နည်းပညာသစ်နှင့် ထိတွေ့လာသော ရခိုင်ဒေသလယ်သမားများ

24/01/2018 10:04 AM တွင် Myanmar Now Myanmar Now မှ ရေးသား

မြေပုံ၊ မင်းပြား (Myanmar Now) — ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ လောင်းဒရိတ်ကျေးရွာ အပြင်ဘက် တောင်ကုန်းငယ်များကြားရှိ လယ်ကွင်းမှာ စပါးပင်များဖြင့် စိမ်းလန်းနေသည်။ မျိုးကောင်းမျိုးသန့်နှင့် နည်းစနစ်သစ်သုံးထားသော သူ၏လယ်သည် ယခင်ကာလများထက် ပိုမိုအကျိုးပေးမည်မှာ သေချာသောကြောင့် ဦးသန်းရွှေမောင် ကျေနပ်လျက်ရှိသည်။

ဦးသန်းရွှေမောင်သည် ယခင်က မိရိုးဖလာ စိုက်ပျိုးနည်းဖြစ်သည့် ပျိုးပက်ကြဲသည့်နည်းလမ်းကိုသာ အသုံးပြုခဲ့သူဖြစ်သည်။ အကူအညီပေးရေးအဖွဲ့အစည်းတစ်ခု၏ သင်ကြားမှုအစီအစဉ်တစ်ခုတွင် ရွာရှိ စပါးစိုက်တောင်သူဆယ်ဦး ပါဝင်ရာ ထိုအထဲတွင် ဦးသန်းမောင်ရွှေက ခေါင်းဆောင်ဖြစ်သည်။
ရရှိလာသည့်စိုက်နည်းသစ်ကို ပြောင်းလဲအသုံးပြုရာမှ ရလဒ်ကောင်းများ မြင်နေရပြီဟု သူက တက်တက်ကြွကြွ ပြောပြသည်။

“စိုက်ပျိုးရေးနည်းလမ်းအသစ်နဲ့ စိုက်တော့ မျိုးစပါးကုန်ကျတာလည်း နည်းလာတယ်။ စပါးပင်တွေကလည်း အပင်တွေ အများကြီး ပွားလာတယ်” ဟု ဦးသန်းရွှေမောင်က ပြောသည်။

စိုက်ပျိုးနည်း အပြောင်းအလဲနောက်ပိုင်း တွေ့ရသည့် စိုက်ခင်းအခြေအနေကိုကြည့်ပြီး စပါးအထွက်နှုန်း နှစ်ဆတိုးလာမည်ဟု စိုက်ပျိုးသည့် တောင်သူများက ဆိုကြသည်။

ဤဖြစ်ထွန်းမှုမှာ ကူညီရေးအဖွဲ့၏ စီမံကိန်းဒေသအတွင်းသာဖြစ်ပြီး စီမံကိန်းနယ်မြေအပြင်ဘက်ကျေးရွာများနှင့် သက်ဆိုင်မည်မဟုတ်ပေ။
မြေပုံမြို့နယ်မှာ စိုက်ပျိုးရေးဒေသတစ်ခုဖြစ်ရာ စိုက်ပျိုးရေးဦးစီးဌာန၏ အချက်အလက်များအရ ယခုဘဏ္ဍာနှစ်အတွက် မိုးစပါး ၆၅,၂၅၄ ဧက စိုက်ပျိုးခဲ့ပြီး တောင်သူအများစုမှာ မိရိုးဖလာ ပျိုးပက်ကြဲသည့် နည်းလမ်းသာ အသုံးပြုကြကြောင်း သိရသည်။

