စားကျက်မြေအတွက် stylo မြက် စိုက်ပျိုးနည်း

18/06/2018 15:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး MDEP MDEP မှ ပေးပို့ထားပါသည်။

မြန်မာ-နယူးဇီလန် ကောင်းမွန်သော နို့စားနွားမွေးမြူမှုဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းမှ စတိုင်လို (၃) မျိုးတင်သွင်း စိုက်ပျိုးခဲ့ပါသည်။ (Ubon stylo, Shrubby stylo and Hamata stylo)အပင်ပုမျိုးဖြစ်ပြီး နှစ်ရှည်ခံပင်ဖြစ်သည်။ အမြဲတမ်းစားကျက်များတွင် စိုက်ပျိုးနိုင်ပြီး မျိုးစေ့ကျ အပင်ပြန့်ပွားနှုန်း ကောင်းမွန်သောကြောင့် တစ်နှစ်ထက်တစ်နှစ် အပင်ပွားနှုန်း ကောင်မွန် ပြီး ခြောက်သွေ့မှုဒဏ်ကိုလည်း ခံနိုင်သည်။ မြေဆီလွှာညံ့ဖျင်းမှုကို ခံနိုင်ရည်ရှိ၍ သဲဆန်သောမြေ၊ အက်စစ်ဆန်သော မြေ၊ ဂဝံဆန်သောမြေ များတွင် စိုက်ပျိုးနိုင်သည်။

အမြစ်ဖွဲ့စည်းမှု ကောင်းမွန်ခြင်း၊ နှစ်ရှည်ခံခြင်းနှင့် မျိုးစေ့ကျ ပေါက်နှုန်း ကောင်းသောကြောင့် မြေဆီလွှာ တိုက်စားမှု ကာကွယ်ရေး အစီအစဉ်များ တွင် စိုက်ပျိုးနိုင်သည်။ ဉပမာ- လမ်းဘေးဝဲ/ယာ ရေတိုက်စားမှု ကာကွယ်ရန်နှင့် သစ်တောများ မြေဆီလွှာတိုက်စားမှု ကာကွယ်ရန် စိုက်ပျိုးနိုင်သည်။ စားကျက်မြက်များနှင့် ရောနှောစိုက်ပျိုးနိုင်သည်။ လွှတ်ကျောင်းစားကျက် များတွင် (၄) ပတ်ခြား လွှတ်ကျောင်းနိုင်သည်။ အခြားမျိုးစေ့များနှင့်ရော၍ တစ်ဧက (ဝ.၅-၁) ကီလိုဂရမ်နှုန်း ဖြင့်စိုက်ပျိုး နိုင်သည်။ရာသီအစောပိုင်းတွင် မျိုးစေ့ထုတ်ရန်ခက်ခဲပြီး ထွက်နှုန်းနည်းသည်။ အာဟာရဓါတ်ပါဝင်မှုမှာ နည်းပါးသော်လည်း  နို့ခမ်းနွားများ၏ စားကျက် လွတ်ကွင်း၌ ကောင်းမွန်သည်။

Ubon Stylo သည် ရွံစေးမြေများတွင် ဖြစ်နှုန်းနည်းသည်။ Hamata stylo နှင့် Shrubby stylo များကဲ့သို့ ခြောက်သွေ့မှုကို ခံနိုင်စွမ်းမရှိပေ။ ရေဝပ်မှုကို အနည်းငယ်ခံနိုင်သည်။ အလွန်အမင်း လွှတ်ကျောင်းခြင်းကို ခံနိုင်စွမ်းမရှိပေ။ အခြား စတိုင်လိုများထက် မျိုးစေ့ကျ ဖြန့်ပွားမှုနှုန်း နည်း သည်။ မျိုးစေ့ထွက်နှုန်း တစ်ဧက (၂၀၀-၃၀၀) ကီလိုထုတ်လုပ် နိုင်သည်။ 

Hamata stylo သည် အလွန်မင်း လွှတ်ကျောင်းမှုဒဏ်ကို ခံနိုင်သည်။ မျိုးစေ့ထွက်နှုန်းကောင်းပြီး မျိုးစေ့ကျပြန်နံ့မှုမှာ အခြား စတိုင်လိုများထက် ကောင်းမွန်သည်။ မျိုးစေ့ကို စိုက်ပျိုးသည့်နှစ်မှာပင် ထုတ်လုပ်နိုင်ပြီး စားကျက်လွှတ်ကျောင်းသော နွား၏ခြေမှတဆင့် (သို့) ရေတို့နှင့်အတူ အခြားနေရာများသို့ ပြန့်နှုံမှု ပိုမြန်စေပြီး အပင်ပွားနှုန်းကောင်းသည်။ အခြား စတိုင်လိုများထက် အရသာပိုမို ကောင်းမွန်ပြီး ပိုးမွှားကျရောက်မှု ကိုလည်း ခံနိုင်ရည် ပိုမိုကောင်းမွန်သည်။ 

Shrubby stylo သည် အသီးသီးရန် အလွန်နှေးသော်လည်း အသီးသီး နောက်ပိုင်းတွင် အစေ့ကျအပင် ပေါက်မှုနှင့် ထုတ်လုပ်မှုမှာ မြေသြဇာ ညံ့သော နေရာများတွင် ရှင်သန်နိုင်သည်။ အရသာရှိမှုမှာ အသင့်အတင့် ရှိပြီး ခြောက်သွေ့မှုနှင့် ရောဂါကျရောက်မှုကို ခံနိုင်သည်။ မျိုးစေ့ထုတ်ရန် ခက်ခဲသည်။

မြန်မာ-နယူးဇီလန် ကောင်းမွန်သော နို့စားနွားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်