Small scale silage making in Myanmar

28/02/2018 16:49 PM တွင် Thein Soe Min Thein Soe Min မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာ-နယူးဇီလန် ကောင်းမွန်သော နို့စားနွားမွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း

နွားစာချဉ်ဖတ်ပြုလုပ်ခြင်း

 

 

ချဉ်ဖတ် -  နွားစာချဉ်ဖတ်ဆိုသည်မှာ နွားစာအစိုကိုနုပ်နုပ်စဉ်းပြီး ကျင်း (သို့မဟုတ်) အိတ်အတွင်းတွင် သေချာဖိသိပ်ပြီး လေလုံအောင် သိမ်းဆည်းထားသောနွားစာဖြစ်သည်။

 

အကျိုးကျေးဇူးများမှာ သီးနှံများတွင်ပါ၀င်သော အာဟာရဓါတ်နှင့် စိုထိုင်းမှုကို ထိန်းသိမ်းထားနိုင်ခြင်း၊ နေရောင်ခြည်ဖြင့် အခြောက်လှန်းခြင်းထက် အာဟာရဓါတ် ဆုံးရှုံးမှုနည်းခြင်း၊ မည်သည့်ရာသီမဆိုပြုလုပ်နိုင်ခြင်း၊ ကုန်ကျစရိတ်နည်းခြင်းနှင့် နှစ်အတော်ကြာသိုလှောင်ထားနိုင်ခြင်း တို့ဖြစ်ပါသည်။

ဆိုးကျိုးများအနေဖြင့် ချဉ်ဖတ်ပြုလုပ်ရာ၌ လေလုံအောင်ပြုလုပ်ထားနိုင်ခြင်းမရှိလျှင် အာဟာရဓါတ်များ ဆုံးရှုံး နိုင်ပါသည်။ လိုအပ်သောအက်စစ်ပြင်းအားအထိ ကျဆင်းမှုမရှိလျှင် တိရစ္ဆာန်ကိုအန္တရာယ်ဖြစ်စေသော ပိုးမွှားများ    ပေါက်ပွားစေပါသည်။

                                                                                        

ချဉ်ဖတ်ပြုလုပ်ရာတွင်

v စားကျက်ပဲပင်ကို ချဉ်ဖတ်ပြုလုပ်ရန် အကောင်းဆုံးရိတ်သိမ်းချိန်မှာ အပွင့်ပွင့်ချိန်ဖြစ်သည်။ ပြောင်းချဉ်ဖတ် ပြုလုပ်ရန်အကောင်းဆုံးရိတ်သိမ်းချိန်မှာ သီးနှံအစေ့ နို့ရည်ထည့်ချိန်ဖြစ်သည်။ မြက်ချဉ်ဖတ်ပြုလုပ်ရာတွင် ရေဓါတ်ပါ၀င်မှု ၇၀ -၇၅ % ရှိရမည်။ နွားစာပင်ရိတ်ခြင်း၊ စဉ်းခြင်း နှင့် ချဉ်ဖတ်သိပ်ခြင်းတို့ကိုတစ်ရက်အတွင်း

ပြုလုပ်ရမည်။

 

v ချဉ်ဖတ်ကောင်းရရှိရန် ကောင်းစွာသိပ်ပေးရန်လိုအပ်သည်။ ချဉ်ဖတ်ကျင်းထဲ၌ လေခိုအောင်းမှုနည်းလေ ချဉ်ဖတ်အရည်အသွေးကောင်းလေဖြစ်သည်။ ထို့ပြင်ချဉ်ဖတ်ကျင်း (သို့မဟုတ်) အိတ်ကို လေလုံအောင်ပြုလုပ်ထားမှသာလျှင် မှိုတက်ခြင်း၊ နွားစာတွင်ပါ၀င်သော အာဟာရဓါတ်များဆုံးရှုံးခြင်းကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။ ချဉ်ဖတ်သိပ်ပြီး အနည်းဆုံး () ပတ်အတွင်းမဖွင့်ရ။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်