ထိုင်းနိုင်ငံက ပြည်သူတွေခံယူထားတဲ့ ဖူလုံလုံလောက်မှုဆိုတာ..

25/02/2025 09:54 AM တွင် သိမ့်ဇာ သိမ့်ဇာ မှ ရေးသား

ထိုင်းနိုင်ငံက မြို့သူမြို့သားတွေ၊ ကျေးရွာတွေက ရပ်မိရပ်ဖတွေ အားလုံး“ဖူလုံလုံလောက်တယ်”ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို နားလည်လာဖို့ တစ်ယောက်ချင်းစီတိုင်း ရဲ့ အခြေခံ လိုအပ်ချက်အတွက် ဘယ်လို ဆက်စပ်တယ်။ လူမှုရေး၊ ရိုးရာဓလေ့ ထုံးတမ်း လိုအပ်ချက်တွေအတွက်တော့ ဘယ်လိုစပ်ဆက်တယ်၊ သဘာဝပတ်ဝန်းကျင်ရေးရာ လိုအပ်ချက်တွေမှာလည်း ဘယ်လိုဆက်စပ်နေတယ်ဆိုတာကို နားလည်လာဖို့ လမ်းညွှန်ချက်တွေနဲ့ ဘုရင်ဘူမိဘောရဲ့ ရှင်းပြခဲ့မှုအပေါ် ထိုင်းတောင်သူတွေလိုက်နာကျင့်သုံးနေကြတဲ့ (ကမ္ဘာကတောင်လေးစားအတုယူဖို့ကောင်းတဲ့) ရွာလေးတစ်ရွာအကြောင်းကို အပိုင်း(၁) မှာ ဖော်ပြခဲ့ပါတယ်။ ယနေ့အပိုင်း (၂) မှာတော့ ဖူလုံလုံလောက်မှုအပေါ် ဘယ်လိုခံယူထားလဲဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

လူတွေမှာ အခြေခံ လိုအပ်ချက်(၄)ခု အဖြစ် အစားအစာ၊ အမိုးအကာနေစရာ၊ ဝတ်စရာ၊ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ပါတယ်လို့ သတ်မှတ်ပါတယ်။  ဒီအခြေခံလိုအပ်ချက်ကိုရဖို့ လုပ်ဆောင်တဲ့အခါ မိမိကိုယ်တိုင်အပါအဝင်၊ အခြားမည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေလောက်တဲ့ အပိုဖြုန်းတီးမှုတွေ မဖြစ်အောင် လုပ်ဆောင်သင့်တယ်လို့ ပထမဆုံး လိုက်နာကြမယ့် ကျင့်ဝတ်၊ အခြေခံ သဘောတရားအဖြစ် သတ်မှတ်ပါတယ်။

“လုံလောက်ရုံလေး” ဆိုတဲ့ရှင်သန်မှုက နှိမ့်ချခြင်း ၊ အစွန်းမရောက်ခြင်း ဆိုတဲ့ အဓိပ္ပာယ်ကိုလည်း ဖော်ဆောင်နေပါတယ်။

ဒုတိယမြောက် ယုံကြည်စွာနဲ့ လိုက်နာတဲ့ အခြေခံ သဘောတရား မူဝါဒကတော့ တောင်သူတွေအနေနဲ့ ဗဟုသုတနဲ့ ကျိုးကြောင်းဆက်စပ်နိုင်မှု အပေါ်အခြေခံပြီး သူတို့ကိုယ်တိုင် ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်အောင် ဝိုင်းဝန်း သင်ပေးကြရမယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။

တောင်သူတွေ အနေနဲ့ သဘာဝပတ်ဝန်းကျင်အပေါ်လေးစားမှုရှိပြီး လက်လှမ်းမီနိုင်မယ့်၊ လက်တွေ့ကျကျဖြစ်တဲ့ ရွေးချယ်မှုတွေလုပ်ဖို့  အစိုးရနဲ့ ပြည်နယ်ဖွံ့ဖြိုးရေးစင်တာတွေက ဝိုင်းဝန်းလမ်းညွှန်ပါတယ်။