စိုက်ပျိုးနည်းသစ်

ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ၊ မြေပုံ၊ မင်းပြား၊ ပေါက်တောမြို့နယ်တို့တွင် လယ်သမား အများအပြားကို အကူအညီပေးနေသော တက်လမ်းစီမံကိန်းသည် ၂ဝ၁၃ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်သည်။ ဤစီမံကိန်းသည် ပြည်နယ်အတွင်း သဘာဝဘေးဒဏ် ကျရောက်ထိခိုက်လွယ်သော ကျေးရွာများတွင် ရေရှည် စားနပ်ရိက္ခာ ဖူလုံရေး၊ အစာအာဟာရ ပြည့်ဝရေး၊ ရေ၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ တိုးတက်ရေးတို့ကို လုပ်ဆောင်ခြင်းဖြင့် ဒေသခံတို့ ရပ်တည်နိုင်စွမ်းမြင့်မားရန် ရည်ရွယ်ကြောင်း သိရသည်။ အဆိုပါ စီမံကိန်းကို မြန်မာပြည်ဒေသအများအပြားရှိ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဆက်စပ်နေသော အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေ (LIFT) က ငွေကြေးထောက်ပံ့ထားသည်။

မင်းပြား၊ မြေပုံမြို့နယ်များရှိ ကျေးရွာပေါင်း ၁ဝ၂ ရွာတွင် လယ်သမား ၄,ဝဝဝ သည် တက်လမ်း၏ စိုက်ပျိုးရေးအစီအစဉ်များတွင် ပါဝင်နေသည်ဟု ဆိုသည်။
လယ်သမားသင်တန်းကျောင်း ၅၄ ခုရောက် ဒေသခံတို့ကို စပါးအထွက်နှုန်း နှစ်ဆတိုးနိုင်သည့် လက်တွေ့နည်းနာတို့အကြောင်း ပြသ ပို့ချချက်များအတွင်း မြေပြင်သည့်အချိန်မှ စတင်ပြီး ရိတ်သိမ်းချိန်အထိ လိုက်နာရမည့် အချက်များလည်း ပါဝင်ကြောင်း၊ သင်တန်းပြီးလျှင် နီးစပ်ရာ တောင်သူတို့ထံ ဗဟုသုတ ပြန်လည်မျှဝေပေးကြရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

မျိုးစပါး ထုတ်လုပ်ရေးအတွက် စီမံကိန်းဒေသတွင်း လယ်သမား ၈၁၅ ဦးက မျိုးသန့်ပွားများထုတ်လုပ်နည်း အစီအစဉ်တွင် ပါဝင်ခဲ့သည်။ ၎င်းတို့ ထုတ်လုပ်သော အထွက်တိုးမျိုးစပါး ၆,၇၆၇ တင်းကို လယ်သမား ၄,ဝဝဝ ကျော်ထံ ၂ဝ၁၅ စိုက်ပျိုးရာသီအတွက် ပြန်လည်ဖြန့်ဝေပေးခဲ့ပြီး ထွက်ရှိလာသည့် မျိုးစပါးများသည် ထိုနှစ်က တိုက်ခတ်ခဲ့သော ကိုမန်မုန်တိုင်းဒဏ်ကို တွန်းလှန်ရှင်သန်နိုင်ခဲ့သည်ဟု တက်လမ်း၏ အစီအရင်ခံစာထဲတွင် ဖော်ပြထားသည်။

စိုက်ပျိုးရေးအထောက်အကူပြုလုပ်ငန်းများအတွက် ထွန်စက် ၁ဝ၇ လုံး၊ စပါးခြွေလှေ့စက် ၇၉ လုံးကိုလည်း စီမံကိန်းလေးမြို့နယ်အတွင်းရှိ လယ်သမားများအတွက် ဖြန့်ဝေပေးခဲ့သည်။

မျိုးကောင်းမျိုးသန့်

ပြောင်းလဲလာသည့် နည်းစနစ်များကို ကျင့်သုံးနိုင်ရန်အတွက် မိရိုးဖလာနည်းမှ ခွဲထွက်လိုက်သော်လည်း အခက်အခဲတချို့ ရှိနေသေးကြောင်း ဦးသန်းရွှေမောင်က ပြောသည်။ နည်းလမ်းသစ်က လူအား၊ ငွေအား ပိုမို ကုန်ကျမည်ဟု သူက ဆိုသည်။

