ပင်လယ်ကမ်းစပ်တွေလို တွေမှာ ပေါက်တဲ့ အပင်တွေက သူတို့ဒေသအရ အပင်ပေါက်ဖို့အတွက် ဆားငန်တာလိုမျိုး၊ လေလုံလုံလောက်လောက်မရတာမျိုး ဖြစ်တာကြောင့် သဘာဝအရကို အပင်ပေါ်မှာတင် အပင်လေးပေါက်ကြတာဖြစ်ပါတယ်။
အပင်ပေါ်မှာတင်ပဲ အစေ့လေးတွေက အပင်တွေပေါက်ပြီးတော့ အမြစ်က အောက်ထိဆင်းလာလိုက်တာ စင်တီမီတာတော်တော်ရောက်တယ် (၇၀) စင်တီမီတာကျော် လောက်အထိ ဆိုတော့ (၂)ပေကျော်ကျော်ရှိပါတယ်။ ပြီးတော့မှ သူတို့ ရွံ့တွေရှိ နူန်းတွေရှိနေတဲ့ ရေထဲကို ပြုတ်ကျ။ ပြုတ်ကျတယ်ဆိုပေမဲ့ အမြစ်က (၂) ပေလောက်အထိရှည်နေတော့ အညွှန့်အပိုင်းလေးက ရေလွတ်ပြီးတော့ အောက်စီဂျင်တွေဘာတွေရ အဲ့တော့ အဲ့အပင်လေးက ရှင်လာ။ အော် သဘာဝတရာများ…. အံသြစရာကောင်း။
ကဲ ခုတင်ပြခဲ့တာက အပင်တွေ မျိုးစေ့ကနေ မျိုးညှောင့်ပေါက်လာတဲ့ အမျိုးအစား (၃)ခုပဲဖြစ်ပါတယ်။ နောက်တစ်ခါကျတော့ ဘယ်အပင်လေးတွေက ဘယ်လိုပေါက်တတ်တယ်ဆိုတာကို ကြည့်ပြီးတော့ ခွဲကြည့်လိုက်ပါဦးနော်။
Htunn Win Kyaw
http://www.biologydiscussion.com/seed/germination/seed-germination-types-with-diagram/15789
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ကွမ်းကသိပ်အတက်မကောင်းလို့ဗျဘာတွေလိုနေတာလဲပြောပေးပါဦးဆရာတို့
တောသားလေး • ဖြေကြားချက် 2 ခု
မှော်ဘီ၂ဘယ်စျေးပေါက်လဲဗျ
thiha • ဖြေကြားချက် 2 ခု
sulfur ဖြန်းပီး နောက်တရက်နေရင် copper oxichloride ဖြန်းလို့ရလားဗျ
Htet Lin • ဖြေကြားချက် 3 ခု
3လက်မရေတွင်းကို3လက်မပိုက်နဲ့ရေသွင်းဖို့ပန့်သုံးတာအဆင်ပြေနိင်မလားဗျအကြုံပြုပေးပါမိတ်ဆွေအပေါင်းတို့
ကိုဝေယံအောင် • ဖြေကြားချက် 1 ခု
စပါးနီမတုပ်ရောဂါဘာဆေးအသုံးပြုရမလည်းခင်ဗျာ
UTHATNINGOO • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....