ဖူလုံ လုံလောက်ရေး စီးပွားရေးမူဝါဒရဲ့ တတိယမြောက် သဘောတရားကတော့ ကိုယ့်ကိုကိုယ် မီခိုခြင်း  self -reliance(ကိုယ့်အားကိုယ်ကိုးခြင်း) ပဲဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၆ နှစ်လောက်တုန်းက ထိုင်းတော်ဝင်နန်းတော်ရဲ့ ဦးဆောင်မှုနဲ့ ရေရှည်တည်တံ့သော ဖွံဖြိုးတိုးတက်မှုကိုဖော်ဆောင်ထားတဲ့ ဧရိယာထဲကို ဗီယက်နမ်ဂျာနယ်လစ် Hong Phuc သွားခဲ့ပါတယ်။

အဲ့ဒီမှာ ရာနဲ့ချီတဲ့ ရေရှည်တည်တံ့ဖို့ရည်ရွယ်တဲ့ စီမံကိန်းတွေ ဖော်ဆောင်ထားတာ၊ ရေသွင်းစနစ်ကစလို့ သန့်ရှင်းနေတဲ့ စပါးခင်းတွေ၊ မှိုစိုက်ပျိုးထုတ်လုပ်မှုတွေ၊ ကိုင်းကူးကိုင်းဆက်လုပ်ထားတဲ့ သစ်သီးပင်တွေ၊ ကြက်မွေးမြူရေး၊ ဆိတ်၊ နွား မွေးမြူရေး ၊ သန့်ပြန့်နေတဲ့ နို့ထွက်ပစ္စည်း ထုတ်လုပ်တဲ့ခြံတွေ၊ သဘာဝစွန့်ပစ်တွေကို ပြန်အသုံးချတဲ့လုပ်ငန်းတွေ၊ လက်မှုပစ္စည်း လုပ်ငန်းတွေ၊ အထည်ရက်လုပ်တဲ့လုပ်ငန်းတွေ၊ ဖယောင်းတိုင်နဲ့ ဆပ်ပြာလုပ်ငန်းတွေ၊ ဝက်ခြံ ၊ ငါးကန်တွေနဲ့ မီးခိုးမထွက်တဲ့ သဘာဝဝန်းကျင်ကို မညစ်ညမ်းစေတဲ့ စွမ်းအင်ထုတ်လုပ်တဲ့ လုပ်ငန်းတွေအထိ တွေ့ခဲ့ရပါတယ်။

ဒီစီမံကိန်းအားလုံးကို ထိုင်းနိုင်ငံရဲ့ တော်ဝင်မိသားစုက ပံ့ပိုးကူညီပေးထားတာဖြစ်ပြီး နိုင်ငံနဲ့အဝန်းက ဒေသအသီးသီးမှာ ထောင်ပေါင်းများစွာသော ပုံစံတူစီမံကိန်းတွေအဖြစ် အတုယူပုံဖော်ကြခဲ့ကြတာပါ။

“ဖူလုံ လုံလောက်မှု” က ‌ရှေးရိုးစွဲတာ ခေတ်နောက်ပြန်သွားတာမျိုးမဟုတ်ဘဲ လက်ရှိ မျက်မှောက်ခေတ်ကာလရဲ့ ခေတ်ရေစီးကြောင်း၊ ငွေကြေးနဲ့ဆိုင်တဲ့ အတွေးအခေါ်၊ ခေတ်မီနည်းပညာတွေကိုလည်း အသိအမှတ်ပြုလက်ခံပြီး  ရောယှက်ထွေးပွေ့ထားပါတယ်။ ဒါပေမယ့် ဒီအရာတွေအပေါ် အလွန်အကြူး မီခိုလွန်းတာကိုတော့ ရှောင်ပါတယ်။

“ဖူလုံ-လုံလောက်မှု” ဆိုတဲ့ မူရင်းဆိုလိုချက်ကိုရောက်ဖို့ကတော့  ရယူချင်လို့ ဒါမှမဟုတ် ဆုံးရှုံးရမှာကြောက်လို့ ဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက်တစ်ခုထက် အများကြီး ပိုတဲ့ တစ်ခုခုကို နက်နက်ရှိုင်းရှိုင်း တွေးခေါ်ခြင်းပါပဲ။

