ဘယ်အရာတွေကို မြေသြဇာအဖြစ်အသုံးမပြုသင့်ဘူးလဲ

20/09/2021 13:00 PM တွင် ThawZin ThawZin မှ ရေးသား

    ခေတ်မီတိုးတက်လာတာနဲ့အမျှ ဓာတုမြေသြဇာအသုံးပြုမှုများ တွင်ကျယ်လာသော်လည်းပဲ ဘေးထွက်ဆိုးကျိုးများလှသောကြောင့် အရိုးရှင်းဆုံးသည်သာ အကောင်းဆုံးဆိုသည့်အတိုင်း သဘာဝမြေသြဇာဖြင့် အော်ဂဲနစ်နည်းကျ စိုက်ပျိုးလာကြပါတယ်။ 

    မိမိကိုယ်တိုင် စွန့်ပစ်ပစ္စည်းများဖြင့် ဇီဝမြေသြဇာပြုလုပ်သုံးစွဲခြင်းဟာ အမှိုက်သရိုက်စွန့်ပစ်ပစ္စည်းများလျော့ကျစေခြင်းဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရာရောက်ပါတယ်။ ဓာတုမြေသြဇာများကဲ့သို့ မြေဆီလွှာပျက်စီးမှုမဖြစ်စေဘဲ မြေဆီလွှာကောင်းကျိုးဖြစ်ထွန်းစေပါတယ်။

    ယေဘုယျအားဖြင့် အပင်မှရရှိသော စွန့်ပစ်ပစ္စည်းများနှင့် တိရိစ္ဆာန်များရရှိသော စွန့်ပစ်ပစ္စည်းများသည် ဇီဝမြေသြဇာအဖြစ်အသုံးပြုနိုင်သည်ဟု ထင်ရသော်လည်း ၁၀၀ ရာခိုင်နှုန်းတော့ မဟုတ်ပေ။ ဒါကြောင့် ဇီဝမြေသြဇာမပြုလုပ်ခင်မှာ ဘယ်စွန့်ပစ်ပစ္စည်းတွေကို အသုံးပြုလို့ရမလဲ ဘယ်စွန့်ပစ္စည်းတွေကို အသုံးမပြုသင့်ဘူးလဲဆိုတာ သိထားဖို့လိုအပ်ပါတယ်။ 

ဘယ်အရာတွေကို မြေသြဇာအဖြစ်အသုံးပြုနိုင်မလဲ?

ဇီဝပစ္စည်းများဖြစ်တဲ့ အပင်ထွက်ပစ္စည်းအများစုကို အသုံးပြုလို့ရပါတယ်။ 

- ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံ အခွံများ အပိုင်းအစများ

- ပုပ်နေတဲ့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံများ

- သစ်ကိုင်းခြောက်များ

- သောက်သုံးပြီးသား ကော်ဖီကြမ်းမှုန့်

- ရေနွေးဓာတ်ဘူးဆေးတဲ့အခါ စွန့်ပစ်မည့် လက်ဖက်ခြောက်ဖတ်များ

- ကြက်ဥ၊ ဘဲဥအခွံများ

- သစ်ကြားသီးခွံမှလွဲပြီး အခြားအစေ့အဆံအခွံများ

- ဆံပင်ကျွတ်များ၊ တိရိစ္ဆာန်အမွှေးကျွတ်များ

- စာရွက်၊ ကတ်ထူစက္ကူနဲ့ သတင်းစာအပိုင်းအစများ

- အသုံးပြုပြီးသား တစ်ရှုး

- မြက်ခြောက်၊ သစ်ရွက်ကြွေ၊ ပန်းပွင့်ကြွေ

- လွှစာမှုန့်

- သစ်သားအပိုင်းအစ စသည်တို့ကို အသုံးပြုလို့ရပါတယ်။

ဘယ်အရာတွေကို မြေသြဇာအဖြစ်အသုံးမပြုသင့်ဘူးလဲ?

