ရွှေဘိုငါးသားပေါက်စခန်းမှ အောင်မြင်မှု အပိုင်းကဏ္ဍများ

03/10/2019 15:00 PM တွင် ကမ္ဘာ့ငါးအဖွဲ့ ကမ္ဘာ့ငါးအဖွဲ့ မှ ရေးသား ပြီး WorldFish WorldFish မှ ပေးပို့ထားပါသည်။

Myanmar Fishery Foundation ၏ အောင်ဇေယျ ငါးသားပေါက်စခန်းသည် နှစ်ပေါင်း ၃၀ ကျော်ရှိပြီဖြစ်ပြီး ရွှေဘိုမြို့ အမှတ် (၇) ရပ်ကွက်တွင် တည်ရှိပါသည်။ ငါးသားဖောက်စခန်းသည် မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်၊ ဆိုင်းတောင်၊ မုံရွာ၊ ကလေး၊ ကောလင်းနှင့်၊ မိုးကုတ်မြို့များသို့ ငါးတန်၊ ငါးမုတ်၊ ငါးမြစ်ချင်း၊ ထိုင်းငါးခုံးမ၊ ရွှေဝါငါးကြင်း၊ ငါးသားလောက်၊ ငါးသားပေါက်များအား ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။

ယခင်က သားပေါက်စခန်းရှိ ငါးများသည် မျိုးဗီဇနိမ့်သောကြောင့် ကြီးထွားရန်ပင် အချိန်အတော်ကြာ ယူခဲ့ရပါသည်။ "ကျွန်တော်တို့နဂိုကသိတဲ့ စနစ်တွေနဲ့ လက်ရှိသင်တန်းတွေကပေးတဲ့ အတွေ့အကြုံတွေနဲ့က တခြားစီဖြစ်နေတယ်" ဟု ကိုသက်ထွန်းအောင် (မန်နေဂျာ၊ အောင်ဇေယျငါးသားပေါက်စခန်း) မှ ပြောကြားခဲ့ပါသည်။ ဥရောပသမဂ္ဂ၊ ဂျာမနီစီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်း ဝန်ကြီးဌာနတို့မှ ရန်ပုံငွေပံ့ပိုးထားသည့် INLAND Myanmar Sustainable Aquaculture Programme (INLAND MYSAP) နှင့် Livelihoods and Food Security Trust Fund (LIFT) အဖွဲ့အစည်းမှ ရန်ပုံငွေထောက်ပံ့သည့် MYCulture စီမံကိန်းတို့၏ နည်းပညာနှင့် လက်တွေ့သင်တန်းများ ပံ့ပိုးကူညီမှုဖြင့်မျိုးဗီဇမြှင့် Genetically Improved Farmed Tilapia (GIFT) တီလားပီးယားကို စတင်မွေးမြူခဲ့သည်မှာ (၁၁) လသာရှိသေးသော်လည်း စျေးကွက်ဝင်ပြီး ဝယ်လိုအားများ မြင့်တက်နေပါသည်။

ရောဂါကျရောက်နိုင်ခြေအား လျော့ချရန်နှင့် ဇီဝလုံခြုံမှု တိုးမြှင့်ရန်အတွက် INLAND MYSAP နှင့် MYCulture စီမံကိန်းတို့မှ နိုင်ငံခြားသားပညာရှင်၏ အကြံပြုချက်အရ သားဖောက်စခန်း၏ ပုံစံအား ပြန်လည်ပြုပြင်ခြင်းနှင့် လိုအပ်သည့် ပစ္စည်းများ တပ်ဆင်ခြင်းတို့ ပြုလုပ်ခဲ့သည်။ ကိုသက်ထွန်းအောင်သည် GIFT တီလားပီးယား သားပေါက်အထီးများ တစ်အုပ်တစ်မတည်း ထုတ်လုပ်မှုနှင့် ဇီဝလုံခြုံမှု တိုးမြှင့်ခြင်းသင်တန်းအား ၂၀၁၈ မေလတွင် ရရှိခဲ့ပါသည်။ ရောဂါကင်းရှင်းမှု စမ်းသပ်ထားပြီ ဖြစ်သည့် မိခင် GIFT တီလားပီးယားအထီးနှင့် အမများအား ၂၀၁၈ သြဂုတ်လတွင် ပံ့ပိုးပေးခဲ့ပြီး အောက်တိုဘာလ ၂၀၁၈ တွင် ၎င်းမိခင် တီလားပီးယားများအား မည်သို့ထိန်းသိမ်းခြင်း၊ မည်သို့စီစဉ်ခြင်း၊ GIFT တီလားပီးယား အထီးများအား မည်သို့ထုတ်လုပ်ခြင်းတို့ကို ၎င်းသားပေါက်စခန်းတွင် သင်တန်းလက်တွေ့ပို့ချခဲ့ပါသည်။ ယခုအခါတွင် အောင်ဇေယျငါးသားပေါက်စခန်းသည် စီမံကိန်းမှ ပညာရှင်များ၏ တိုက်ရိုက်ညွှန်ကြားမှုများ နည်းပညာပံ့ပိုးမှုများဖြင့် GIFT တီလားပီးယာသားပေါက်များ အရည်အသွေးမြင့်မားသည့် မျိုးဗီဇမြှင့်ပြီးဖြစ်သော တီလားပီးယားသားပေါက်အထီးများအား ထုတ်လုပ်နေပြီ ဖြစ်ပါသည်။

