အခွံမာရေသတ္တဝါများကြောင့် ဖြစ်ပေါ်လာသောအဆိပ်များ

07/09/2023 15:00 PM တွင် သက်နိုင်(ငါးဦးစီး - ငြိမ်း) သက်နိုင်(ငါးဦးစီး - ငြိမ်း) မှ ရေးသား

အခွံမာရေသတ္တဝါများ (shellfish) ဖြစ်သော ကနုကမာ၊ ယောက်သွား၊ ဂုံး၊ မုတ်ကောင် (Molluscs and Bivalves) တို့တွင် တွေ့ရှိရသည့် ရေညှိ(Algae)နှင့် ဆက်စပ်သော အဆိပ်ဖြစ်ပါသည်။ ယင်းသတ္တဝါများသည် ပင်လယ်အောက်ခြေကြမ်းပြင်များတွင်နေထိုင်ပြီး ရေညှိနှင့်အမှုန်အမွှားများကို စစ်၍ စားသုံးသည့်သတ္တဝါ (Filter Feeder)များဖြစ်၍ အဆိပ်ရှိသည့်ရေညှိများ ခန္ဓာကိုယ်တွင်းရောက်ရှိ များပြားစုပုံလာခြင်းဖြင့် အဆိပ်ဖြစ်ပေါ်လာပါသည်။

Shellfish အဆိပ်အမျိုးအစားများအား အောက်ပါအတိုင်း ခွဲခြားနိုင်ပါသည်-

(၁) လေဖြတ်ခြင်းကိုဖြစ်စေသောအဆိပ် (Paralytic Shellfish Poisoning – PSP)

လေဖြတ်ခြင်းကိုဖြစ်စေပါသည်။ ယင်းကို Saxitoxin ဟုလည်းခေါ်သည်။  PSP အဆိပ်ပါဝင်မှု ၁၂၀-၁၈၀ မိုက်ခရိုဂရမ်(µg)တွင် စားသုံးသူကို အနည်းငယ်မျှ အဆိပ်သင့်ခြင်းလက္ခဏာပြသည်။ အဆိပ်ပါဝင်မှု ၄၀၀-၁၀၆၀ µg ပမာဏရှိပါက စားသုံးသူကို အန္တရာယ်ဖြစ်နိုင်သည်။   ဩစတြေးလျ နိုင်ငံ၏ စံသတ်မှတ်ချက်အရ   Bivalves, Molluscs များတွင် ဆက်စီအဆိပ်ကို ၈၀ µg/kg (ပီပီဘီ) အထိသာပါဝင်မှုကို သတ်မှတ်ထားပါသည်။ သို့ရာတွင် ပင်လယ်ရေထွက်ပစ္စည်း (မုတ်၊ ကမာ) အား ၁၅၀ ဂရမ်အထိ စားသုံးလျှင် PSP အဆိပ်သင့်မှု အနည်းငယ်ဖြစ်ပေါ်နိုင်သည်။

(၂) အာရုံကြောချွတ်ယွင်းမှုကိုဖြစ်စေသောအဆိပ် (Neurotoxic Shellfish Poisoning – NSP)

အာရုံကြောချွတ်ယွင်းမှုကို ဖြစ်စေသောအဆိပ်ဖြစ်သည်။ လူတို့အပေါ် NSP အဆိပ်သင့်ခြင်း အတွက် အနည်းဆုံးပမာဏကို မသိရသေးပေ။ ၁၉၉၃ ခုနှစ်တွင် နယူးဇီလန်နိုင်ငံ၌ ဖြစ်ပွားခဲ့သော အဆိပ်သင့်မှုမှာ Shellfish တွင် NSP ပါဝင်မှု ၅၉၂ mµ / 100 g  ဖြစ်ကြောင်းသိရှိရသည်။ ဩစတြေးလျ နိုင်ငံ၏ NSP ပါဝင်မှု စံသတ်မှတ်ချက်( Food Standard Codes)မှာ ၂၀၀  mµ /kg ဖြစ်သည်။

(၃) သွေးအားနည်းရောဂါကိုဖြစ်စေသောအဆိပ် (Amnesic Shellfish Poisoning – ASP)