ထိုင်း နဲ့ ဗီယက်နမ်က စိုက်ပျိုးရေးမှာကော ရာသီဥတု၊ ထုတ်လုပ်မှု အလေ့အထတွေမှာကော ဘုံ အရင်းမြစ်တွေကို မျှဝေသုံးစွဲနေကြတာဖြစ်ပြီး ကျေးလက်ဒေသတွေရဲ့ နောက်ခံအခြေအနေချင်းလည်းတူပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်တုန်းက ထိုင်းနိုင်ငံအနေနဲ့ စိုက်ပျိုးရေးနဲ့ ပက်သက်တဲ့ အဓိက စိန်ခေါ်မှုကြီး ၂ ခုကို ကိုင်တွယ်ဖြေရှင်းခဲ့တာပါ။ ဘာတွေလဲဆိုတော့

(၁) ကျေးလက်နေလူထု၏ ဘဝသည် အရည်အသွေးပြည့်မီသော ဘဝနေထိုင်မှုပုံစံဖြစ်လာရေးနဲ့

(၂) ကျင့်ဝတ်စောင့်ထိန်းသော၊ ကိုယ်ကျင့်တရားကောင်းမွန်သော စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဖြစ်လာရေးပါ။

စိန်ခေါ်မှုတွေကို ဖြေရှင်း တဲ့အချိန်မှာ ဖူလုံ လုံလောက်တဲ့ စီးပွားရေးပုံစံက (Sufficiency Economy)  ထိုင်းလူမျိုးတွေရဲ့ ဘဝနေထိုင်မှုပုံစံကို လမ်းညွှန်ပေးနိုင်ခဲ့ပါတယ်။  အနာဂတ်မျိုးဆက်သစ်တွေအတွက် သဘာဝရင်းမြစ်  ထိန်းသိန်းရေးမှာလည်း  ကူညီပေးနိုင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ “ပျော်ရွှင်သော လယ်သမားများ” လှုပ်ရှားမှုကလည်း ဒီချဉ်းကပ်မှုလမ်းစဉ်ကို ပုံပေါ်စေခဲ့ပါတယ်။

စီးပွားရေးနဲ့ ပထဝီရေးရာ သီအိုရီက‌တော့ နိုင်ငံတစ်နိုင်ငံရဲ့ ကြွယ်ဝချမ်းသာမှုက တည်နေရာအပေါ်မူတည်နေတယ်လို့  အဆိုပြုပါတယ်။  ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းဆိုင်ရာ သီအိုရီတွေကလည်း  ထိုနေရာမှာရှိကြတဲ့ လူမျိုး၊ လူတွေရဲ့ ဓလေ့စရိုက်တွေ နဲ့ မျှဝေသုံးစွဲလိုစိတ်ရှိမှုတွေက ထိုနေရာမှာ နေထိုင်ကြတဲ့ လူမျိုးစုရဲ့ စီးပွားရေးကို ပုံဖော်တာဖြစ်တယ်လို့ ပထမအဆိုမှုကို ထောက်ခံ ဆွေးနွေးထားပါတယ်။ ပြီးတော့ ဥပဒေနဲ့ မသက်ဆိုင်တဲ့ အဆိုတင်သွင်းချက်တစ်ခုက နိုင်ငံ၊ လူမျိုးစု ဆင်းရဲမွဲတေမှုများ၏ ရလာဒ်သည်  အရည်အချင်းမပြည့်မီတဲ့ ခေါင်းဆောင်များမှ ဖြစ်လာသည်လို့ အခိုင်အမာပြောဆိုထားကြပါတယ်။

စီးပွားရေးပညာရှင် Acemoglu နဲ့ Robinsonတို့ရဲ့  “ဘာကြောင့် လူမျိုးတွေကျရှုံးကြသလဲ” ဆိုတဲ့ စာအုပ်မှာတော့ လူမျိုးတစ်မျိုးရဲ့ပါဝါလို့ခေါ်တဲ့ အင်အားကောင်းမှုဆိုတာ လူထုအင်အား (people power )ပါပဲလို့ ရေးခဲ့ပါတယ်။