“မိရိုးဖလာနည်းအတိုင်းဆိုရင်တော့ ပက်ကြဲလိုက်တာပဲ၊ ပျိုးထောင်ပြီးစိုက်ရင်တော့ လူရော၊ ငွေရော လိုလာပြီလေ” ဟု ဦးသန်းရွှေမောင်က ပြောသည်။
မြေပုံနှင့် ကပ်လျက်တည်ရှိသည့် မင်းပြားမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် နေထိုင်သော ဦးကျော်သောင်းက ယခုနှစ်တွင် လုပ်သားရှားပါးမှုကြောင့် မိရိုးဖလာ နည်းလမ်းဟောင်းကိုသာ အသုံးပြုနေသည်ဟု ဆိုသည်။

အဆိုပါလုပ်သားအင်အား အခက်အခဲအတွက် ဖြေရှင်းနိုင်သည့် နည်းလမ်းတစ်ခုကိုလည်း တက်လမ်းက အကြံပေးထားသည်။ ဖြေရှင်းသည့်နည်းမှာ တောင်သူအချင်းချင်း အပြန်အလှန်ကူညီပေးရေးပင်ဖြစ်သည်။

ဤဒေသတွင် ရေလမ်းခရီးကိုသာ အားထားနေရခြင်းမှာ စိုက်ပျိုးထွက်ကုန်များ စျေးကွက်သို့ အဆင်ပြေ ချောမွေ့စွာရောက်ရှိရေးအတွက် အဟန့်အတား ဖြစ်နေသည်ဟု တက်လမ်းလူထုဆက်သွယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး Jennifer M. Macintyre က ပြောသည်။

“ထွက်လာတဲ့ စပါးက စားနပ်ရိက္ခာဖူလုံတာတော့မှန်တယ် ဝင်ငွေတိုးလာအောင် စျေးကွက်ကို လက်လှမ်းမှီအောင် ရောင်းဖို့ကတော့ အခက်အခဲ ရှိသေးတယ်” ဟု ၎င်းက ပြောသည်။ရခိုင်ပြည်နယ်ရှိ မြို့နယ်အများအပြားသည် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြသည်။

ပြည်နယ် စိုက်ပျိုးရေးဝန်ကြီး ဦးကျော်လွင်က စပါးစျေးကွက် ခိုင်မာစေရန် မျိုးကောင်းမျိုးသန့်များ အသုံးပြုရန် လိုအပ်နေကြောင်း၊ မျိုးကောင်းမျိုးသန့်များ ပိုမိုထွက်ရှိရေးအတွက် ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနက ဦးတည် လုပ်ဆောင်နေကြောင်း ပြောသည်။

“မျိုးကောင်းမျိုးသန့် နည်းတယ်၊ ပြီးတော့ မျိုးတွေကရောနေတယ်။ ရောနေတော့ စပါးအရည်အသွေးက အရမ်းကို နိမ့်ပါတယ်” ဟု ဝန်ကြီးက စစ်တွေမြို့ရှိ ပြည်နယ်အစိုးရရုံးတွင် မကြာသေးခင်က တွေ့ဆုံစဉ် ပြောပြသည်။

နည်းပညာ မျှဝေရေး

စပါးအထွက်နှုန်းတိုးလာရန် စိုက်ပျိုးနည်းစနစ်သစ်များကို သေချာစွာ လိုက်နာရန် လိုအပ်ပြီး လိုက်နာခြင်းမရှိသည့် တောင်သူတချို့မှာ အထွက်နှုန်းလျော့ကျခြင်းနှင့် ကြုံတွေ့နေရသည်။ ၎င်းတို့ထဲမှ တစ်ဦးမှာ ကြိမ်ချောင်းရွာမှ ဦးကျော်သောင်း ဖြစ်သည်။

သူ၏ လယ်မှ စပါးအထွက်နှုန်း များစွာ မတက်ရသေးသည့် အကြောင်းရင်းမှာ နည်းသစ်ကို စနစ်တကျလိုက်နာမှု အားနည်းသောကြောင့် ဖြစ်ဖွယ်ရှိသည်ဟု ဦးကျော်သောင်းက ပြောသည်။