သွေးအားနည်းရောဂါကိုဖြစ်စေသောအဆိပ်ဖြစ်သည်။ ကနေဒါနိုင်ငံတွင် ASP အဆိပ်ပါဝင်မှု ကို ၂၀ µg domoic acid / g အဖြစ် စည်းမျဉ်းသတ်မှတ်ထားသည်။ အဆိပ်ဖြစ်မှုပမာဏမှာ ၆၀ mg ဝန်းကျင်ဖြစ်သည်။  ဩစတြေးလျနိုင်ငံတွင် မုတ်ကောင်များ၌ ASP အဆိပ်ပါဝင်မှုကို Maximum Limit အနေဖြင့် ၂၀ mg domoic acid equivalent / kg အဖြစ်သတ်မှတ်ထားသည်။

(၄) ဝမ်းသွားခြင်းကိုဖြစ်စေသောအဆိပ် (Diarrheetic Shellfish Poisoning – DSP)

ဝမ်းသွားခြင်းကို ဖြစ်စေသောအဆိပ်ဖြစ်သည်။ DSP အဆိပ်သည် အဆီတွင်ပျော်ဝင်သော ပေါ်လီအီသာဓာတ်ပေါင်းဖြစ်သည်။DSPအဆိပ်ကို ဓာတုဗေဒအခေါ်အရ အိုကာဒစ်အက်စစ်( Okadaic Acid)ဖြစ်သည်။ DSP အဆိပ်သည် ပြင်းအား ၈၀ µg ထက်နည်းလည်း အဆိပ်ဖြစ်နိုင်သည်။ ဩစတြေးလျနိုင်ငံ၏ DSP အဆိပ်ပါဝင်မှု စံသတ်မှတ်ချက်မှာ ၀.၂ mg of okadaic acid / kg ဖြစ်သည်။

 

Biotoxin အဆိပ်ဖြစ်ပေါ်မှုအပေါ်ထိန်းချုပ်မှု

Shellfish များအားဖမ်းဆီးပြီးနောက်ပိုင်း အပူချိန်ထိန်းခြင်းနှင့် အခြားပြုပြင်ထုတ်လုပ်ခြင်း နည်းလမ်းများသည် အဆိပ်ပါဝင်မှုအားဖယ်ထုတ်နိုင်ခြင်းမရှိသလို ချက်ပြုတ်ခြင်းဖြင့်လည်း အဆိပ်များမဖယ်ထုတ်နိုင်ပါ။ Shellfish များနှင့် ယင်းတို့ထုတ်လုပ်သည့် ပတ်ဝန်းကျင်ရေပြင်ကို စောင့်ကြည့်လေ့လာစစ်ဆေးခြင်းနည်းလမ်းအရကာကွယ်ခြင်း (Prevention)ဖြင့်သာဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

ဥရောပသမဂ္ဂနိုင်ငံများ (EU)သို့ Shellfish ရေထွက်ကုန်များတင်ပို့လိုပါက“EU Regulation (EC) No 854 / 2004” အရ “Official Monitoring Program for Shellfish Production Waters” နှင့် “ 11 Official Control Monitoring Programmes for Live Bivalve” တို့အားမဖြစ်မနေအကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ပါသည်။ သို့မှသာEU နိုင်ငံများ သို့တင်ပို့ခွင့် ရရှိမည် ဖြစ်ပါသည်။ ဂျပန်၊ ဩစတြေးလျ နိုင်ငံများကလည်း မြန်မာနိုင်ငံမှ Shellfish များတင်သွင်းလိုခြင်းအတွက် Biotoxins Test(PSP, NSP, ASP, DSP)များစစ်ဆေးပေးရန် တောင်းဆိုမှုများရှိပါသည်။ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် သဘာဝအဆိပ်အတောက်များပါရှိတတ်သော ရေငန်ငါးမျိုးစိပ်များနှင့်ယင်းတို့၏ သဘာဝရေပြင်အား လေ့လာစောင့်ကြည့်စစ်ဆေးမှု သုတေသနလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ဆောင်ရွက်ခြင်းအားဖြင့် ပြည်တွင်းစားသုံးသူများ အတွက် ဘေးအန္တရာယ်ကင်းဝေးပြီးပြည်ပဈေးကွက်သို့တိုးချဲ့တင်ပို့သွားနိုင်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်