ထိုင်းပုစွန်သားပေါက်များ ဆက်သွင်းခြင်းကို ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် တားဆီးသင့်

16/07/2019 09:16 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရန်ကုန်၊ ဇူလိုင် ၁၅ ရက်။ 

ပြည်တွင်းရေချိုပုစွန် မွေးမြူရေးကန်များတွင် ထိုင်းရေချိုပုစွန်များ ရောစပ်နေခြင်းကြောင့် ထိုင်းပုစွန်သားပေါက်များ မြန်မာနိုင်ငံအတွင်းသို့ ဆက်သွင်းနေပါက မြန်မာ့မျိုးရင်းမျိုးစိတ်များ ပျောက်ကွယ်သွားနိုင်သည့် အခြေအနေရှိသဖြင့် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် တားဆီးသင့်ကြောင်း  မြန်မာနိုင်ငံ ပုစွန်မွေးမြူထုတ်လုပ် ရောင်းဝယ်သူများအသင်းမှ သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်က ရေချိုပုစွန်သားပေါက်ထုတ်လုပ်မှု ကျဆင်းခဲ့ခြင်းကြောင်း မွေးမြူ ရေးတောင်သူများ အဆင်ပြေစေရန် ထိုင်းနိုင်ငံမှ ရေချိုပုစွန်သားပေါက်များတင်သွင်း၍ အခက်အခဲများ ဖြေရှင်းခဲ့ခြင်းဖြစ်သော်လည်း လက်ရှိတွင် ပြည်တွင်း ရေချိုပုစွန်သားပေါက်စခန်း အားလုံးနီးပါးမှ ရေချိုပုစွန်မွေးမြူရေး တောင်သူများအတွက် သားပေါက်များ လုံလောက်စွာ ထုတ်လုပ်ပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။

"ပြည်တွင်းမှာ လုံလုံလောက်လောက် ဖောက်ပေးပါရက်နဲ့ ထိုင်းကနေ ဆက်ပြီးသွင်းနေအုန်းမယ်ဆိုရင် နောင်တစ်ချိန်မှာ ကျွန်တော်တို့ရဲ့မျိုးရင်းတွေ ပျောက်ကွယ်သွားနိုင်တဲ့ အနေအထားရှိတယ်။ အဲ့ဒါကြောင့် ငါးဦးစီးဌာနအနေနဲ့ သေသေချာချာလေး စီစစ်ပြီးတော့ လုပ်သင့်တယ်လို့ မြင်ပါတယ်။ အခုက ဈေးကွက်စီးပွားရေးဖြစ်တဲ့အတွက် တစ်နိုင်ငံနဲ့တစ်နိုင်ငံ လွတ်လွတ်လပ်လပ် ကုန်သွယ်လို့ရနေတာမှန်ပေမယ့် ကိုယ့်နိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်မယ်၊ ကိုယ်နိုင်ငံရဲ့ သယံဇာတကို ထိခိုက်ပျက်စီးမယ်ဆိုရင် ဒီဟာတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက တားဆီးသင့်တယ်။" ဟု မြန်မာနိုင်ငံ ပုစွန်မွေးမြူထုတ်လုပ် ရောင်းဝယ်သူများအသင်း အတွင်းရေးမှူး ဦးတင်ထွန်းဦးက ပြောသည်။

လက်ရှိတွင် ၂၀၁၂ ခုနှစ်က ထိုင်းနိုင်ငံမှ တင်သွင်းလာသော ရေချိုပုစွန်များနှင့် ပြည်တွင်းရှိ ရေချိုပုစွန်များ မျိုးရောစပ်လာနေသဖြင့် ပြည်တွင်းမျိုး ရေချိုပုစွန်ကို သားပေါက်ဖောက်၍ မွေးမြူသည့် မွေးမြူရေးကန်များတွင် အနည်းဆုံး ၂၀ ရာခိုင်နှုန်းခန့် ထိုင်းရေချိုပုစွန်မျိုးများ ဖြစ်နေသည်ကို တွေ့ရှိရကြောင်း သိရသည်။ 

"ပုစွန်တင်သွင်းမယ့်သူတွေ လာရင်လည်း ကျွန်တော်တို့အနေနဲ့ ပုစွန်အသင်းကိုပဲ ဆက်သွယ်ပြီးတော့ ပုစွန်မွေးတဲ့ ကိစ္စပဲဖြစ်ဖြစ်၊ သားပေါက်ကိစ္စပဲဖြစ်ဖြစ် ဆောက်ရွက်ပါဆိုပြီးတော့ လုပ်ပေးပါမယ်။" ဟု ရန်ကုန်တိုင်း ငါးလုပ်ငန်းဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဦးလှဌေး ကပြောသည်။ 

လက်ရှိတွင် ပြည်တွင်းသို့ ထိုင်းနိုင်ငံမှ တင်သွင်းသော ရေချိုပုစွန်သားပေါက် တစ်ကောင်လျှင် ၁၄ ကျပ် ဝန်းကျင်ရှိပြီး မြန်မာနိုင်ငံအတွင်းဖောက်သည့် ရေချိုပုစွန်သားပေါက် တစ်ကောင်လျှင် ၁၀ ကျပ်ဝန်းကျင်အောက်သာရှိကြောင်း သိရသည်။ 

မြန်မာနိုင်ငံတွင် ရေချို/ရေငန်ပုစွန် မွေးမြူရေးကန်ဧကပေါင်း (၂) သိန်းဝန်းကျင်ရှိသော်လည်း ရေချိုပုစွန်မွေးမြူရေးကန် ဧကပေါင်း (၂)သောင်းဝန်းကျင်ရှိပြီး အဓိကအားဖြင့် တွံတေး၊ ညောင်တုန်း၊ ခရမ်း၊ ထန်းတပင်၊ မအူပင်မြို့နယ်တို့တွင် မွေးမြူလျက်ရှိကာ ပဲခူးတိုင်းဒေသကြီးတွင် လည်း အနည်းအကျဉ်း မွေးမြူလျက်ရှိကြောင်း သိရသည်။ 

အေးအေးမြင့်(ABM)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်