“ပေါင်းမြက်တွေထွက်လာမှာစိုးလို့ စိုက်ခင်းထဲကို ရေထည့်ပြီးပိတ်ထားလိုက်တော့ အထွက်နှုန်းက သိသိသာသာ မတက်လာဘူး” ဟု ဦးကျော်သောင်းက ပြောသည်။

တက်လမ်း စီမံကိန်းဝင် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည့် International Resuce Committee (IRC) မှ ဒုတိယညွန်ကြားရေးမှုး (စီမံခန့်ခွဲရေး) ဦးအောင်ကြီးက ရခိုင်ဒေသခံ တောင်သူတို့သည် နည်းစနစ်သစ်ကို အပြည့်အဝ ကျင့်သားရဟန်မရှိသေးဟု သုံးသပ်သည်။

“နည်းစနစ်သစ်တွေနဲ့ စံပြစိုက်ကွက်တွေစိုက်ပြတယ်။ ဒါပေမဲ့ တချို့ကလည်း လိုက်နာဖို့ အခက်အခဲရှိတယ်။ တချို့ကလည်း သိပ်မယုံသေးဘူး။ မိရိုးဖလာနည်းကို မစွန့်လွှတ်နိုင်ကြသေးဘူး” ဟု ဦးအောင်ကြီးက စစ်တွေမြို့ရှိ IRC ရုံးတွင် တွေ့ဆုံစဉ် ပြောပြသည်။

တက်လမ်းအဖွဲ့၏ နိုင်ငံတကာ စိုက်ပျိုးရေး မန်နေဂျာ Gerasmo Pono ကလည်း လယ်သမားတို့သည် သင်တန်းကျောင်းများက ပို့ချ ဖြန့်ဝေလိုက်သည့် နည်းပညာများ၏ ၇ဝ ရာခိုင်နှုန်းမှ ၈ဝ ရာခိုင်နှုန်းအထိသာ အသုံးချနေကြသည်ဟု ခန့်မှန်းသည်။

“တောင်သူလယ်ယာစာသင်ကျောင်းများ အစီအစဉ်က နည်းပညာအသုံးချမှုကို IRC အနေနဲ့ စစ်တမ်းကောက်ယူပြီး ဒီနှစ်ကုန်မှာ ကိန်းဂဏန်းအတိအကျ ထွက်ပေါ်လာမှာဖြစ်ပါတယ်” ဟု Gerasmo Pono က ရှင်းပြသည်။

မကြာသေးခင်က လောင်းဒရိတ်ကျေးရွာအပြင်ဘက် လယ်တောထဲတွင် တွေ့ရသော ဦးခင်သန်းမောင်သည် တက်လမ်းအစီအစဉ်နှင့် သက်ဆိုင်ခြင်း မရှိပေ။ သူက အစီအစဉ်တွင် ပါဝင်နေသူတို့၏ အလားအလာ ကောင်းသော စပါးခင်းများ၏ အခြေအနေကို ကြည့်ပြီး နည်းပညာများ ရယူရန် ဆန္ဒရှိနေသည်။
“သူတို့စိုက်တာကြည့်လိုက်တော့ ကျွန်တော်တို့လည်း အဲဒီလိုစိုက်ချင်လာတယ်” ဟု ဦးခင်သန်းမောင်က ဆိုသည်။

သို့သော်လည်း တက်လမြေပုံ၊ မင်းပြား (Myanmar Now) — ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ လောင်းဒရိတ်ကျေးရွာ အပြင်ဘက် တောင်ကုန်းငယ်များကြားရှိ လယ်ကွင်းမှာ စပါးပင်များဖြင့် စိမ်းလန်းနေသည်။ မျိုးကောင်းမျိုးသန့်နှင့် နည်းစနစ်သစ်သုံးထားသော သူ၏လယ်သည် ယခင်ကာလများထက် ပိုမိုအကျိုးပေးမည်မှာ သေချာသောကြောင့် ဦးသန်းရွှေမောင် ကျေနပ်လျက်ရှိသည်။

