အစိမ်းရောင်လမ်းဖုန်းဆော့ဝဲကိုအသုံးပြုပြီး စိုက်ပျိုးရေးလုပ်ရတာ အဆင်ပြေနေတဲ့ လူငယ်တောင်သူတစ်ဦး

24/03/2020 11:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကျွန်တော်အသက်(၂၀) ကျော်က တောင်သူမလုပ်သေးပါဘူး၊မလေးရှားမှာ (၁၄)နှစ် အလုပ်လုပ်ပြီးရရှိတဲ့လစာနဲ့ လယ်ကွက်တွေတစ်ကွက်ပြီးတစ်ကွက်ဝယ်ယူခဲ့ပါတယ်။ မလေးကပြန်လာတော့မှ တောင်သူလုပ်ငန်းကို နဖူးတွေ့ ဒူးတွေ့စတင်လုပ်ကိုင်ခဲ့တာပါ”

ခုဆို စိုက်ပျိုးရေးလုပ်ကိုင်ဖြစ်တာ ၅ နှစ်လောက်ရှိပြီ။ ပထမနှစ်တွေမှာတော့ ဟိုတောင်သူလိုက်မေး ၊ဒီတောင်သူလိုက်မေးနဲ့ တော်တော် ခက်ခဲခဲ့တယ်ဗျ။ ဒါနဲ့ ကျတော်လည်း ဖေ့ဘုတ်ကနေ တွေ့သမျှစိုက်ပျိုးနည်းပညာတွေကို စခရင်ရှော့ရိုက်ရိုက်ပြီး သိမ်းထားတယ်။ အိပ်ခါနီးအထိတောင် ပြန်စဉ်းစားပြီး မေ့ရင်ပြန်ကြည့် ။ဒီလိုလေ့လာခဲ့ပါတယ်။

ဒီလိုမျိုး ဖေ့ဘုတ်မှာ လေ့လာနေရင်း “Green Way-အစိမ်းရောင်လမ်းဆော့”ဝဲကိုတွေ့လို့ ဖုန်းထဲမှာ ထည့်ထားဖြစ်ပါတယ်။ကျွန်တော်သုံးလာတာတော့ ကြာပြီဗျ။ စိုက်ပျိုးနည်းနဲ့ ပိုးမွှားရောဂါတွေအကြောင်းလေ့လာဖြစ်တယ်။ ကျွန်တော် တော်တော် သဘောကျတယ်ဗျ။ လိုင်းဖွင့်လိုက်ရင် ဆောင်းပါးလေးတွေတက်လာတော့ ကျွန်တော့အတွက်လွယ်လွယ်ကူကူဝင်ကြည့်ဖြစ်တာပေါ့ဗျာ။ ခုအချိန်ထိပဲ ကျွန်တော်မစိုက်ဖူးတဲ့သီးနှံတွေအကြောင်း တက်လာရင် ဝင်လေ့လာဖြစ်ပါတယ်။ အစိမ်းရောင်လမ်းမှာက ထူးထူးခြားခြား သီးနှံစိုက်ပျိုးနည်းလေးတွေ ရှိတယ်ဆိုတော့လေ။ တက်လာတဲ့ စာတန်းလေးကို နှိပ်လိုက်တာနဲ့ ဖုန်းဆော့ဝဲထဲတန်းရောက်တော့ အရမ်းအဆင်ပြေတယ်ဗျ။

သိမ်းထားမည်လေးနှိပ်ပြီး သိမ်းထားလို့ရကြောင်း ၊ အရင်လို စခရင်ရှော့တွေရိုက်စရာမလိုတော့ဘူးဆိုတာကိုလည်း ကျွန်တော့ကို အစိမ်းရောင်လမ်းရဲ့ အစ်မတွေက ဆက်သွယ်အကြောင်းကြားပေးပါတယ်။ ခုဆို စိုက်ပျိုးရေးပြသနာတွေက ကျွန်တော့အတွက် အခက်အခဲမဟုတ်တော့ဘူး ။ ကြိုတင်ကာကွယ်နည်းတွေ လိုက်လုပ်ဖြစ်လို့ ခုဆို စပါးနီတိုရောဂါကို လုံးဝကို စိတ်ကိုမပူရတော့ပါဘူး။

Green Way အပါအဝင် စိုက်ပျိုးရေးဆိုင်ရာ ဆော့ဝဲတွေ အစုံသုံးပါတယ်။ဒီတော့ စိုက်ပျိုးရေးဆိုင်ရာပြဿနာတွေအပေါ်  ဆွေးနွေးချက်စုံစုံလင်လင်တွေ့ရတာပေါ့ဗျာ။ ကိုယ်ပိုင် စဉ်းစားတတ်လာတာပေါ့။ ခုဆို စိုက်ပျိုးရေးဖုန်းဆော့ဝဲတွေကို ကောင်းကောင်းအသုံးချတတ်လို့ စိုက်ပျိုးရေးလုပ်ရတာ ကျွန်တော့်အတွက် တော်တော်အဆင်ပြေလာတယ်ဗျ။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်