နယ်စပ်ကုန်သွယ်ရေးဈေးကွက်အတွင်း မြန်မာ့ကြယ်ပဲသီးနှံ မှာယူမှုများပြားနေ

22/11/2021 20:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    နယ်စပ်ကုန်သွယ်ရေးဈေးကွက်အတွင်း မြန်မာနိုင်ငံမှ စိုက်ပျိုးထုတ်လုပ်သည့် ကြယ်ပဲသီးနှံကို မှာယူမှုများပြားနေကြောင်း ဈေးကွက်ကျွမ်းကျင်သူ ကုန်သည်ပွဲစားများထံမှ သိရသည်။

အခုလတွေမှာ ရေပန်းပြန်စားနေတဲ့သီးနှံကတော့ ကြယ်ပဲပါ။ အိမ်နီးချင်းနိုင်ငံတွေဘက်ကနေ ကြယ်ပဲကို နည်းနည်းပြန်ပြီး အဝယ်လိုက်နေပါတယ်။ ကျွန်တော်တို့ပြည်တွင်းမှာ ပစ္စည်းလက်ကျန်က နည်းနေတယ်။ ဒီနှစ်ပိုင်းတွေမှာ ဈေးကွက်က မကောင်းခဲ့တဲ့အတွက် တောင်သူတွေအနေနဲ့လည်း ကြယ်ပဲစိုက်ပျိုးထုတ်လုပ်မှုကို လျှော့ချစိုက်ပျိုးခဲ့ကြတယ်။ တစ်ချို့တောင်သူတွေဆိုလည်း စိုက်ခင်းတွေဖျက်ပစ်တဲ့သူ ဖျက်ပစ်ခဲ့ကြတာကြောင့် ပစ္စည်းက မနည်းရှာဝယ်နေရတယ်။

ဟု မြဝတီနယ်စပ်မှ ကုန်သည်တစ်ဦးဖြစ်သည့် ဦးတင်မျိုးနိုင်က ပြောသည်။

    ကြယ်ပဲအသီးခြောက် (ကုန်ကြမ်းအတိုင်း)ကို မှာယူနေခြင်းဖြစ်ပြီး၊ ကြယ်ပဲအသီးခြောက် တစ်ကီလိုလျှင် ၂၀၀၀ ကျပ်ဝန်းကျင်ဖြင့် ဝယ်ယူနေကြောင်း သိရသည်။

အိမ်နီးချင်းနိုင်ငံတွေဘက်မှာလည်း ကြယ်ပဲကို ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ကြပါတယ်။ သို့သော် မနှစ်က မိုးများတဲ့အတွက် ကြယ်ပဲစိုက်ခင်းတွေက အထွက်နှုန်းထိခိုက်မှုရှိခဲ့တယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဆီကနေ Import တင်သွင်းချင်လာကြတာပါ။ အရင်ကလို ကြယ်ပဲအမဲဆံကို လိုချင်တာမဟုတ်ဘဲ၊ အသီအခြောက်အတိုင်းကို လိုချင်ကြတာ။ အရင်ကလို အမဲဆံအတိုင်း ရောင်းရတုန်းကလောက် ဈေးကောင်းမရပေမယ့်လည်း ဝယ်လက်ကတော့ မပြတ်ရှိလာပါတယ်။ ဒီ နှစ်လ၊ သုံးလအတွင်းမှာကို တင်ပို့ပေးနေရတာ ကြယ်ပဲ ၇ တန်၊ ၈ တန် ရှိနေပါပြီ။ ပြည်တွင်းဈေးကွက်အနေနဲ့ဆိုရင်တော့ ကြယ်ပဲစေ့လှော်က ပုံမှန်လေး ရောင်းနေရပါတယ်။

ဟု ဦးတင်မျိုးနိုင် က ဆက်လက်ပြောသည်။

    ကြယ်ပဲသီးနှံတွင် အိုမီဂါ 3,6,5 ပါဝင်သည့်အတွက် လူသုံးကုန်၊ အလှကုန်နှင့် ကျန်းမာရေးဆိုင်ရာဆေးဝါးများ ဖော်စပ်ထုတ်လုပ်ကြသည်။ မြန်မာနိုင်ငံမှမှာယူသည့် ကြယ်ပဲကုန်ကြမ်းများကို ပြည်ပဈေးကွက်အတွင်း ကြယ်ပဲဆီ၊ ကြယ်ပဲလက်ဘက်ခြောက်၊ ကြယ်ပဲခေါင်းလျှော်ရည် စသဖြင့် Value Added ပြုလုပ်၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ပြုလုပ်ရောင်းချနေကြောင်း သိရှိရသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်