ဦးသန်းရွှေမောင်သည် ယခင်က မိရိုးဖလာ စိုက်ပျိုးနည်းဖြစ်သည့် ပျိုးပက်ကြဲသည့်နည်းလမ်းကိုသာ အသုံးပြုခဲ့သူဖြစ်သည်။ အကူအညီပေးရေးအဖွဲ့အစည်းတစ်ခု၏ သင်ကြားမှုအစီအစဉ်တစ်ခုတွင် ရွာရှိ စပါးစိုက်တောင်သူဆယ်ဦး ပါဝင်ရာ ထိုအထဲတွင် ဦးသန်းမောင်ရွှေက ခေါင်းဆောင်ဖြစ်သည်။
ရရှိလာသည့်စိုက်နည်းသစ်ကို ပြောင်းလဲအသုံးပြုရာမှ ရလဒ်ကောင်းများ မြင်နေရပြီဟု သူက တက်တက်ကြွကြွ ပြောပြသည်။
“စိုက်ပျိုးရေးနည်းလမ်းအသစ်နဲ့ စိုက်တော့ မျိုးစပါးကုန်ကျတာလည်း နည်းလာတယ်။ စပါးပင်တွေကလည်း အပင်တွေ အများကြီး ပွားလာတယ်” ဟု ဦးသန်းရွှေမောင်က ပြောသည်။

စိုက်ပျိုးနည်း အပြောင်းအလဲနောက်ပိုင်း တွေ့ရသည့် စိုက်ခင်းအခြေအနေကိုကြည့်ပြီး စပါးအထွက်နှုန်း နှစ်ဆတိုးလာမည်ဟု စိုက်ပျိုးသည့် တောင်သူများက ဆိုကြသည်။

ဤဖြစ်ထွန်းမှုမှာ ကူညီရေးအဖွဲ့၏ စီမံကိန်းဒေသအတွင်းသာဖြစ်ပြီး စီမံကိန်းနယ်မြေအပြင်ဘက်ကျေးရွာများနှင့် သက်ဆိုင်မည်မဟုတ်ပေ။
မြေပုံမြို့နယ်မှာ စိုက်ပျိုးရေးဒေသတစ်ခုဖြစ်ရာ စိုက်ပျိုးရေးဦးစီးဌာန၏ အချက်အလက်များအရ ယခုဘဏ္ဍာနှစ်အတွက် မိုးစပါး ၆၅,၂၅၄ ဧက စိုက်ပျိုးခဲ့ပြီး တောင်သူအများစုမှာ မိရိုးဖလာ ပျိုးပက်ကြဲသည့် နည်းလမ်းသာ အသုံးပြုကြကြောင်း သိရသည်။

စိုက်ပျိုးနည်းသစ်

ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ၊ မြေပုံ၊ မင်းပြား၊ ပေါက်တောမြို့နယ်တို့တွင် လယ်သမား အများအပြားကို အကူအညီပေးနေသော တက်လမ်းစီမံကိန်းသည် ၂ဝ၁၃ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်သည်။ ဤစီမံကိန်းသည် ပြည်နယ်အတွင်း သဘာဝဘေးဒဏ် ကျရောက်ထိခိုက်လွယ်သော ကျေးရွာများတွင် ရေရှည် စားနပ်ရိက္ခာ ဖူလုံရေး၊ အစာအာဟာရ ပြည့်ဝရေး၊ ရေ၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ တိုးတက်ရေးတို့ကို လုပ်ဆောင်ခြင်းဖြင့် ဒေသခံတို့ ရပ်တည်နိုင်စွမ်းမြင့်မားရန် ရည်ရွယ်ကြောင်း သိရသည်။ အဆိုပါ စီမံကိန်းကို မြန်မာပြည်ဒေသအများအပြားရှိ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဆက်စပ်နေသော အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေ (LIFT) က ငွေကြေးထောက်ပံ့ထားသည်။မင်းပြား၊ မြေပုံမြို့နယ်များရှိ ကျေးရွာပေါင်း ၁ဝ၂ ရွာတွင် လယ်သမား ၄,ဝဝဝ သည် တက်လမ်း၏ စိုက်ပျိုးရေးအစီအစဉ်များတွင် ပါဝင်နေသည်ဟု ဆိုသည်။

