အရသာကောင်းတဲ့ ဆန်ချိုအေး

08/07/2020 11:30 AM တွင် ကျော့နန္ဒာစိုး ကျော့နန္ဒာစိုး မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရှမ်းပြည်ကဒေသအစားအစာတစ်ခုဖြစ်ပြီး ဆန်ချိုအေးလို့ ခေါ်ကြပါတယ်။

အယ်ကိုဟော (alcohol) ဓာတ်အရမ်းမပါဘဲ ဖျော်ရည်တစ်ခုအနေနဲ့ သောက်လို့ကောင်းတဲ့ ဆန်ချိုအေးကို ရှမ်းပြည်ဘက်တွေမှာတော့ လုပ်ရောင်းကြပါတယ်။ ကျွန်မလည်း အိမ်မှာ အန်တီလုပ်ထားတာကို သောက်ရတာနဲ့ လုပ်နည်းလေးတွေကို ပြန်လည်မျှဝေချင်တာနဲ့ပဲ ရေးသားလိုက်ရပါတယ်။

လုပ်နည်းလေးကတော့ တကယ်ကိုမခက်ပါဘူးနော်…

ပါဝင်ပစ္စည်းတွေ အနေနဲ့-

- ကောက်ညင်းဆန် ()ဗူး

- တဆေး

- ရေ

ကောက်ညင်းကို တစ်ညရေစိမ်ပြီး ခပ်တင်းတင်းအနေအထားရအောင်ချက်ပါ။ ကောက်ညင်းဆန်လုံးရှည်ရှည်လေးတွေကိုသုံးပါ။ ဒါမှဆန်လုံးလှမှာပါ။ ထမင်းပေါင်းအိုးနဲ့ချက်ရင်ရပါတယ်။ ကောက်ညင်းပေါင်းကိုဝယ်ပြီး လုပ်လို့လည်းရပါတယ်။ နောက်ပြီး အအေးခံပါ။

အအေးခံပြီးပြီဆိုရင်တော့ တဆေးလုံးကို ချေပြီး ကောက်ညင်းနှင့်ရောနယ်ပေးပါ။ တဆေးများကြေသည်အထိရောမွှေပေးရန်လိုအပ်ပါတယ်။ နောက် ရေ () လီတာနှင့် ရောကာ ရေသန့်ဗူးထဲသို့ ထည့်ပြီး အလုံပိတ်ထားပါ။ ရေသန့်ဗူးကိုတော့သန့်သန့်လေးထားပြီး ဆီကင်းနေရပါမယ်နော်။

ရှမ်းပြည်ဘက်မှာဆိုရင်တော့ ၃ ရက်လောက်ထားပါတယ်။ ပူတဲ့ဒေသမှာဆိုရင်တော့ တစ်ရက်ခွဲလောက်ထားပါ။ ဖောက်ထားတဲ့ ကောက်ညင်းဖတ်လေးတွေ ရေပေါ်ပေါ်လာပြီဆိုရင် အသင့်အနေအထားတိုင်းရပါပြီ။

ဒါဆိုရင်တော့ ဖောက်ပြီးသားဆန်ချိုကို သကြား၊ သံပုရာ၊ ရေခဲတို့ထည့်ပြီး မိမိကြိုက်နှစ်သက်ရာအချိုးအတိုင်း အရသာကောင်းမွန်စွာသောက်သုံးနိုင်ပါပြီ။

သုံးလို့ရတဲ့ တဆေးပါ။ ဝယ်မယ်ဆိုရင်တော့ အခဲရတာများပါတယ်။ အခဲဆိုရင်တော့ () တုံးနှုန်းထည့်ပါ။ အမှုန့်ဆိုရင် စားပွဲတင်ဇွန်း() ဇွန်းနှုန်းနဲ့ပါ။

ကျော့နန္ဒာစိုး

Photo Source- Google

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်