ထိုင်းပုစွန်သားပေါက်များ ဆက်သွင်းခြင်းကို ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် တားဆီးသင့်

16/07/2019 09:16 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရန်ကုန်၊ ဇူလိုင် ၁၅ ရက်။ 

ပြည်တွင်းရေချိုပုစွန် မွေးမြူရေးကန်များတွင် ထိုင်းရေချိုပုစွန်များ ရောစပ်နေခြင်းကြောင့် ထိုင်းပုစွန်သားပေါက်များ မြန်မာနိုင်ငံအတွင်းသို့ ဆက်သွင်းနေပါက မြန်မာ့မျိုးရင်းမျိုးစိတ်များ ပျောက်ကွယ်သွားနိုင်သည့် အခြေအနေရှိသဖြင့် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် တားဆီးသင့်ကြောင်း  မြန်မာနိုင်ငံ ပုစွန်မွေးမြူထုတ်လုပ် ရောင်းဝယ်သူများအသင်းမှ သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်က ရေချိုပုစွန်သားပေါက်ထုတ်လုပ်မှု ကျဆင်းခဲ့ခြင်းကြောင်း မွေးမြူ ရေးတောင်သူများ အဆင်ပြေစေရန် ထိုင်းနိုင်ငံမှ ရေချိုပုစွန်သားပေါက်များတင်သွင်း၍ အခက်အခဲများ ဖြေရှင်းခဲ့ခြင်းဖြစ်သော်လည်း လက်ရှိတွင် ပြည်တွင်း ရေချိုပုစွန်သားပေါက်စခန်း အားလုံးနီးပါးမှ ရေချိုပုစွန်မွေးမြူရေး တောင်သူများအတွက် သားပေါက်များ လုံလောက်စွာ ထုတ်လုပ်ပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။

"ပြည်တွင်းမှာ လုံလုံလောက်လောက် ဖောက်ပေးပါရက်နဲ့ ထိုင်းကနေ ဆက်ပြီးသွင်းနေအုန်းမယ်ဆိုရင် နောင်တစ်ချိန်မှာ ကျွန်တော်တို့ရဲ့မျိုးရင်းတွေ ပျောက်ကွယ်သွားနိုင်တဲ့ အနေအထားရှိတယ်။ အဲ့ဒါကြောင့် ငါးဦးစီးဌာနအနေနဲ့ သေသေချာချာလေး စီစစ်ပြီးတော့ လုပ်သင့်တယ်လို့ မြင်ပါတယ်။ အခုက ဈေးကွက်စီးပွားရေးဖြစ်တဲ့အတွက် တစ်နိုင်ငံနဲ့တစ်နိုင်ငံ လွတ်လွတ်လပ်လပ် ကုန်သွယ်လို့ရနေတာမှန်ပေမယ့် ကိုယ့်နိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်မယ်၊ ကိုယ်နိုင်ငံရဲ့ သယံဇာတကို ထိခိုက်ပျက်စီးမယ်ဆိုရင် ဒီဟာတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက တားဆီးသင့်တယ်။" ဟု မြန်မာနိုင်ငံ ပုစွန်မွေးမြူထုတ်လုပ် ရောင်းဝယ်သူများအသင်း အတွင်းရေးမှူး ဦးတင်ထွန်းဦးက ပြောသည်။

လက်ရှိတွင် ၂၀၁၂ ခုနှစ်က ထိုင်းနိုင်ငံမှ တင်သွင်းလာသော ရေချိုပုစွန်များနှင့် ပြည်တွင်းရှိ ရေချိုပုစွန်များ မျိုးရောစပ်လာနေသဖြင့် ပြည်တွင်းမျိုး ရေချိုပုစွန်ကို သားပေါက်ဖောက်၍ မွေးမြူသည့် မွေးမြူရေးကန်များတွင် အနည်းဆုံး ၂၀ ရာခိုင်နှုန်းခန့် ထိုင်းရေချိုပုစွန်မျိုးများ ဖြစ်နေသည်ကို တွေ့ရှိရကြောင်း သိရသည်။ 

"ပုစွန်တင်သွင်းမယ့်သူတွေ လာရင်လည်း ကျွန်တော်တို့အနေနဲ့ ပုစွန်အသင်းကိုပဲ ဆက်သွယ်ပြီးတော့ ပုစွန်မွေးတဲ့ ကိစ္စပဲဖြစ်ဖြစ်၊ သားပေါက်ကိစ္စပဲဖြစ်ဖြစ် ဆောက်ရွက်ပါဆိုပြီးတော့ လုပ်ပေးပါမယ်။" ဟု ရန်ကုန်တိုင်း ငါးလုပ်ငန်းဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဦးလှဌေး ကပြောသည်။ 

လက်ရှိတွင် ပြည်တွင်းသို့ ထိုင်းနိုင်ငံမှ တင်သွင်းသော ရေချိုပုစွန်သားပေါက် တစ်ကောင်လျှင် ၁၄ ကျပ် ဝန်းကျင်ရှိပြီး မြန်မာနိုင်ငံအတွင်းဖောက်သည့် ရေချိုပုစွန်သားပေါက် တစ်ကောင်လျှင် ၁၀ ကျပ်ဝန်းကျင်အောက်သာရှိကြောင်း သိရသည်။ 

မြန်မာနိုင်ငံတွင် ရေချို/ရေငန်ပုစွန် မွေးမြူရေးကန်ဧကပေါင်း (၂) သိန်းဝန်းကျင်ရှိသော်လည်း ရေချိုပုစွန်မွေးမြူရေးကန် ဧကပေါင်း (၂)သောင်းဝန်းကျင်ရှိပြီး အဓိကအားဖြင့် တွံတေး၊ ညောင်တုန်း၊ ခရမ်း၊ ထန်းတပင်၊ မအူပင်မြို့နယ်တို့တွင် မွေးမြူလျက်ရှိကာ ပဲခူးတိုင်းဒေသကြီးတွင် လည်း အနည်းအကျဉ်း မွေးမြူလျက်ရှိကြောင်း သိရသည်။ 

အေးအေးမြင့်(ABM)


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်