လယ်သမားသင်တန်းကျောင်း ၅၄ ခုရောက် ဒေသခံတို့ကို စပါးအထွက်နှုန်း နှစ်ဆတိုးနိုင်သည့် လက်တွေ့နည်းနာတို့အကြောင်း ပြသ ပို့ချချက်များအတွင်း မြေပြင်သည့်အချိန်မှ စတင်ပြီး ရိတ်သိမ်းချိန်အထိ လိုက်နာရမည့် အချက်များလည်း ပါဝင်ကြောင်း၊ သင်တန်းပြီးလျှင် နီးစပ်ရာ တောင်သူတို့ထံ ဗဟုသုတ ပြန်လည်မျှဝေပေးကြရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

မျိုးစပါး ထုတ်လုပ်ရေးအတွက် စီမံကိန်းဒေသတွင်း လယ်သမား ၈၁၅ ဦးက မျိုးသန့်ပွားများထုတ်လုပ်နည်း အစီအစဉ်တွင် ပါဝင်ခဲ့သည်။ ၎င်းတို့ ထုတ်လုပ်သော အထွက်တိုးမျိုးစပါး ၆,၇၆၇ တင်းကို လယ်သမား ၄,ဝဝဝ ကျော်ထံ ၂ဝ၁၅ စိုက်ပျိုးရာသီအတွက် ပြန်လည်ဖြန့်ဝေပေးခဲ့ပြီး ထွက်ရှိလာသည့် မျိုးစပါးများသည် ထိုနှစ်က တိုက်ခတ်ခဲ့သော ကိုမန်မုန်တိုင်းဒဏ်ကို တွန်းလှန်ရှင်သန်နိုင်ခဲ့သည်ဟု တက်လမ်း၏ အစီအရင်ခံစာထဲတွင် ဖော်ပြထားသည်။

စိုက်ပျိုးရေးအထောက်အကူပြုလုပ်ငန်းများအတွက် ထွန်စက် ၁ဝ၇ လုံး၊ စပါးခြွေလှေ့စက် ၇၉ လုံးကိုလည်း စီမံကိန်းလေးမြို့နယ်အတွင်းရှိ လယ်သမားများအတွက် ဖြန့်ဝေပေးခဲ့သည်။

မျိုးကောင်းမျိုးသန့်

ပြောင်းလဲလာသည့် နည်းစနစ်များကို ကျင့်သုံးနိုင်ရန်အတွက် မိရိုးဖလာနည်းမှ ခွဲထွက်လိုက်သော်လည်း အခက်အခဲတချို့ ရှိနေသေးကြောင်း ဦးသန်းရွှေမောင်က ပြောသည်။ နည်းလမ်းသစ်က လူအား၊ ငွေအား ပိုမို ကုန်ကျမည်ဟု သူက ဆိုသည်။

“မိရိုးဖလာနည်းအတိုင်းဆိုရင်တော့ ပက်ကြဲလိုက်တာပဲ၊ ပျိုးထောင်ပြီးစိုက်ရင်တော့ လူရော၊ ငွေရော လိုလာပြီလေ” ဟု ဦးသန်းရွှေမောင်က ပြောသည်။
မြေပုံနှင့် ကပ်လျက်တည်ရှိသည့် မင်းပြားမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် နေထိုင်သော ဦးကျော်သောင်းက ယခုနှစ်တွင် လုပ်သားရှားပါးမှုကြောင့် မိရိုးဖလာ နည်းလမ်းဟောင်းကိုသာ အသုံးပြုနေသည်ဟု ဆိုသည်။

အဆိုပါလုပ်သားအင်အား အခက်အခဲအတွက် ဖြေရှင်းနိုင်သည့် နည်းလမ်းတစ်ခုကိုလည်း တက်လမ်းက အကြံပေးထားသည်။ ဖြေရှင်းသည့်နည်းမှာ တောင်သူအချင်းချင်း အပြန်အလှန်ကူညီပေးရေးပင်ဖြစ်သည်။

