တိုက်ရိုက်စိုက်မလား.. ပြောင်းရွှေ့စိုက်မလား..

30/05/2023 15:08 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

တိုက်ရိုက်အစေ့ချ၍စိုက်ပျိုးရသော သီးနှံများမှာ မြေပဲ၊ နှမ်း၊ ဝါ၊ ပဲမျိုးစုံ၊ နေကြာ၊ ပြောင်းဖူး၊ ကြံ၊ နှံစားပြောင်း၊ မုန်လာဥနှင့် ခါကြက်ဥ စသည်တို့ဖြစ်သည်။

တိုက်ရိုက်အစေ့ချစိုက်ပျိုးခြင်းကို ပြောင်းရွှေ့စိုက်ပျိုးသည့်ဒဏ် ခံနိုင်ရည်မရှိသည့် အပင်ငယ်စဉ်တွင် အမြစ်ဆင်းအင်အားနည်းသော သီးနှံများတွင် အသုံးပြုသည်။ တိုက်ရိုက်အစေ့ချ စိုက်ပျိုးရသော သီးနှံများတွင် မျိုးစေ့အရည်အသွေးနှင့် အပင်ပေါက်နှုန်း ကောင်းရန်အရေးကြီးသည်။

မျိုးစေ့အပင်ပေါက်နှုန်း မကောင်းပါက အပင်ပေါက် မညီညာသည့်အပြင် လိုအပ်သောအပင်ဦးရေ မရရှိနိုင်သဖြင့် တစ်ဧကအထွက်နှုန်း လျော့နည်းနိုင်သည်။ ထို့အပြင် အပင်ငယ်စဉ်ပြုစုစောင့်ရှောက်ရန်နှင့် ပိုးမွှားရောဂါကာကွယ်ရန် ခက်ခဲသည်။ တိုက်ရိုက်အစေ့ချ စိုက်ပျိုးရာတွင် သင့်တော်သော မျိုးစေ့နှုန်းထားကို ချိန်ဆရန် အရေးကြီးသည်။

လိုအပ်သည်ထက်ပို၍ စိုက်ပျိုးမိပါက အပင်များပြွတ်သိပ်စွာ ပေါက်ရောက်ခြင်းကြောင့် ကြီးထွားသန်စွမ်းမှု မရှိနိုင်သည့်အပြင် သီးနှံ၏ အရည်အသွေးလည်း ကျဆင်းနိုင်သည်။

မျိုးစေ့တန်ဖိုး ကြီးမားပါက စီးပွားရေးအရ တွက်ချေမကိုက်နိုင်ပါ။ မျိုးစေ့နှုန်းထားကို လိုအပ်သည်ထက် လျော့နည်း၍ စိုက်ပျိုးမိပါကလည်း အပင်ဦးရေနည်း၍ အထွက်နှုန်းကို ထိခိုက်နိုင်သည်။

ပျိုးထောင်၍စိုက်ပျိုးရသော သီးနှံများမှာ စပါး၊ ငရုတ်၊ ခရမ်းချဉ်၊ ခရမ်း၊ သခွားမွှေး၊ မုန်ညင်း၊ မုန်လာ ကိုက်လန်၊ ဆလတ်၊ ဂေါ်ဖီထုပ်နှင့် ပန်းမုန်လာစသည့် သီးနှံများဖြစ်ပါသည်။

ပျိုးထောင်၍ ပြောင်းရွှေ့စိုက်ပျိုးခြင်းအားဖြင့် လိုအပ်သောအပင်ဦးရေ အပြည့်အဝရရှိနိုင်ခြင်း၊ ကောင်းမွန်သန်စွမ်းသော ပျိုးပင်ကိုရွေးချယ်စိုက်ပျိုးနိုင်ခြင်း၊ ပျိုးခင်းတွင် အချိန်အတိုင်းအတာတစ်ခုထိ ထိန်းသိမ်းထားနိုင်သည်။ ထို့ကြောင့် အပင်ငယ်များအား ပြုစုစောင့်ရှာက်မှုနှင့် ရောဂါပိုးမွှားအန္တာရာယ်မှ အကာအကွယ်ပေးရန် လွယ်ကူခြင်း၊ စိုက်ပျိုးမည့်မြေကွက်တွင် အခြားသီးနှံတစ်မျိုး စိုက်ပျိုးထားပါက ယင်းသီးနှံ မရိတ်သိမ်းမီ စတင်ပျိုးထောင်နိုင်ခြင်းး နှင့် ပျိုးပင်ပေါက်များအား ပျိုးထောင်၍ ရောင်းချစိုက်ပျိုးနိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေခြင်းစသည့် အကျိုးကျေးဇူးများရနိုင်ပါသည်။

Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်