အိမ်တိုင်းစိုက်ထားသင့်သည့် ထောလပတ်ပင်

01/07/2020 11:30 AM တွင် စုမြတ်မြတ်မိုး စုမြတ်မြတ်မိုး မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    ထောလပတ်ပင်ဆိုသည်မှာ ဆံပင်သန်ရန်အတွက်သုံးသော အပင်တစ်မျိုးဟု လူသိများကြပြီး ထောလပတ်ရွက်ကို မတွေ့ဖူးသူများပင်ရှိ၏။ ထောလပတ်ပင်၏ အသုံးဝင်ပုံမှာ ဆံပင်တွက်ပင်မက အခြားသောရောဂါများတွက်လည်း အသုံးပြုနိုင်သေးသည်။

    ထောလပတ်ပင်၏ မူရင်းပေါက်ရောက်ရာဒေသသည် အိန္ဒိယနိုင်ငံဖြစ်ပြီး ပူနွေးစိုစွတ်သောဒေသတွင် ကောင်းစွာရှင်သန်သော ခြုံပင်အမျိုးအစားဖြစ်သည်။ ရာသီဥတုဒဏ်ကိုကြံကြံခံနိုင်ကာ​ အစိမ်းရင့်ရောင်အရွက်ချွန်များရှိပြီး အပွင့်မှာ ဗျိုင်းဖြူလေးများသဖွယ်ဖြစ်၏။

    ထောလပတ်ပင်ကို အင်္ဂလိပအမည် Snake Jasmine ဟုလည်းကောင်း White Crane flowers ဟုလည်းကောင်းခေါ်၏။ သိပ္ပံအမည်မှာ Rhinacanthus nasutus ဖြစ်ပြီး Acanthaceae မျိုးရင်းတွင် ပါဝင်သည်။ အရွက်မှာ ၄-၁၀ စင်တီမီတာ ထိရှိပြီး အပင်အမြင့်သည် ၁ မီတာ မှ ၂ မီတာ(၃ - ၆ ပေ) ထိရှိ၏။

    ထောလပတ်ပင်တွင် ကျန်းမာရေးအတွက်​ အကျိုးများစွာရှိ၏။ ၎င်းတို့မှာ ဆံပင်သန်စေခြင်း၊ နှင်းခူစသော အရေပြားရောဂါများတွင် အသုံးပြုနိုင်ခြင်း၊ သွေးတိုးရောဂါအတွက်အသုံးပြုနိုင်ခြင်း၊ ကင်ဆာရောဂါကို ကာကွယ်စေခြင်း၊ အဆုတ်နာရောဂါများအတွက်အသုံးပြုနိုင်ခြင်းတို့ဖြစ်သည်။

    ဆံပင်အတွက်အသုံးပြုရာတွင် ထောလပတ်ရွက်များအားခူးကာ ရေဆေးပြီး ထောင်း၍ဖြစ်စေ ကြိတ်၍ဖြစ်စေ ရလာသောအရည်အား ဦးရေပြားတွင် ခေါင်းမလျှော်မီနှစ်နာရီခန့် ကြိုတင်ထည့်ပေးခြင်းဖြင့် ဆံပင်များသန်ခြင်း၊ ကျွတ်ခြင်းမှကင်းဝေးခြင်း၊ ဦးရေပြားအေးမြစေကာ ထောလပတ်ရွက်တွင်ပါဝင်သော ဓာတ်များသည် မှိုများ၊ ဘက်တီရီးယားများကို သေစေနိုင်သဖြင့်် ဗောက်များအားသက်သာခြင်း စသောအကျိုးများရပါသည်။ အကယ်၍ အစိမ်းရည်ကို အသုံးမပြုလိုပါက လေနှင့်အခြောက်ခံကာ အုန်းဆီတွင်စိမ်၍ လူးပါကလည်း ဆံပင်များအား နက်မှောင်စေပါသည်။ မျက်ခုံးနှင့် မျက်တောင်များအား ထူထဲစေရန်လည်း အစိမ်းရည်ဖြစ်စေ ထောလပတ်စိမ်ထားသော အုန်းဆီကိုဖြစ်စေ အသုံးပြုနိုင်ပါသည်။

 