ဤဒေသတွင် ရေလမ်းခရီးကိုသာ အားထားနေရခြင်းမှာ စိုက်ပျိုးထွက်ကုန်များ စျေးကွက်သို့ အဆင်ပြေ ချောမွေ့စွာရောက်ရှိရေးအတွက် အဟန့်အတား ဖြစ်နေသည်ဟု တက်လမ်းလူထုဆက်သွယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး Jennifer M. Macintyre က ပြောသည်။

“ထွက်လာတဲ့ စပါးက စားနပ်ရိက္ခာဖူလုံတာတော့မှန်တယ် ဝင်ငွေတိုးလာအောင် စျေးကွက်ကို လက်လှမ်းမှီအောင် ရောင်းဖို့ကတော့ အခက်အခဲ ရှိသေးတယ်” ဟု ၎င်းက ပြောသည်။ရခိုင်ပြည်နယ်ရှိ မြို့နယ်အများအပြားသည် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြသည်။

ပြည်နယ် စိုက်ပျိုးရေးဝန်ကြီး ဦးကျော်လွင်က စပါးစျေးကွက် ခိုင်မာစေရန် မျိုးကောင်းမျိုးသန့်များ အသုံးပြုရန် လိုအပ်နေကြောင်း၊ မျိုးကောင်းမျိုးသန့်များ ပိုမိုထွက်ရှိရေးအတွက် ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနက ဦးတည် လုပ်ဆောင်နေကြောင်း ပြောသည်။

“မျိုးကောင်းမျိုးသန့် နည်းတယ်၊ ပြီးတော့ မျိုးတွေကရောနေတယ်။ ရောနေတော့ စပါးအရည်အသွေးက အရမ်းကို နိမ့်ပါတယ်” ဟု ဝန်ကြီးက စစ်တွေမြို့ရှိ ပြည်နယ်အစိုးရရုံးတွင် မကြာသေးခင်က တွေ့ဆုံစဉ် ပြောပြသည်။

နည်းပညာ မျှဝေရေး

စပါးအထွက်နှုန်းတိုးလာရန် စိုက်ပျိုးနည်းစနစ်သစ်များကို သေချာစွာ လိုက်နာရန် လိုအပ်ပြီး လိုက်နာခြင်းမရှိသည့် တောင်သူတချို့မှာ အထွက်နှုန်းလျော့ကျခြင်းနှင့် ကြုံတွေ့နေရသည်။ ၎င်းတို့ထဲမှ တစ်ဦးမှာ ကြိမ်ချောင်းရွာမှ ဦးကျော်သောင်း ဖြစ်သည်။

သူ၏ လယ်မှ စပါးအထွက်နှုန်း များစွာ မတက်ရသေးသည့် အကြောင်းရင်းမှာ နည်းသစ်ကို စနစ်တကျလိုက်နာမှု အားနည်းသောကြောင့် ဖြစ်ဖွယ်ရှိသည်ဟု ဦးကျော်သောင်းက ပြောသည်။

“ပေါင်းမြက်တွေထွက်လာမှာစိုးလို့ စိုက်ခင်းထဲကို ရေထည့်ပြီးပိတ်ထားလိုက်တော့ အထွက်နှုန်းက သိသိသာသာ မတက်လာဘူး” ဟု ဦးကျော်သောင်းက ပြောသည်။

တက်လမ်း စီမံကိန်းဝင် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည့် International Resuce Committee (IRC) မှ ဒုတိယညွန်ကြားရေးမှုး (စီမံခန့်ခွဲရေး) ဦးအောင်ကြီးက ရခိုင်ဒေသခံ တောင်သူတို့သည် နည်းစနစ်သစ်ကို အပြည့်အဝ ကျင့်သားရဟန်မရှိသေးဟု သုံးသပ်သည်။

“နည်းစနစ်သစ်တွေနဲ့ စံပြစိုက်ကွက်တွေစိုက်ပြတယ်။ ဒါပေမဲ့ တချို့ကလည်း လိုက်နာဖို့ အခက်အခဲရှိတယ်။ တချို့ကလည်း သိပ်မယုံသေးဘူး။ မိရိုးဖလာနည်းကို မစွန့်လွှတ်နိုင်ကြသေးဘူး” ဟု ဦးအောင်ကြီးက စစ်တွေမြို့ရှိ IRC ရုံးတွင် တွေ့ဆုံစဉ် ပြောပြသည်။

