ရေငန်ပုစွန်မွေးမြူရေးအကြောင်း သိကောင်းစရာ

25/11/2021 11:00 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

မွေးမြူနည်းစနစ်

ရေငန်ပုစွန် မွေးမြူရေးစနစ်မှာ နေရာဒေသ၏ ရာသီဥတု၊ ရေ၊ မြေအခြေအနေ သဘာဝ၊ ရေငန်ပုစွန် ပေါကြွယ်ဝမှုတို့အပေါ်မူတည်၍ အမျိုးမျိုး မွေးမြူကြပါသည်။ သို့သော် အဓိက အခြေခံ မွေးမြူနည်းစနစ် ၃မျိုးသာ ရှိပါသည်။

(က) ပထမနည်း

     ရေငန်ပုစွန်များအား သဘာဝအလေ့အထကိုအခြေခံ၍ မွေးမြူသောစနစ်ဖြစ်သည်။ ကုန်ကျစရိတ်နည်းပါးပြီး ဒီရေနှင့်ပါလာသည့် သားပေါက်များကို ရေငန်ဝင်လျက်ရှိသည့် မြေများတွင် ဘောင်များပြုလုပ်၍ မွေးမြူသည့်စနစ် ဖြစ်သည်။ ထိုသို့ မွေးမြူရေးစနစ်ကို အချုပ်အားဖြင့် သဘာဝကို အခြေခံ၍ အသားတိုးရေငန်ပုစွန်မွေးမြူရေးစနစ်ဟု ခေါ်ဆိုနိုင်ပါသည်။

(ခ) ဒုတိယနည်း

       ကန်ကြီးများကို စနစ်တကျတူးဖော်ပြီး ပုစွန်သားပေါက်များကို စနစ်တကျ ရှာဖွေဖမ်းဆီးပြီး ကန်များအတွင်းသို့ ထည့်၍ မွေးမြူသည့် နည်းစနစ်ဖြစ်သည်။

(ဂ) တတိယနည်း

       လိုအပ်သော ပုစွန်သားပေါက်များအတွက် ပင်လယ်ပြင်မှ မျိုးပုစွန်ကြီးများကိုရယူ၍ အခန်းတွင်း သားဖောက်ထုတ်လုပ်နည်းဖြင့် ပုစွန်သားပေါက်များကို ရယူ၍ စနစ်တကျ တူးဖော်ထားသည့် ကန်ကြီးများထဲသို့ ထည့်သွင်းမွေးမြူ ထိန်းသိမ်းခြင်း ဖြစ်သည်။

သဘာဝအခြေခံ ရေငန်ပုစွန် မွေးမြူခြင်း

နေရာ၊ ရေ၊ မြေ

        ပင်လယ်ကမ်းရိုးတန်းတစ်လျောက်သို့ စီးဝင်နေသော မြစ်၊ ချောင်းမြောင်း များစွာရှိ​ကြပြီး ၄င်းတို့ဘေးတဖက်တချက်တွင် ဒီရေတက်ချိန်၌ ရေချို၊ ရေငန်နှင့် ရေငန်စပ်ဝင်သော နေရာများကို မွေးမြူရေးကန်နေရာအဖြစ် သတ်မှတ်ရွေးချယ်နိုင်ပါသည်။ 

     ထို့အပြင် အသင့်တော်ဆုံး နေရာမျိုးမှာ ခေါင်ရေတက်ချိန်၌ မြစ်ကမ်းပါးမြေနိမ့်ပိုင်းသည် အနည်းဆုံး ၃-၄ ပေခန့် တက်သောနေရာများကို ရွေးချယ်မွေးမြူရပါမည်။ သို့သော်လည်း ခေါင်ရေတက်ချိန်တွင် ၁ ပေကျော်တက်သော နေရာတွင်လည်း မွေးမြူနိုင်ပါသည်။

      ရေငန်ဝင်ပြီး စပါးမစိုက်ပျိုးနိုင်သောမြေနိမ့်နေရာများ၊ ဆားတွင်းဟောင်းများကိုလည်း အသုံးချနိုင်ပါသည်။

မွေးမြူထိန်းသိမ်းနည်း

        မြန်မာ့ပင်လယ်ကမ်းရိုးတန်းတစ်လျောက်တွင် စီးပွားဖြစ်မွေးမြူနိုင်သည့် ပုစွန်သားပေါက်များကို ဖေဖော်ဝါရီလ မှ သြဂုတ်လ အထိ တွေ့ရှိကြရပါသည်။ ထိုသို့ သားပေါက်ဖွားမှု့ များသည့်အချိန်တွင်  ပြုပြင်စီမံထားသည့်ကန်များ၏ ရေသွင်းပေါက်မှတဆင့် ဒီရေတက်ချိန်တွင် ရေကိုသွင်းပေးရပါမည်။ 

        ထိုသို့ ရေသွင်းချိန်တွင် ငါးရိုင်းများ မပါလာစေရန် ဆန်ခါ (သို့) ယင်းကျဲဖြင့် ပိတ်ထားရပါမည်။ဒီရေနှင့် ပါလာသော ရေငန်ပုစွန်သားပေါက်များ ပြန်မထွက်နိုင်ရေးအတွက် ရေထွက်ပေါက်များကို စနစ်တကျ ပြန်လည်စောင့်ရှောက်ပြီး ဒီရေတက်ချိန်တိုင်း ရေသွင်းပေးရပါမည်။ ပိုက်စိပ်ဖြင့်(သို့) ပုစွန်ရင်တွန်းကိရိယာများဖြင့်လည်း သားပေါက်များကို ဖမ်းဆီးမွေးမြူနိုင်ပါသည်။

        ကန်အတွင်းရှိ ရေသည် အနက် ၁.၅ -၂ ပေ အတွင်း ရှိရမည်ဖြစ်ပြီး တူးထားသည့်မြောင်းထဲရှိရေမှာ အနက် ၂.၅- ၄ပေ အတွင်း ရှိရပါမည်။ ငါးကန်အတွင်း သဘာဝအစာများ ပေါများစေရန် အခါအားလျော်စွာ နွားချေး၊ ကြက်ချေး၊ ဝက်ချေးများ ဖြူးပေးရပါမည်။ သဘာဝအလျောက် ပေါများသည့် ခရု၊ ကမာ၊ ငါးသေးငါးမွှားများကိုလည်း ခုတ်ထစ်၍ ကျွေးမွေးနိုင်ပါသည်။ နွားချေး၊ ကြက်ချေး၊ ဝက်ချေးများ မထည့်ဘဲသော်လည်းကောင်း၊ ငါးရိုင်းများ မရှင်းဘဲ နေ၍သော်လည်းကောင်း မွေးမြူနိုင်သော်လည်း ကုန်ချိန်မတိုးနိုင်ပေ။

       ရေစထည့်ပြီး ၄-၅ လမှ စတင်၍ ရေထွက်ပေါက်တွင် အိုင်များပြုလုပ်၍ သော်လည်းကောင်း၊ကွန်ပစ်၍သော်လည်းကောင်း ရေငန်ပုစွန်အကောင်ကြီးများကို ဖမ်းဆီးနိုင်ပြီ ဖြစ်သည်။ ပုစွန်အကောင်ငယ်လေးများ ပါလာပါက ပြန်လွှတ်၍ မွေးမြူပေးသင့်ပါသည်။

Ref: ငါးလုပ်ငန်းဦးစီးဌာန။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

           

 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်