    အရေပြားအတွက်မူ ထောလပတ်ရွက်တွင်ပါသော အာနိသင်သည် မှိုများ၊ ဘက်တီးရီးယားများကိုသေစေခြင်း၊ အရေပြားယားယံမှုကို လျော့နည်းစေခြင်းတို့ကြောင့် ပွေး၊ နှင်းခူ၊ ရေယုန်တို့တွင် အရွက်အစိမ်းရည်အားသုတ်လူး၍ အသုံးပြုနိုင်ပါသည်။

    သွေးတိုးရောဂါအတွက်မူ ထောလပတ်ရွက်တွင်ပါသော Rhinacanthus A နှင့် B ကဲ့သို့သော အရာများသည် သွေးဖိအားကို လျော့နည်းစေသောကြောင့် သွေးတိုးရာမှ ဆက်စပ်သည့် နှလုံးသွေးကြောပိတ်ဆို့ခြင်းနှင့် ဦးနှောက်သွေးကြောပြတ်ခြင်း၊ ပိတ်ခြင်းများကို ကာကွယ်ပေးကြောင်း တွေ့ရပါသည်။

    ထောလပတ်ရွက်တွင်ပါသော antioxidant များသည် ကင်ဆာရောဂါဖြစ်စေသော အရာများကို လျော့ချစေသဖြင့် ကင်ဆာရောဂါသည်များတွင် ထောလပတ်ရွက်ကို ပြုတ်၍ သုပ်စားခြင်း၊ ပြုတ်သောက်ခြင်းများ ပြုလုပ်ကြကြောင်းသိရပါသည်။

    သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသည့်အတွက် ဆီးချိုဝေဒနာရှင်များကလည်းအရွက်ကို အသုံးပြုကြပါသည်။

    ထို့အပြင် အိန္ဒိယတွင် ထောလပတ်အမြစ်အား အဆိပ်ရှိသော မြွေကိုက်ဒဏ်ရာများတွင်မြွေဆိပ်ဖြေဆေးအဖြစ် အသုံးပြုကြောင်းလည်း သိရပါသည်။ ထိုသို့ မြွေကိုက်ဒဏ်ရာတွင် အသုံးပြုနိုင်၍ Snake Jasmine ဟုခေါ်ကြောင်းလည်း သိရပါသည်။

    ထိုသို့ ဘက်စုံအသုံးဝင်ကာ စိုက်ပျိုးရလွယ်ကူသော ထောလပတ်ပင်မှ တန်ဖိုး​မြင့်ထုတ်ကုန်များလုပ်ကာ မြန်မာနိုင်ငံတွင် စျေးကွက်တွင်ကျယ်စွာရောင်းချနိုင်ခြင်း မရှိသေးပေ။ ထိုင်းနိုင်ငံတွင်မူ ထောလပတ်ရွက်ခြောက်ရေနွေးကြမ်းများ ပြုလုပ်သောက်သုံးနေကြပြီဖြစ်ပါသည်။ ယခုအခါ မြန်မာပြည်တွင် ထောလပတ်ခေါင်းလျှော်ရည်၊ ထောလပတ်အုန်းဆီများ ထုတ်လုပ်နိုင်ပြီဖြစ်သော်လည်း လူသုံးနည်း​လျက်ရှိပါသေးသည်။ စိုက်ပျိုးရလွယ်ကူကာ အကြမ်းခံနိုင်၍ သွင်းအားစုနည်းသော ထောလပတ်ပင်များစိုက်ပျိုးကာ ဓာတုလျှော့ အော်ဂဲနစ်ထောလပတ်ခေါင်းလျော်ရည်၊ ထောလပတ်အုန်းဆီများကို စနစ်တကျနှင့် သုံးစွဲသူများလိုချင်စဖွယ်ဖြစ်အောင် ထုတ်ပိုးထုတ်လုပ်ရောင်းချနိုင်ပါက အကျိုးအမြတ်များများပြန်ရနိုင်မည့်အပြင် သုံးစွဲသူများအတွက်လည်း ပြည်တွင်းထုတ် အဆင့်မြင့် သဘာဝအလှကုန်များကို သုံးစွဲနိုင်မည်ဖြစ်ပါသည်။ ထိုသို့သော များစွာအကျိုးရှိသည့် ထောလပတ်ပင်ကို တစ်အိမ်တွင်တစ်ပင် အနည်းဆုံးစိုက်ပျိုးထားသင့်ကြောင်း ဖော်ပြပေးလိုက်ရပါသည်။

(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်