    မီးဖိုချောင်နဲ့ ခြံဝင်းထဲက စွန့်ပစ်ပစ္စည်းအားလုံးဟာ သဘာဝမြေသြဇာအဖြစ် အသုံးပြုလို့မရပါဘူး။ အချို့ပစ္စည်းတွေဟာ ရောဂါပိုးမွှားတွေနဲ့ ကြွက်ကဲ့သို့ အပင်ဖျက်သတ္တဝါတွေကို ဖိတ်ခေါ်နေသလိုဖြစ်တတ်ပါတယ်။ အချို့မှာတော့ အပင်အတွက်အန္တရာယ်ရှိတဲ့ ဓာတ်ပစ္စည်းတွေပါဝင်နေတတ်ပါတယ်။ 

- အသားငါးအစို နှင့် ချက်ပြုတ်ပြီးသား အပိုင်းအစအကြွင်းအကျန်များ

အသားငါးအပိုင်းအစတွေဟာ အဖျက်ပိုးမွှားများ၊ ကြွက်များ၊ ယင်ကောင်များအား ဆွဲဆောင်နေသလိုဖြစ်တတ်ပါတယ်။ 

- အိမ်မွေးတိရိစ္ဆာန်အညစ်အကြေးများ

ကြောင်မစင်၊ ခွေးမစင်ကဲ့သို့ အိမ်မွေးတိရိစ္ဆာန်အညစ်အကြေးတွေမှာ အပင်ကိုအန္တရာယ်ဖြစ်စေတဲ့ ကပ်ပါးပိုးမွှားတွေပါရှိတတ်ပါတယ်။

- စားပြီးသားအကြွင်းအကျန် အရိုးများ

စားပြီးသားအရိုးတွေဟာ ဖျက်ပိုးတွေလာစေဖို့ ဖိတ်ခေါ်နေတတ်ပါတယ်။ (အရိုးသုံးချင်တယ်ဆိုရင် အခြောက်ခံအမှုန့်ကြိတ်ပြီးမှ အသုံးပြုဖို့အကြံပြုလိုပါတယ်)

- နို့နှင့် နို့ထွက်ပစ္စည်းများ

နို့ထွက်ပစ္စည်းတွေဟာလည်း အပင်တွေကို အဖျက်ပိုးမွှားများကျရောက်စေပါတယ်။

- အနက်ရောင်သစ်ကြားသီး

အနက်ရောင်သစ်ကြားသီးဟာ အပင်တွေကိုအန္တရာယ်ဖြစ်စေတဲ့ ဓာတုပစ္စည်းထုတ်လွှတ်ပါတယ်။ 

- ကြီးမားတဲ့ သစ်သားအပိုင်းအစများ

ကြီးမားတဲ့သစ်သားအပိုင်းအစတွေဟာလည်း ပျက်စီးဖို့ အချိန်ကြာတာကြောင့် အသုံးမပြုသင့်ပါဘူး။

- ဟင်းချက်ဆီ၊ တိရိစ္ဆာန်အဆီ

အဆီတွေဟာလည်း အဖျက်ပိုးမွှားတွေကို ဆွဲဆောင်တာကြောင့် မြေသြဇာအဖြစ် အသုံးမပြုသင့်ပါဘူး။

- ပိုးသတ်ဆေးဖျန်းထားတဲ့ အပင်များ အကိုင်းခြောက်များ

ပိုးသတ်ဆေးအသုံးပြုထားတဲ့ အရာတွေဟာလည်း မြေဆီလွှာအကျိုးပြုပိုးမွှားတွေကိုပါ သေစေတာကြောင့် မြေသြဇာပြုလုပ်ရာမှာ မပါဝင်သင့်ပါဘူး။ 

- စားသုံးထားတဲ့ အကြွင်းအကျန်မုန့်များ

မုန့်အကြွင်းအကျန်တွေဟာ အဖျက်ပိုးမွှားတွေကို ဖိတ်ခေါ်တာကြောင့် မြေသြဇာပြုလုပ်ရာမှာမထည့်သင့်ပါဘူး။

- ရောဂါပိုးမွှားနဲ့ မှိုကျထားတဲ့ အပင်ခြောက်များ

မိမိစိုက်ပျိုးမယ့်အပင်ကိုပါ ကူးစက်စေနိုင်သောကြောင့် မြေသြဇာပြုလုပ်ရာမှာ အသုံးမပြုသင့်ပါဘူး။

    မသုံးသင့်တာတွေသိရပြီမို့ မီးဖိုချောင်စွန့်ပစ်ပစ္စည်းများမှ အသုံးပြုသင့်တဲ့အရာလေးတွေနဲ့ ဇီဝမြေသြဇာပြုလုပ်သုံးစွဲခြင်းဟာ အပင်လေးတွေအတွက် အကျိုးဖြစ်ထွန်းစေတဲ့အပြင် သဘာပတ်ဝန်းကျင်ကိုထိန်းသိမ်းရာရောက်တဲ့ အကျိုးရှိနည်းလမ်းလေးဖြစ်ပြီး အဖက်ဖက်မှ ကောင်းကျိုးရှိတာကြောင့် ပြုလုပ်ကြဖို့တိုက်တွန်းလိုက်ရပါတယ်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်