ရေငန်ပုစွန်မွေးမြူရေးအကြောင်း သိကောင်းစရာ

25/11/2021 11:00 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

မွေးမြူနည်းစနစ်

ရေငန်ပုစွန် မွေးမြူရေးစနစ်မှာ နေရာဒေသ၏ ရာသီဥတု၊ ရေ၊ မြေအခြေအနေ သဘာဝ၊ ရေငန်ပုစွန် ပေါကြွယ်ဝမှုတို့အပေါ်မူတည်၍ အမျိုးမျိုး မွေးမြူကြပါသည်။ သို့သော် အဓိက အခြေခံ မွေးမြူနည်းစနစ် ၃မျိုးသာ ရှိပါသည်။

(က) ပထမနည်း

     ရေငန်ပုစွန်များအား သဘာဝအလေ့အထကိုအခြေခံ၍ မွေးမြူသောစနစ်ဖြစ်သည်။ ကုန်ကျစရိတ်နည်းပါးပြီး ဒီရေနှင့်ပါလာသည့် သားပေါက်များကို ရေငန်ဝင်လျက်ရှိသည့် မြေများတွင် ဘောင်များပြုလုပ်၍ မွေးမြူသည့်စနစ် ဖြစ်သည်။ ထိုသို့ မွေးမြူရေးစနစ်ကို အချုပ်အားဖြင့် သဘာဝကို အခြေခံ၍ အသားတိုးရေငန်ပုစွန်မွေးမြူရေးစနစ်ဟု ခေါ်ဆိုနိုင်ပါသည်။

(ခ) ဒုတိယနည်း

       ကန်ကြီးများကို စနစ်တကျတူးဖော်ပြီး ပုစွန်သားပေါက်များကို စနစ်တကျ ရှာဖွေဖမ်းဆီးပြီး ကန်များအတွင်းသို့ ထည့်၍ မွေးမြူသည့် နည်းစနစ်ဖြစ်သည်။

(ဂ) တတိယနည်း

       လိုအပ်သော ပုစွန်သားပေါက်များအတွက် ပင်လယ်ပြင်မှ မျိုးပုစွန်ကြီးများကိုရယူ၍ အခန်းတွင်း သားဖောက်ထုတ်လုပ်နည်းဖြင့် ပုစွန်သားပေါက်များကို ရယူ၍ စနစ်တကျ တူးဖော်ထားသည့် ကန်ကြီးများထဲသို့ ထည့်သွင်းမွေးမြူ ထိန်းသိမ်းခြင်း ဖြစ်သည်။

သဘာဝအခြေခံ ရေငန်ပုစွန် မွေးမြူခြင်း

နေရာ၊ ရေ၊ မြေ

        ပင်လယ်ကမ်းရိုးတန်းတစ်လျောက်သို့ စီးဝင်နေသော မြစ်၊ ချောင်းမြောင်း များစွာရှိ​ကြပြီး ၄င်းတို့ဘေးတဖက်တချက်တွင် ဒီရေတက်ချိန်၌ ရေချို၊ ရေငန်နှင့် ရေငန်စပ်ဝင်သော နေရာများကို မွေးမြူရေးကန်နေရာအဖြစ် သတ်မှတ်ရွေးချယ်နိုင်ပါသည်။ 

     ထို့အပြင် အသင့်တော်ဆုံး နေရာမျိုးမှာ ခေါင်ရေတက်ချိန်၌ မြစ်ကမ်းပါးမြေနိမ့်ပိုင်းသည် အနည်းဆုံး ၃-၄ ပေခန့် တက်သောနေရာများကို ရွေးချယ်မွေးမြူရပါမည်။ သို့သော်လည်း ခေါင်ရေတက်ချိန်တွင် ၁ ပေကျော်တက်သော နေရာတွင်လည်း မွေးမြူနိုင်ပါသည်။

      ရေငန်ဝင်ပြီး စပါးမစိုက်ပျိုးနိုင်သောမြေနိမ့်နေရာများ၊ ဆားတွင်းဟောင်းများကိုလည်း အသုံးချနိုင်ပါသည်။

မွေးမြူထိန်းသိမ်းနည်း

        မြန်မာ့ပင်လယ်ကမ်းရိုးတန်းတစ်လျောက်တွင် စီးပွားဖြစ်မွေးမြူနိုင်သည့် ပုစွန်သားပေါက်များကို ဖေဖော်ဝါရီလ မှ သြဂုတ်လ အထိ တွေ့ရှိကြရပါသည်။ ထိုသို့ သားပေါက်ဖွားမှု့ များသည့်အချိန်တွင်  ပြုပြင်စီမံထားသည့်ကန်များ၏ ရေသွင်းပေါက်မှတဆင့် ဒီရေတက်ချိန်တွင် ရေကိုသွင်းပေးရပါမည်။ 

        ထိုသို့ ရေသွင်းချိန်တွင် ငါးရိုင်းများ မပါလာစေရန် ဆန်ခါ (သို့) ယင်းကျဲဖြင့် ပိတ်ထားရပါမည်။ဒီရေနှင့် ပါလာသော ရေငန်ပုစွန်သားပေါက်များ ပြန်မထွက်နိုင်ရေးအတွက် ရေထွက်ပေါက်များကို စနစ်တကျ ပြန်လည်စောင့်ရှောက်ပြီး ဒီရေတက်ချိန်တိုင်း ရေသွင်းပေးရပါမည်။ ပိုက်စိပ်ဖြင့်(သို့) ပုစွန်ရင်တွန်းကိရိယာများဖြင့်လည်း သားပေါက်များကို ဖမ်းဆီးမွေးမြူနိုင်ပါသည်။

        ကန်အတွင်းရှိ ရေသည် အနက် ၁.၅ -၂ ပေ အတွင်း ရှိရမည်ဖြစ်ပြီး တူးထားသည့်မြောင်းထဲရှိရေမှာ အနက် ၂.၅- ၄ပေ အတွင်း ရှိရပါမည်။ ငါးကန်အတွင်း သဘာဝအစာများ ပေါများစေရန် အခါအားလျော်စွာ နွားချေး၊ ကြက်ချေး၊ ဝက်ချေးများ ဖြူးပေးရပါမည်။ သဘာဝအလျောက် ပေါများသည့် ခရု၊ ကမာ၊ ငါးသေးငါးမွှားများကိုလည်း ခုတ်ထစ်၍ ကျွေးမွေးနိုင်ပါသည်။ နွားချေး၊ ကြက်ချေး၊ ဝက်ချေးများ မထည့်ဘဲသော်လည်းကောင်း၊ ငါးရိုင်းများ မရှင်းဘဲ နေ၍သော်လည်းကောင်း မွေးမြူနိုင်သော်လည်း ကုန်ချိန်မတိုးနိုင်ပေ။

       ရေစထည့်ပြီး ၄-၅ လမှ စတင်၍ ရေထွက်ပေါက်တွင် အိုင်များပြုလုပ်၍ သော်လည်းကောင်း၊ကွန်ပစ်၍သော်လည်းကောင်း ရေငန်ပုစွန်အကောင်ကြီးများကို ဖမ်းဆီးနိုင်ပြီ ဖြစ်သည်။ ပုစွန်အကောင်ငယ်လေးများ ပါလာပါက ပြန်လွှတ်၍ မွေးမြူပေးသင့်ပါသည်။

Ref: ငါးလုပ်ငန်းဦးစီးဌာန။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

           

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်