ယနေ့အထိ (၁.၅) ဂရမ်ခန့်ရှိသည့် GIFT တီလားပီးယား သားပေါက်အထီးများ ငါးသန်များကို တစ်ကောင် ၆၀ ကျပ်နှုန်းဖြင့် (၂၆၅၀၀၀) ကောင်ရေကို ရောင်းချခဲ့ပြီး ဖြစ်သည်။ ယခုနှစ်တွင်လည်း GIFT တီလားပီးယား သားပေါက်အထီးများ ငါးသန်ထုတ်လုပ်မှုကိုလည်း ဝယ်လိုအားများနှင့် အညီရောင်းချနိုင်ရန် ပိုမိုတိုးမြှင့်ပြီး ထုတ်လုပ်သွားမည်ဖြစ်ပါသည်။

စီမံကိန်းမှ သင်တန်းများရရှိပြီးနောက် (၀.၇) ဧက အကျယ်အဝန်းရှိ မြေသားကန်တွင် GIFT တီလားပီးယားငါးကောင်ရေ (၆၅၀၀) ကို စတင်မွေးမြူခဲ့သည်။ အသားတိုးမွေးမြူခြင်းကို ၂၀၁၈ နိုဝင်ဘာလတွင် စတင်ခဲ့ပြီး ကြီးထွားနှုန်း မြန်သောကြောင့် အချိန် ၅ လခန့် ကြာမြင့်ပြီးသောအခါ GIFT တီလားပီးယားများအား ဖမ်းယူရောင်းချနိုင်ပြီဖြစ်သည်။ အောင်ဇေယျငါးသားပေါက်စခန်းမှ GIFT တီလားပီးယားများ ဖမ်းဆီးချိန်တွင် ပျှမ်းမျှငါး၏ အလေးချိန်မှာ (၂၄.၇) ကျပ်သားခန့်ရှိပြီး တစ်ပိဿာလျှင် (၃,၈၅၀) ကျပ်နှုန်းဖြင့် စျေးကွက်ရရှိနေပါသည်။ စီမံကိန်းမှပေးသည့် နည်းစနစ်ဖြင့် မွေးမြူသည့် GIFT တီလားပီးယားငါးများသည် အရည်အသွေးကောင်းသည့်အပြင် စျေးကွက်ရရှိပြီး ဝယ်လိုအား များပြားလှသဖြင့် ရောင်းချရာတွင် မလောက်ငှသည့် အခြေအနေသို့ ရောက်ရှိနေပါသည်။ ငါးသားပေါက်စခန်းသည် GIFT တီလားပီးယားအသားတိုးမွေးမြူခြင်းအတွက် ဧက (၃၀) ကို လာမည့်နှစ်များတွင် တိုးချဲ့မွေးမြူသွားမည်ဖြစ်သည်။

ကိုသက်ထွန်းအောင်မှ GIFT တီလားပီးယား ငါးအသားတိုး မွေးမြူရောင်းချခြင်းတွင် ကုန်ကျစရိတ်၊ ဝင်ငွေနှင့် အကျိုးအမြတ်များကို အောက်ဖော်ပြပါ ဇယားတွင် တွက်ချက်ခဲ့ပြီး ပထမရာသီအတွက် အသားတင်အကျိုးအမြတ်မှာ
၃,၂၄၉,၄၃၃ ကျပ်ရရှိခဲ့ပါသည်။


ယခုဆောင်းပါးကို INLAND MYSAP မှ ပူးပေါင်းပါဝင်ပံ့ပိုးထားပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်