အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကမ်းလွန်ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းများကို စနစ်တကျ သုတေသနပြု ဆန်းစစ်လေ့လာသည့်အစီအစဉ်များ ပါဝင်မှသာခွင့်ပြုသင့်

ကမ်းလွန်ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းများကို စနစ်တကျ သုတေသနပြု ဆန်းစစ်လေ့လာသည့်အစီအစဉ်များ ပါဝင်မှသာခွင့်ပြုသင့်

Green Way
Green Way • Greenovator • 22/10/2019

ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက်။ 

ကမ်းလွန်ရေနံနှင့် သဘာ၀ဓါတ်ငွေ့တူးဖော်သည့် လုပ်ငန်းများအား ငါးသယံဇာတတည်ရှိမှုနှင့် ပတ်၀န်းကျင်ထိခိုက်နစ်နာမှုရှိ/ မရှိ နိုင်ငံတကာ အသိအမှတ်ပြု ပညာရှင်အဖွဲ့များနှင့် စနစ်တကျ သုတေသနပြု ဆန်းစစ်လေ့လာသည့် အစီအစဉ်များပါ၀င်မှသာ ခွင့်ပြုသင့်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အကြီးတန်းဒုတိယဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က ပြောသည်။ 

ယင်းကိစ္စရပ်နှင့် ပတ်သက်၍ ကြိုတင်ဆောင်ရွက်ခြင်း၊ လုပ်ငန်းလုပ်ကိုင်နေစဉ် ဆောင်ရွက်ခြင်း၊ ရေရှည်ဆောင်ရွက်ခြင်းတို့ ပါဝင်မှသာ ကမ်းလွန်ရေနံနှင့် သဘာ၀ဓါတ်ငွေ့တူးဖော်သည့် လုပ်ငန်းများကို ခွင့်ပြုရန် အောက်တိုဘာလ ၁၉ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်တွင် ကျင်းပပြုလုပ်သည့် နိုင်ငံတော် ဒုတိယသမ္မတ ၁ ဦးဆောင်သော မြန်မာ့ပုဂ္ဂလိကကဏ္ဍ ဖွံ့ ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲ၌ တင်ပြ‌တောင်းဆိုခဲ့ခြင်းဖြစ်သည်။ 

မြန်မာနိုင်ငံ၏ ကမ်းလွန်ပင်လယ်ပြင်တွင် ကမ်းလွန်ရေနံနှင့် သဘာ၀ဓါတ်ငွေ့ တူးဖော်သည့် လုပ်ငန်းများအနေဖြင့် ပင်လယ်၊ ငါး၊ သယံဇာတထိန်းသိမ်းသည့် သုတေသန အစီအစဉ်များ စနစ်တကျ ဆောင်ရွက်မှုမရှိပါက ဂေဟစနစ်များပျက်စီးကာ ငါး၊ ပုဇွန်၊ သဘာ၀သယံဇာတများ ထိခိုက်နစ်နာမှုများ ဖြစ်ပေါ် ကြုံ တွေ့လာနိုင်ပါကြောင်း သိရသည်။ 

ထို့အပြင် ငါးလုပ်ငန်းသယံဇာတ လျော့နည်းပျက်စီးမှုကြောင့် ကမ်းဝေး ပင်လယ်ငါးဖမ်းလုပ်ငန်းများနှင့် ကမ်းနီး ဒေသခံရေလုပ်သားများ၏ အသက်မွေး၀မ်းကြောင်းလုပ်ငန်းများအပေါ်  ထိခိုက်နစ်နာမှုများ တွေ့ကြုံနေရပါကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။ 

အေးအေးမြင့်(ABM)

 

You

ဆက်စပ်မေးခွန်းများ

ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ

U Yan • ဖြေကြားချက် 1 ခု

ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ

U Maung • ဖြေကြားချက် 1 ခု

ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ

U Yan • ဖြေကြားချက် 3 ခု

ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ

Ko Myo Tint • ဖြေကြားချက် 2 ခု

GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့‌ပါလဲ‌ေြဖ‌ေပးအုန်းပါဗျ

မင်မင်း • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။