သူတို့က လူ့အသိုင်းအဝန်းပုံစံကို ခြုံငုံစဉ်းစားသော လူ့အသိုင်းအဝန်း ပုံစံနဲ့ ခွဲထုတ်စဉ်းစားသော လူ့အသိုင်းအဝန်းပုံစံဆိုပြီး(၂) မျိုးရှိတယ်လို့ ခွဲခြားပြပါတယ်။

ခြုံငုံစဉ်းစားတဲ့ လူမှုဝန်းကျင်တွေမှာ နိုင်ငံသားအားလုံးအတွက် စီးပွားရေးမှာ ပါဝင်လုပ်ဆောင်ဖို့ အခွင့်အလမ်းတွေကို ဖန်တီးထားတယ်။ နိုင်ငံသားတိုင်းရဲ့ ပိုင်ဆိုင်နိုင်မှု အခွင့်အရေးကို ကာကွယ်ပေးထားတယ်။ 

ယှဉ်ပြောရမယ်ဆိုရင် ဖယ်ထုတ်စဉ်းစားတဲ့ လူမှုဝန်းကျင်တွေမှာတော့ စီးပွားရေးအရ တစ်ဦး၊ တစ်ယောက်တစ်စုတည်းကသာ  လွှမ်းမိုးချုပ်ကိုင်မှု တည်တံ့အောင် ထိန်းသိမ်းနိုင်ဖို့ အရေးကိုပဲ အာရုံစိုက်ပါတယ်။ 

လူတစ်ချို့မှာပဲ အင်မတန်များပြားတဲ့ ကြွယ်ဝမှုတွေရှိနေပြီး အခြားသောအများစုမှာ အခြေခံလိုအပ်ချက်တွေတောင် လစ်လပ်နေတဲ့အခါ  လူမှုရေးရာမငြိမ်သက်မှုတွေ မကြာခဏ ပေါ်ပေါက်လာကြတာပါပဲ။ မူဝါဒတွေကသာ လူတွေရဲ့ ဖြစ်တန်စွမ်းတွေကို ဖွင့်ပေးလိုက်မယ်ဆိုရင် လူ့အသိုင်းအဝန်းတစ်ခုက တိုးတက်ကြီးပွား ကောင်းစားလာမှာဖြစ်ပါတယ်။

ဒါ့အပြင် လူသားဆန်မှုရဲ့ အကြီးမားဆုံးရန်သူဟာ  လျစ်လျူရှုခြင်းပါ။ လူမျိုးစုတစ်ခု၊ နိုင်ငံတစ်နိုင်ငံမှာ သူတို့ လူမျိုးတွေရဲ့ ကောင်းမွန်တဲ့ အပြောင်းအလဲကို လိုလားတဲ့ ခေါင်းဆောင်တွေ လိုအပ်ပါတယ်။ တကယ့်တကယ်တမ်း “ပါဝါ” ရှိတယ်ဆိုတာ ဆိုတာ လူထုရဲ့ နှလုံးသားထဲထိရောက်အောင် ပြောင်းလဲပေးနိုင်တဲ့ ခေါင်းဆောင်(သို့) ဦးဆောင်သူရဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ဩဇာညောင်းမှုပါ။

“ဖူလုံ လုံလောက်မှု”ဆိုတာ ဖွံ့ဖြိုးတိုးတက်မှုကို ဆန့်ကျင်နေတာ မဟုတ်ပါဘူး။ အချိန်ကြာကြာခံတဲ့ အောင်မြင်အထမြောက်မှု၊ တကယ့်အတွင်းကျတဲ့ ကြွယ်ဝ ချမ်းသာမှုကို  အားပေးတာဖြစ်ပြီး လူတိုင်း လူတိုင်းက ကိုယ်ကျေနပ်ပြီး စိတ်ချမ်းသာရတဲ့ ဘဝကို ဖန်တီးနိုင်ဖို့ ဖြစ်ပါတယ်ဆိုပြီး Hong Phuc ဆိုတဲ့ ဗီယက်နမ်ဂျာနယ်လစ်က အခုလိုရေးသားတင်ပြထားတာ ဖြစ်ပါတယ်။

reference link>> https://e.vnexpress.net/news/perspectives/thailand-s-self-sufficient-villages-inspire-the-world-4816459.html

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်