တက်လမ်းအဖွဲ့၏ နိုင်ငံတကာ စိုက်ပျိုးရေး မန်နေဂျာ Gerasmo Pono ကလည်း လယ်သမားတို့သည် သင်တန်းကျောင်းများက ပို့ချ ဖြန့်ဝေလိုက်သည့် နည်းပညာများ၏ ၇ဝ ရာခိုင်နှုန်းမှ ၈ဝ ရာခိုင်နှုန်းအထိသာ အသုံးချနေကြသည်ဟု ခန့်မှန်းသည်။

“တောင်သူလယ်ယာစာသင်ကျောင်းများ အစီအစဉ်က နည်းပညာအသုံးချမှုကို IRC အနေနဲ့ စစ်တမ်းကောက်ယူပြီး ဒီနှစ်ကုန်မှာ ကိန်းဂဏန်းအတိအကျ ထွက်ပေါ်လာမှာဖြစ်ပါတယ်” ဟု Gerasmo Pono က ရှင်းပြသည်။

မကြာသေးခင်က လောင်းဒရိတ်ကျေးရွာအပြင်ဘက် လယ်တောထဲတွင် တွေ့ရသော ဦးခင်သန်းမောင်သည် တက်လမ်းအစီအစဉ်နှင့် သက်ဆိုင်ခြင်း မရှိပေ။ သူက အစီအစဉ်တွင် ပါဝင်နေသူတို့၏ အလားအလာ ကောင်းသော စပါးခင်းများ၏ အခြေအနေကို ကြည့်ပြီး နည်းပညာများ ရယူရန် ဆန္ဒရှိနေသည်။
“သူတို့စိုက်တာကြည့်လိုက်တော့ ကျွန်တော်တို့လည်း အဲဒီလိုစိုက်ချင်လာတယ်” ဟု ဦးခင်သန်းမောင်က ဆိုသည်။
သို့သော်လည်း တက်လမ်းစီမံကိန်းသည် လာမည့်နှစ် ဒီဇင်ဘာလတွင် ပြီးဆုံးမည်ဖြစ်သည်။
သင်တန်းဆင်း တောင်သူတို့က နည်းပညာလိုအပ်သည့် ကျေးရွာသားများကို ပြန်လည် မျှဝေနိုင်ရေးကိုလည်း တက်လမ်းက စီစဉ်ထားသည်။
စိုက်ပျိုးနည်းစနစ်များကို သေချာလိုက်နာသည့် ဦးသန်းရွှေမောင်က လောင်းဒရိတ်ကျေးရွာအပြင်ဘက် သူ၏လယ်ကွက်အတွင်း စပါးပင်များကို ၁ဝ လက်မစီခြားကာ အတန်းလိုက်စိုက်ပျိုးခြင်းသည် ပက်ကြဲစိုက်ပျိုးခြင်းထက် အပင်အထွက်နှုန်း သိသာစွာ ပြောင်းလဲလာသည်ဟု ပြောသည်။
တစ်ဧကလျှင်တင်း ၅ဝ ဝန်းကျင်သာထွက်ခဲ့သော်လည်း စနစ်သစ်ကြောင့် တင်း ၁ဝဝ နီးပါး ထွက်ရှိမည်ဟု မျှော်မှန်းကြောင်း ဦးသန်းရွှေမောင်က ပြောသည်။

“အထွက်နှုန်း တိုးလာရင်တော့ ကုန်ကျစားရိတ်တွေလည်း ကာမိလာမယ် ထင်တယ်။ ပြီးတော့ အမြတ်အစွန်း ပိုလာမယ်” ဟု ဦးသန်းရွှေမောင်က သူ၏စပါးခင်းကို ကြည့်ရင်း ပြောလိုက်သည်။ ။
မ်းစီမံကိန်းသည် လာမည့်နှစ် ဒီဇင်ဘာလတွင် ပြီးဆုံးမည်ဖြစ်သည်။

အောင်ငြိမ်းချမ်း/Myanmar Now 

မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်